Headband တွေက bad hair day တွေကို အေးအေးဆေးဆေးကျော်လွှားလို့ရတဲ့ accessories တစ်ခုပါပဲ။ Headband ဝတ်တဲ့အလေ့အထက ပန်းကုံးတွေဝတ်လေ့ရှိတဲ့ ရှေးခေတ်ဂရိလူမျိုးတွေဆီကနေ ဆင်းသက်လာတာပါ။ ဂရိ နဲ့ ရောမလူမျိုးတွေက အရေးကြီးတဲ့ပွဲတွေတက်ရောက်ရတဲ့အခါမျိုးမှာ ပန်းကုံးတွေကိုဝတ်ဆင့်လေ့ရှိခဲ့ပါတယ်။
ဒီဘက်ခေတ် ၂၀ ရာစုလောက်မှာ အပြားခပ်ကြီးကြီးနဲ့ခေါင်းစည်းတွေက မိန်းကလေးတွေကြားမှာ ခေတ်စားလာခဲ့ပါတယ်။ Headband ကို ဖဲ၊ ကတ္ထီပါ၊ ချည် တို့နဲ့ပြုလုပ်လေ့ရှိပြီး ကျောက်စီထားတာမျိုးလေးတွေ၊ ခေါင်းကိုပတ်ပြီးစည်းရတဲ့ခေါင်းစည်းလေးတွေ စတဲ့ ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။ ပွဲသွားတာပဲဖြစ်ဖြစ်၊ ထသွားထလာပဲဖြစ်ဖြစ် outfit အမျိုးမျိုးနဲ့လိုက်ဖက်အောင် တွဲဖက်ဝတ်နိုင်တာကလည်း သူ့ရဲ့အားသားချက်ပါပဲ။ အခုနောက်ပိုင်းမှာလည်း headband (ခေါင်းစည်း) တွေက ပြန်ပြီး ခေတ်စားလာနိုင်ချေရှိပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Headband