Halloween လည်းနီးလာပြီဆိုတော့ Celebrity တော်တော်များများကလည်း Halloween အတွက် ထူးထူးခြားခြားဖြစ်တဲ့ Halloween costumes တွေနဲ့ ပုံတွေကို သူတို့ရဲ့ Instagram မှာတင်နေတာကို အားလုံးပဲ သတိထားမိကြမှာပါ။ ဒီနှစ်မှာက Joaquin Phoenix သရုပ်ဆောင်တဲ့ Joker ဇာတ်လမ်းရော၊ အသစ်ထွက်ဖို့ရှိတဲ့ Harley Quinn ဇာတ်လမ်းရော၊ တစ်လောကမှ ထွက်ရှိထားတဲ့ IT Chapter 2 ဇာတ်ကားတွေကြောင့် ဒီနှစ်မှာ trend အဖြစ်နိုင်ဆုံး Halloween costumes တွေက Joker, Harley Quinn, Pennywise တို့ဖြစ်နိုင်ချေရှိတယ်လို့လည်း ပြောကြပါတယ်။ အခုဒီမှာလည်း Halloween costumes party တွေများလာပြီဆိုတော့ LUSHers တို့ရော ဒီ Halloween မှာ ဘယ်လိုတွေဝတ်စားမယ်လို့ စိတ်ကူးထားကြလဲ။ Instagram မှာ ပျံ့နှံ့နေတဲ့ Celebrity တွေရဲ့ Halloween costumes တွေထဲကနေမှ Unique ဖြစ်ပြီး LUSHers တို့ inspire ယူလို့ရနိုင်မယ့် ပုံလေးတွေကို ဒီကနေ မျှဝေပေးလိုက်ပါတယ်။