LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
SOCIAL ETIQUETTE

Dark Side of Social Media

written by Lush Editor December 26, 2018
Dark Side of Social Media

အခုဆိုရင် မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာအသုံးပြုမှုက အရမ်းကို မြင့်တက်လာပါပြီ။ ဒီနေ့မှာ Facebook ပေါ်မှာ Hot ဖြစ်တဲ့သတင်း၊ Trendy ဖြစ်တဲ့အကြောင်းအရာတစ်ခုအပေါ် လူစိတ်ဝင်စားမှုက နောက်တစ်ရက်တောင်မကူးတော့ဘဲ အသစ်အသစ်တွေ ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေပါတယ်။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို လူတွေက ပြန်ပြောရင် အကုန်မှတ်မိနေတတ်တာ၊ ပြန်ရှာမယ်ဆိုရင်လည်း ရှာတွေ့နိုင်တာက ဆိုရှယ်မီဒီယာရဲ့ စွမ်းအားတစ်ခုပါ။ ဒီစွမ်းအားက အကောင်းအဆိုးနှစ်မျိုးလုံးပေးနိုင်ပြီး ဆိုရှယ်မီဒီယာပေါ်က နေ့စဉ်အဖြစ်အပျက်တွေမှာ Cyber bullying ဆိုတဲ့ အင်တာနက်ပေါ်မှာအနိုင်ကျင့်ခြင်း တွေအများကြီး ပါလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးက Cyber bullying လဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ၊ ကိုယ်တိုင်ကြုံတွေ့ရရင်ရော ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို ရှာဖွေစုစည်းဖော်ပြလိုက်ပါတယ်။

Cyber bullying ဆိုတာ …

Cyber bullying ဆိုတာ ဒစ်ဂျစ်တယ်ကိရိယာတွေဖြစ်တဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ တက်ဘလက်တွေပေါ်မှာ အခြေခံပြီး ဖြစ်တဲ့ အနိုင်ကျင့်မှု ဖြစ်ပါတယ်။ Cyber bullying က လူတွေအားလုံး မြင်တွေ့နိုင်၊ ပါဝင်နိုင်၊ Share လုပ်နိုင်တဲ့ စာတို၊ Apps၊ ဆိုရှယ်မီဒီယာ၊ ဖိုရမ်နဲ့ ဂိမ်းတွေမှာ ဖြစ်နိုင်ပါတယ်။ Cyber bullying မှာ တစ်စုံတစ်ယောက်ရဲ့ ဆိုးဝါးတဲ့၊ အန္တရာယ်ရှိတဲ့၊ အမှားအယွင်းတစ်ခုဖြစ်တဲ့အကြောင်းအရာကို ရေးသားတာ (Post) ၊ ပေးပို့တာ (Send)၊ ဝေမျှတာ (Share)တွေ ပါပါတယ်။ ဒါတင်မကသေးဘဲ တစ်စုံတစ်ယောက်ရဲ့ အများသိရင် ရှက်စရာကောင်းတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Share လုပ်တာလည်း ပါပါတယ်။ တချို့ Cyber bullying တွေကတော့ ဥပဒေနဲ့မညီတာ၊ ပြစ်မှုမြောက်တဲ့အပြုအမူတွေအထိပါ ဖြစ်သွားတတ်ပါတယ်။

Cyber bullying အများဆုံးဖြစ်တတ်တဲ့ နေရာတွေကတော့ …

  • Social Media တွေဖြစ်တဲ့ Facebook, Instagram, Snapchat နဲ့ Twitter
  • SMS (စာတိုပေးပို့စနစ်) နဲ့ အီးမေးလ်၊ Apps နဲ့ Social Media တွေရဲ့ စာပေးပို့နိုင်တဲ့လုပ်ဆောင်ချက်တွေ

ဆိုရှယ်မီဒီယာနဲ့ ဒီဂျစ်တယ်ဖိုရမ်တွေပေါ်က တစ်ယောက်ချင်းစီက ရေးသားဝေမျှတဲ့ Post တွေ၊ Comment တွေ၊ ဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေက အသိမိတ်ဆွေတွေရော၊ သူစိမ်းတွေပါ မြင်နိုင်၊ ဖတ်နိုင်ကြပါတယ်။ ဒီလို လူတစ်ယောက်ချင်းစီက ရေးသားဝေမျှတဲ့ ကိုယ်တိုင်ရေးသားတဲ့အကြောင်းအရာတွေအပါအ၀င် အဆိုးဘက်ရောက်တဲ့၊ စော်ကားမှုတစ်ခုခုပါတဲ့၊ ထိခိုက်နာကျင်စေနိုင်တဲ့ အကြောင်းအရာတွေက သူတို့ရဲ့အမြင်၊ လှုပ်ရှားမှုနဲ့ အမူအကျင့်တွေကို လူအများနဲ့ဆိုင်တဲ့မှတ်တမ်း (Public Record) အဖြစ် မှတ်ထားပါတယ်။

