LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFE

Do’s and Don’ts for Wedding Guest in MYANMAR

written by Lush Editor November 29, 2018
Do’s and Don’ts for Wedding Guest in MYANMAR

ကဲ အခုဆိုရင် ဝါကျွတ်ကာလကို ရောက်လာပြီဆိုတော့ ကိုယ်ချစ်ခင်ရသူတွေရဲ့ မင်္ဂလာပွဲလေးတွေလည်း တန်းစီ စောင့်နေပြီပေါ့။ ဒီနှစ်ရော ကိုယ့်ဆွေမျိုး သားချင်းတွေရဲ့ မင်္ဂလာပွဲလေး တက်ရမှာလား။ ဆွေမျိုးသားချင်းထဲက တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲ တက်ဖို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ပွဲတက်ဖို့ပဲဖြစ်ဖြစ် ပြင်ဆင် လိုက်နာရမယ့် အချက်လေးတွေ ပြောပြမယ်နော်။

အရင်ဆုံး အရေးကြီးဆုံး တစ်ခု ပြောချင်တာက မင်္ဂလာပွဲနဲ့ ပတ်သတ်ပြီး ကာယကံရှင်တွေကို pressure မပေးဖို့ပါ။ မင်္ဂလာပွဲကို ဘယ်နေရာမှာ ဘယ်လို ပုံစံနဲ့ပဲလုပ်လုပ် support လုပ်ပေးပါ။ ဒီနေရာမှာ မင်္ဂလာပွဲလုပ်မှ ကြီးကျယ် ခမ်းနားတယ်၊ ဒီနေရာမှာ ကတော့မကောင်းဘူး ဆိုပြီး မပြောပါနဲ့။ ဘယ်သူမဆို အကောင်းဆုံး အရာတွေကိုပဲ ရချင်ကြတာ မို့လို့ သူတို့ အတတ်နိုင်ဆုံး အကောင်းဆုံး ပြင်ဆင်နေတဲ့ မင်္ဂလာပွဲအကြောင်း မကောင်းမပြောမိပါစေနဲ့နော်။

မင်္ဂလာပွဲ တက်ရောက်ဖို့ အတွက် ဘာကိုအရင် ပြင်ပါလို့ ပြောပြော ပထမဦးဆုံး ပြင်ဆင်ကြမှာက ပွဲတက်ရင် ဝတ်ဖို့ အဝတ်အစားပဲ ဖြစ်မယ်ထင်တယ်။ အဝတ်အစားကို တချို့က ဖိတ်စာရမှ ပြင်တတ်ပေမယ့် တချို့ကတော့ ဖိတ်စာမရခင် သတင်းကြားကတည်းက ပြင်နေကြပြီ။ အဲဒီ့တော့ မင်္ဂလာပွဲတက်ရင် ဝတ်ဖို့ အဝတ်အစား အကြောင်းလေးနဲ့ပဲ စလိုက်မယ်နော်။ ဒီမှာတော့ မြန်မာ့ဓလေ့အတိုင်း ပွဲတက်ဧည့်သည် အများစုက မြန်မာဝတ်စုံနဲ့ပဲ မင်္ဂလာပွဲတက်လေ့ ရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ အနောက်တိုင်း ပုံစံမင်္ဂလာပွဲတွေလည်း ပြုလုပ်လာကြတယ်ဆိုတော့ အနောက်တိုင်း ဝတ်စုံတွေ ဂါဝန်တွေနဲ့ ပွဲတက်သူတွေလည်း ရှိလာပါတယ်။

ဒါပေမယ့် ဂျင်းန်ကိုတော့ အတတ်နိုင်ဆုံးရှောင်ပါ။ အရောင်တွေအနေနဲ့ မင်္ဂလာပွဲရဲ့ အဓိက သရုပ်ဆောင်တွေက သတို့သမီး နဲ့ သတို့သားဆိုတော့ သူတို့ရဲ့ မင်္ဂလာဝတ်စုံ အရောင်ထက် တောက်တဲ့အရောင်တွေ မဝတ်ဆင်သင့်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် အဖြူရောင်၊ နံ့သာရောင်၊ ပန်းရောင်နဲ့ ရွှေရောင်တွေ ဝတ်ကြတာများပါတယ်။ သူတို့ဝတ်မယ့် အရောင်နဲ့လိုက်ဖက်တဲ့ တခြား အရောင်အငြိမ်လေးတွေ ရွေးဝတ်မယ်ဆို အကောင်းဆုံးပါပဲ။

နောက်ပြင်ရမယ့် တစ်ခုကတော့ လက်ဖွဲ့ပစ္စည်းပါ။ ကိုယ်က သတို့သား ဒါမှမဟုတ် သတို့သမီးရဲ့ ဆွေမျိုးဆိုရင်တော့ သူတို့အတွက် အသုံးဝင်မယ့် ပစ္စည်းတွေ လက်ဖွဲ့တာကောင်းပါတယ်။ အိမ်သုံးပစ္စည်းကနေစပြီး လေယာဉ်လက်မှတ်တွေ လက်ဝတ် ရတနာတွေအထိ ကိုယ်တတ်နိုင်သလာက် လက်ဖွဲ့ပေးလို့ရပါတယ်။ သူတို့နှစ်ယောက် အတွက် အသုံးဝင်မယ့် ပစ္စည်းကို လက်ဖွဲ့ပေးတာက သူတို့ လျှောက်လှမ်းတော့မယ့် နေ့စဉ်ဘဝကို ဝန်ပေါ့စေပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဖွဲ့ငွေပေးတဲ့ အလေ့အထလည်းရှိပါတယ်။

မင်္ဂလာပွဲနေ့ ရောက်တဲ့အခါ ပွဲတက်မိတ်ကပ်ကို အလွန်အကျွံ မလိမ်းခြယ် သင့်ပါဘူးနော်။ မည်းနက်ပြီး တလက်လက် ထနေတဲ့ မျက်လုံးတွေနဲ့ နှုတ်ခမ်းနီ ရဲရဲတွေကို နောက်နေ့မှဆိုးပါ။ မင်္ဂလာပွဲမှာတော့ အလှပဆုံး ပြင်ဆင်ထားတဲ့သူနေရာကို သတို့သမီးကိုပေးထားလိုက်ပါ။

မင်္ဂလာပွဲမှာနောက်မကျပါစေနဲ့။ ဒီမှာက သတို့သား သတို့သမီး ပွဲမထွက်ခင် (၄၅)မိနစ်အလို ကြိုရောက် ကြရပါတယ်။ ကိုယ့်ဆွေမျိုး မင်္ဂလာဆောင်ဆိုရင်တော့ ဒီ့ထက်ပိုပြီး စောသွားဖို့ပဲ ဖြစ်သင့်တယ်နော်။ သတို့သမီး သတို့သား စင်ပေါ်ရောက်တာနဲ့ ပြန်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ပွဲပြီးတဲ့ထိ မနေရင်တောင်မှ သတို့သား သတို့သမီးက စင်အောက်မှာ တစ်ဝိုင်းချင်းစီ လိုက်ပြီးဧည့်ခံနှုတ်ဆက်ပြီးမှ ပြန်သင့်ပါတယ်။ ဆွေမျိုးသားချင်းဆိုရင်တော့ ပွဲပြီးမှ ပြန်တာအကောင်းဆုံးပါပဲ။

နောက်ရှောင်ရမယ့် အချက်ကတော့ အခုခေတ်မှာ တကယ့်ကို ခေတ်စားနေတဲ့ ဖုန်းသုံးတာနဲ့ ကိုယ့်ဖုန်းနဲ့ ဓာတ်ပုံရိုက်တာပါ။ တချိန်လုံး ဘေးလူနဲ့တောင် စကားစမြည် မပြောနိုင်ပဲ ဖုန်းသုံးနေတာက တကယ်ကို မနှစ်မြို့စရာ ကောင်းတဲ့ အပြုအမူပါ။ နောက်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်တာကလည်း တစ်ပုံ နှစ်ပုံ ရိုက်တာ ကိစ္စမရှိပေမယ့် တချိန်လုံးရိုက်နေတာက ဘေးလူကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။ မင်္ဂလာပွဲမှာ သီးသန့် ငှားထားတဲ့ ဓာတ်ပုံဆရာ ရှိတတ်ကြပါတယ်။ ငှားထားတဲ့ professional ဓာတ်ပုံဆရာလိုမျိုး ပွဲတစ်လျှောက်လုံး ကိုယ့်ဖုန်းနဲ့ကိုယ် ဓာတ်ပုံရိုက်တာမျိုးမလုပ်ပါနဲ့။ သတို့သား သတို့သမီးက ပွဲကို တက်ရောက်ပြီး သူတို့ကို ချီးမြှင့်စေချင်တာပါ။ ဖုန်းသုံးတာတို့ ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး social network မှာတင်တာတို့က အဓိကမဟုတ်ဘူး ဆိုတာကို မမေ့နဲ့နော်။

(English Version)

In October, we are sure you will be getting many wedding invitations. Are you attending any of your relatives or friends’ weddings this year? If so, we have some tips for you as a wedding guest.

It is very important not to pressure the couple regarding the wedding. Be supportive of the location and the style of the wedding that the couple has decided to do. It is not nice to tell them this place is better and such. Everyone wants the best for their wedding but they have to do it within their means.

Some people prepare for the outfits once they get the invitation while others would prepare the way before that. Most Burmese people attend weddings in traditional Burmese clothes while others dress in western styles such as pants and skirts. Either way, jeans are best to be avoided. Since the bride and the groom are the main characters of the wedding, do not wear very bright colors which will upstage them. Most grooms and brides dress in white, light beige, pink and gold. You can choose colors that will match the bride and groom for the best group photo.

A wedding gift is also another important factor. If you are a family member, it is best to give the couple something that will be very useful for them. From household products to jewelry to air tickets, it is best to give them gifts which will be valuable to the couple who are starting their new life. In Myanmar, people have the habit of giving money as gifts.

It is best not to wear heavy makeup to attend a wedding. Best to leave Smokey eyes and crimson red lips look for another day. Let us gracefully make the bride the most beautiful woman in the room. Don’t be late for the wedding. We tend to reach 45 minutes before the entrance of the bride and groom. If you are a relative, you should arrive earlier. It is not polite to leave once the wedding couple reaches the stage. Even if you do not want to be around for the entire ceremony, please only leave after the couple greeted you at your table. If you are a relative, best to leave only after the wedding ended.

Another point to avoid is using your hand phone excessively to the point that you cannot talk to the person next to you. It is also good to take one or two photos with your phone but it causes annoyance to others if you are snapping away nonstop. There is already a professional photographer solely to take the wedding photos. The couple wants you to celebrate their union with them, not snapping and posting on social media.

Words by Htoo Htoo

LUSHLUSH October 2018socialetiquette
1
Facebook Twitter Google + Pinterest
Lush Editor

previous post
မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ Tag Heuer Event ကို တက်ရောက်ခဲ့တဲ့ Bella Hadid
next post
It’s all about the Bag

Recommended

STRENGTHEN YOUR CORE WITH BOXING

June 13, 2018

BACHELOR’S BEDROOM

June 12, 2018

How not to be a shallow person

April 4, 2019

Tribute

September 9, 2020

The Steel Magnolia

May 21, 2018

A Fake Is Still A Fake

July 13, 2018

Coolest Places For New Year Eve

December 23, 2019

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

ဝေးသွားတာ မှားလား

June 9, 2020

Top 5 Asia countries to visit with your...

May 22, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem