Burn Major Calories With Rowing

written by Yoon Wai October 12, 2017

House of Cards ဆိုတဲ့ Netflix ရဲ့ တအားပေါက်တဲ့ရုပ်ရှင်စီးရီး ကြိုက်နှစ်သက်သူတွေက ဒီစီးရီးထဲက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ အာဏာအရမ်းမက်တဲ့ နိုင်ငံရေးသမား Frank Underwood ကို အမှတ်ရနေမှာပါ။ သူ့ရဲ့ကျန်းမာကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ကို ဖန်တီးတဲ့ နေရာမှာ Rowing Workout ကို သူ့ရဲ့အိမ်အောက်ထပ်မှာ နာရီပေါင်းများစွာပြုလုပ်ပြီး ဖန်တီးခဲ့ပါတယ်။ အခုဆိုရင် Mr.Underwood ရဲ့ လေ့ကျင့်ခန်းက ဒီစီးရီးကြည့်ရှုသူတွေကို အတော်လေးဖမ်းစားနိုင်ခဲ့ပါပြီ။ Rowing Machine တွေဟာ အရင်ကထက် ပိုပြီး ရေပန်းစားလာပြီး Rowing သင်တန်းတွေကလည်း နိုင်ငံတကာက Gym တွေမှာ ချက်ချင်းဆိုသလို လူကြိုက်များတဲ့ အတန်းတွေ ဖြစ်လာပါတယ်။ ခပ်သွက်သွက်နင်းရတဲ့ Indo-Row နဲ့ ShockWave အဖွဲ့လိုက်အားကစားလေ့ကျင့်ခန်းအတန်းတွေ (စက်ဘီးနင်းတာအစား Rowers တွေနင်းတာကို ထည့်ထားတဲ့ ပြင်းပြင်းထန်ထန်အားကစားလေ့ကျင့်ရတဲ့အတန်းတွေ)က သင့်တို့အဖွဲ့ကို ချွေးထွက်စေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ယှဉ်ပြိုင်ပြီး အားကစားလုပ်နိုင်စေပါတယ်။ တချို့အတန်းတွေကတော့ Rowing Workout ကို တခြားလေ့ကျင့်ခန်းတွေနဲ့ တွဲပြီးတော့လည်း သင်တန်းပေးပါတယ်။

Rowing က အရမ်းကောင်းတဲ့ Cardiovascular Exercises ဖြစ်ပြီး ခေါင်းကနေခြေထောက်အထိ သက်ရောက်မှုရှိတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ သင့်ရဲ့ ပေါင်းတွင်းသားကြွက်သားနဲ့ တင်ပါးကြွက်သာ က အားများများထည့်သုံးပြီး အားကစားစက်ကို ရွေ့အောင်မောင်းနှင်နေရချိန်မှာ လက်မောင်းနဲ့ ပခုံးတွေကလည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့နေရပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ ခန္ဒာကိုယ်အလယ်ပိုင်းက သင့်ခန္ဒာကိုယ်ကို တည်ငြိမ်အောင် ထောက်ပံ့ပေးနေရပါတယ်။ ဒီလို ခန္ဒာကိုယ်ရဲ့ အရေးပါတဲ့ အဓိက ကြွက်သားအစိတ်အပိုင်းတွေပါဝင်တဲ့ ဒီလေ့ကျင့်ခန်းက တစ်နာရီမှာ ကယ်လိုရီ ၄၈၀ ကနေ ၆၀၀ အထိ လောင်ကျွမ်းစေတာ အံ့သြစရာတော့ မရှိပါဘူး။

ဒါကြောင့် သင်ဟာ စွမ်းအားမြင့်မြင့်သုံးပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းအသစ်ကို ရှာဖွေနေတယ်၊နောက်ပြီး  ကယ်လိုရီတွေအများကြီးကိုလည်း လောင်ကျွမ်းစေမယ့် လေ့ကျင့် ခန်းကို ရှာနေတယ်ဆိုရင်တော့ သင့်ရဲ့ Gym မှာ Rowing ကို စမ်းသပ်ပြီး လေ့ကျင့်ကစားကြည့်သင့်ပါတယ်။ (အုပ်စုလိုက်အတန်းတွေတော့ မရှိကြသေးပေမယ့် Fitness Centers တော်တော်များများမှာ ဒီစက်ရှိနေပါပြီ။)

တကယ်လို့များ အိမ်မှာလေ့ကျင့်ဖို့ ဒီအားကစားစက်ကို ၀ယ်မယ်ဆိုရင် WaterRower နဲ့ Concept2 ဆိုတဲ့ နာမည်ကြီးလူကြိုက်များတဲ့ စက်အမျိုးအစားနှစ်ခုကို စဉ်းစားစေချင်ပါတယ်။ ဒီနှစ်ခုစလုံးက တကယ့်နာမည်ကျော် အားကစားသမားတွေ၊ အကောင်းဆုံး Gym တွေမှာ ထားရှိတဲ့ စက်တွေ ဖြစ်နေလို့ပါ။

တခြားဈေးနှုန်းသင့်တင့်တဲ့ အမျိုးအစားတွေကိုလည်း ရှာဖွေဖော်ပြလိုက်ပါတယ်။

PRICE RANGE: $50-$200:

Sunny Health and Fitness Rowing Machine– $79

Stamina Body Trac Glider 1050 Rowing Machine – $110

PRICE RANGE: $200-$300:

Stamina 1215 Orbital Rowing Machine with Free Motion Arms – $215 

Stamina ATS 1399 Air Rower – $299

PRICE RANGE: $300-$400:

ProForm 440R Rower – $300

Kettler Favorit Rowing Machine – $399

PRICE RANGE: $400-$800:

Velocity Exercise Magnetic Rower – $549

NordicTrack RW200 Rower $599

Stamina Avari Programmable Magnetic Rower – $699

Stamina Conversion II Recumbent Bike/Rower – $799

PRICE RANGE: $900-$1300:

Concept2 Model D Indoor Rowing Machine with PM5 Monitor – $945

Xebex Air Rower – with Bonus Conditioning Pack – $945 

WaterRower Club Rowing Machine – $1160

WaterRower Natural Rowing Machine in Ash Wood – $1160

PRICE RANGE: $1300 and up:

WaterRower Classic Rowing Machine in Black Walnut with S4 Monitor – $1560

words by anna

Ref : http://www.joybauer.com

Loading

Recommended

What's your opinion?