ဒီမှတ်တမ်းက အွန်လိုင်းပေါ်က နာမည်ကျော်ကြားမှုလို့ သတ်မှတ်လို့ရပြီး လက်ရှိအချိန်အတွက်တင်မကဘဲ အနာဂတ်မှာ ကြုံတွေ့ရမယ့်ကျောင်း၊ အလုပ်အကိုင်နဲ့ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေအထိပါ သက်ရောက်မှုရှိသွားတာပါ။ ဒါကြောင့် Cyber bullying က ဒီလုပ်ရပ်မှာပါဝင်တဲ့သူအားလုံး (အနိုင်ကျင့်ခံရတဲ့သူအပေါ်မှာတင်မဟုတ်ဘဲ အနိုင်ကျင့်တဲ့သူအပေါ်မှာပါ) ရဲ့ အွန်လိုင်းပေါ်က နာမည်ကျော်ကြားမှုအပေါ် သက်ရောက်မှုရှိပါတယ်။ ပိုဆိုးတာက ဒစ်ဂျစ်တယ်ကိရိယာတွေက ၂၄ နာရီပတ်လုံး အဆက်မပြတ်ချက်ချင်း ဆက်သွယ်မှုလုပ်နိုင်တဲ့ စွမ်းအားရှိတာကြောင့် Cyber bullying လုပ်ခံရတဲ့သူက စိတ်သက်သာရာရဖို့ ပိုခက်ပါတယ်။ နောက်ပြီး အီလက်ထရောနစ်နဲ့ သတင်းအချက်အလက်တွေဆက်သွယ်မှုပြုလုပ်တာက Report ၊ ဒါမှမဟုတ် Remove မလုပ်ဘူးဆိုရင် အကြာကြီးဆက်ရှိနေပြီး လူအများနဲ့ဆိုင်တဲ့သတင်းဖြစ်နေပါတယ်။ ဒီလို Cyber bullying လုပ်ရပ်တွေက အွန်လိုင်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားမှုဖြစ်စေပြီး တက္ကသိုလ်ဝင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ တခြား ဘ၀နဲ့ဆိုင်တဲ့အရာတွေပေါ်မှာ သက်ရောက်မှုတွေ အများကြီးဖြစ်စေပါတယ်။

Cyber bullying နည်းလမ်းများ

၁။ တစ်စုံတစ်ယောက်ကို အရှက်ရစေမယ့်၊ နာကျင်ထိခိုက်စေမယ့် အကြောင်းအရာတစ်ခုခုကို အွန်လိုင်းပေါ်မှာ Comments ပေးတာ၊ ကောလဟာလတွေရေးတာ။

၂။ တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ ချင်လောက်တဲ့အထိ ဖိအားပေးပြောဆိုတာ။

၃။ စော်ကားမှုမျိုးဖြစ်တဲ့၊ ထိခိုက်နာကျင်စေမယ့် ဓာတ်ပုံ၊ ဗီဒီိယိုတွေ တင်တာ။

၎။ တစ်ယောက်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ၊ ဒါမှမဟုတ် မဟုတ်မမှန်တဲ့အချက်အလက်ကို တစ်စုံတစ်ယောက်အဖြစ် အယောင်ဆောင်ပြီး (Fake Acc သုံးပြီး) အွန်လိုင်းမှာ ရေးတာ။

၅။ လူမျိုးရေး၊ ဘာသာရေး၊ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ချင်းရဲ့ ၀ိသေသလက္ခဏာနဲ့ပတ်သက်တဲ့ အမုန်းပွားစရာ အမည်သုံးတာ၊ Comment ပေးတာ၊ အကြောင်းအရာတစ်ခုခုကို အွန်လိုင်းပေါ်မှာရေးတာ။

၆။ တစ်စုံတစ်ယောက်ကို စော်ကားတဲ့၊ ထိခိုက်စေမယ့် Web-page ထောင်တာတွေ ပါဝင်ပါတယ်။

Social Network စာမျက်နှာတွေ၊ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေနဲ့ စာပေးပို့တဲ့ App တွေ များလာတာနဲ့အမျှ cyber bullying ကလည်း ပိုများလာပါတယ်။ Ditch the Label က ပြုလုပ်တဲ့ စစ်တမ်းမှာဆိုရင် ပါဝင်ဖြေဆိုပေးသူတွေရဲ့ ၄၇ ရာခိုင်နှုန်းက သူတို့ရဲ့ Profile မှာ ဆိုးဝါးတဲ့ comment မျိုးရဖူးပြီး ၆၂ ရာခိုင်နှုန်းက ဆိုးဝါးတဲ့ Private Message ကို စမတ်ဖုန်း App တွေကတစ်ဆင့် ရဖူးတယ်လို့ ဆိုပါတယ်။

နောက်ပြီး App တွေနဲ့ Social Network စာမျက်နှာတွေက အသက် ၁၃ နှစ်နဲ့အထက် အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး သူတို့အားလုံးက Bully လုပ်တာ၊ မသင့်တော်တဲ့အပြုအမူတွေလုပ်တာကို တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း  National Bullying Survey တစ်ခုကရတဲ့ ရလဒ်ကိုကြည့်တဲ့အခါ Cyber bullying ကို Report လုပ်တဲ့သူတွေရဲ့ ၉၁ ရာခိုင်နှုန်းက ဘယ်လိုအရေးယူမှုမှ မလုပ်ပေးဘူးလို့ ဖြေထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Cyber bullying ရဲ့ သားကောင်ဖြစ်သွားသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိလာပါတယ်။

Cyber bullying ရဲ့ သက်ရောက်မှုများ

မိမိကိုယ်ကိုယ်ယုံကြည်မှုကျဆင်းမယ်။ မိသားစုနဲ့ဝေးဝေးနေပြီး တစ်ယောက်တည်းနေချင်မယ်။ အလုပ်တွေ၊ ကျောင်းတွေ မသွားဖို့လည်း ကြိုးစားမယ်။ လူမှုရေးပွဲတွေလည်း မတက်ချင်တော့ဘူး။ ၀ိတ်တွေကျမယ်။ ကိုယ့်ရဲ့ပုံစံအသွင်အပြင်ပြောင်းမယ်။ ကို်ယ့်ကိုယ်ကိုယ် အန္တရာယ်ပြုထားတဲ့ ဒဏ်ရာတွေရှိပြီး ဒီဒဏ်ရာတွေကိုလူမမြင်အောင် လက်ရှည်တွေဝတ်ပြီး ဖုံးထားမယ်။ ဒေါသကြီးတာ၊ စိတ်ဓာတ်ကျတာ၊ ငိုတာလိုမျိုး တွေ ဖြစ်မယ်။

တကယ်လို့များ Cyber bullying ရဲ့ သားကောင်ဖြစ်ခဲ့ရင် ဘာလုပ်မလဲ

  • သက်ဆိုင်ရာ ဆိုရှယ်မီဒီယာဆီကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Report လုပ်ပါ။
  • ဒီဖြစ်စဉ်ကို Screen Shots ရိုက်ထားပါ။ ဒါဆို Post ကို ဖျက်လိုက်ရင်တောင် ကိုယ့်မှာ အထောက်အထားကျန်နေမှာပါ။
  • ဒီလို Bully လုပ်တာကို ဘယ်လိုနည်းနဲ့မှရပ်လို့မရဘူးဆိုရင် ရဲနဲ့ပူးပေါင်းဆောင်ရွက်ပါ။
  • တကယ်လို့ cyber bullying က သင့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က လုပ်တာဆိုရင် HR ကို တင်ပြလိုက်ပါ။ ဒါမှ HR က ဘာဖြစ်နေလဲဆိုတာကို သိနိုင်မယ်။ Screenshots တွေကိုလည်း ပို့ပေးလိုက်ပြီး သင့်ရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ထည့်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါ။
  • တကယ်လို့ cyber bullying က စော်ကားခံရမှုပုံစံဖြစ်နေပြီဆိုရင်တော့ ဥပဒေအကြံပေးတွေနဲ့ တွေ့ဆုံဆွေးနွေးကြည့်ပါ။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှု ဥပဒေ (Cyber Law) ရှိနေပြီဖြစ်တာကြောင့် Cyberbully အလုပ်ခံရတယ်ဆိုရင် တရားဥပဒေအရ ဖြေရှင်းခွင့်ရှိနေပြီဖြစ်ပါတယ်။
  • သင့်ကို cyber bullying လုပ်တဲ့သူကို Block လုပ်နိုင်တဲ့နည်းလမ်းရှိပေမယ့် ဒါက သူ့ဆက်လုပ်နေတာကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။
  • ဒါပေမယ့်လည်း ဒီလို Block လိုက်တာက သင့်ကို ထိခိုက်စေမယ့်အကြောင်းအရာတွေကို ထပ်မမြင်တော့အောင်လုပ်ပေးပြီး သင့်စိတ်ခံစားချက်ကောင်းအောင်လုပ်ပေးတဲ့အတွက် လုပ်လိုက်သင့်ပါတယ်။
  • လိုအပ်မယ်ဆိုရင် Cyber bullying လုပ်ခံရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ထပ်ရှာကြည့်ပါဦး။

Ref:

www.ditchthelabel.org/cyberbullying-statistics/

https://www.stopbullying.gov/cyberbullying/what-is-it/index.html

https://www.bullying.co.uk/cyberbullying/what-to-do-if-you-re-being-bullied-on-a-social-network/

Words by anna

LUSH social etiquette
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Accessorize Yourself
next post
5 Things you don’t know about Aung Ye Lin

Recommended

Mobile and Etiquette

April 2, 2019

Etiquette rules to follow when you’re dining at...

May 22, 2019

The Silent Killers

July 5, 2019

10 Social Commandments

February 9, 2019

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

June 12, 2019

How to organize your day at your workplace

April 3, 2019

Save Environment by Practicing 3Rs

March 7, 2019

Relationship Etiquette

February 15, 2019

Getting Workloads Done Faster

April 21, 2019

How not to be a shallow person

April 4, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem