LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryFashion Perspective

Accessorize Yourself

written by Lush Editor December 26, 2018
Accessorize Yourself

နှစ်တစ်နှစ်ကို ကူးပြောင်းတော့မှာဖြစ်သလို ရာသီဥတု အကူးအပြောင်းလေးလည်းဖြစ်လို့နေပါတယ်။ ဒီလိုအချိန်မှာ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲနေတဲ့ Fashion ရေစီးကြောင်းကိုလည်း လူတိုင်းက ဂရုတစိုက်စိတ်ဝင်စားနေပါတယ်။ ပိုပိုမြန်ဆန် ကျယ်ပြန့်လာတဲ့ Fashion အပြောင်းအလဲမှာ အ၀တ်အစားပိုင်းအပြင်တခြား Fashion Accessories တွေကလည်း အရေးပါလို့နေပါတယ်။

အမြဲတမ်း ဒီလိုဘုစုခရုလှလှလေးတွေ စုထားတတ်တဲ့ Fashion ချစ်သူတွေအတွက် ဒီ Fashion essential ပစ္စည်းလေးထဲက အိတ်၊ ဖိနပ်၊ မျက်မှန် စတာလေးတွေနဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အချိန်အခါ၊ ရာသီမရွေး လိုအပ်တဲ့ ဒီပစ္စည်း လေးတွေထဲက အသင့်တော်ဆုံးပစ္စည်းလေးတွေကို မီးမောင်းထိုးပြချင်တာလေးတွေရှိပါတယ်။

အ၀တ်အစားတွေမှာ Fashionကျနေပြီး ကျန်တဲ့ accessories တွေ support မလုပ်ထားရင်လည်း ကြည့်ရတာတခုခုလိုနေပြီး Style and Smart ဖြစ်မှာမဟုတ်ပါဘူး။ ဒီတော့ ခေတ်ရေစီးကြောင်းအလိုက်လူကြိုက်များတဲ့ ဖိနပ်ဒီဇိုင်းလေးတွေ အရင်ပြောပြချင်ပါတယ်။

Flat Mule

ဒီဇိုင်းလေးကတော့ စီးရတာ သက်တောင့်သက်သာ ဖြစ်စေပြီး အ၀တ်အစား Style တော်တော်များများနဲ့လိုက်ဖက်ပါတယ်။ ရိုးရိုး Flat mule လေးတွေအပြင် အမွှေးပါတဲ့ Shoes လေးတွေကတော့ Gucci Brand ရဲ့ အထူးကျော်ကြားတဲ့ ဒီဇိုင်းလေးတခုဖြစ်ပါတယ်။ Sneaker ဖိနပ်လေးတွေကတော့ ရာသီတိုင်းမှာ လူအများ နှစ်ခြိုက်စွားစီးကျတဲ့ လူငယ်စတိုင်ဖိနပ်လေးပါ။ အမျိုးသမီးစီး၊ အမျိုးသားစီး Sneaker တွေကဆိုရင် ဒီဇိုင်းမျိုးစုံမို့ ကိုယ်နှစ်သက်ရာ ရွေးချယ်ပြီးထားသင့်တဲ့ ဖိနပ်လေးတစ်ရံပါ။

ဖိနပ်လေးတွေအကြောင်းပြောပြီးရင် အိတ်တွေကတော့ မရှိမဖြစ်လိုအပ်တဲ့ နောက်ထပ် Fashion အသုံးအဆောင်းတစ်ခုပေါ့။ သွားလာလှုပ်ရှားနေတဲ့ လူတိုင်း ကိုယ့်အတွက်လိုအပ်တာတွေကို အိတ်ထဲထည့်ယူသွားတတ်ကြပါတယ်။ အိတ်တွေကို ပစ္စည်းထည့်ဖို့သက်သက်မဟုတ်ဘဲ အမြင်တင့်တယ်လှပစေဖို့ ဦးစားပေးရွေးချယ်လာကြတာလည်းတွေ့ရပါတယ်။

အိတ်နဲ့ပက်သက်ပြီး Brand ပေါင်းများစွာ ဒီဇိုင်းပေါင်းများစွာထဲမှာ style and smart ဖြစ်စေပြီး လူငယ် လူကြီး အဆင်ပြေစေတဲ့ Coach အိတ်လေးတွေကို mention လုပ်ပေးချင်ပါတယ်။

နေရာတိုင်းမှာ တင့်တယ်စေတဲ့ Coach ရဲ့ Satchels Bags, Totes Bags, Saddle Bags, Cross Body Bags ဆိုပြီး ဖန်တီးထားတဲ့ ဒီအိတ်လေးတွေက လူငယ်တွေသာမက အသက်အရွယ်တော်တော်များများ အတွက်သင့်တော်ပြီး Smart ကျစေပါတယ်။

Satchels နဲ့ Totes အိတ်လေးတွေကဆိုရင် ဒီဘက်ခေတ်မှာခေတ်ပြန်စားလာတဲ့ လူကြီးတွေအပြင် လူငယ်တွေပါကိုင်ကြတဲ့ Smart ကျတဲ့အိတ်လေးပါ။ အရွယ်အစားကြီးတာကြောင့် ပစ္စည်းများများထည့်တတ်တဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ်။

Saddle Bags နဲ့ Cross Body Bags ကတော့ လူငယ်တွေကြားရိုးမသွားတဲ့ အထာကျကျ အိတ်ဒီဇိုင်းလေးပါ။ ကိုယ်သွားလာနေထိုင်မှုအပေါ် ရွေးချယ်လို့ ကောင်းတဲ့ Coach Brand လေးဖြစ်လို့ အခုလို အကြံပြုပေးလိုက်ပါတယ်။

Fashion Accessories တွေထဲက နောက်ထပ် မရှိမဖြစ် လိုအပ်တဲ့အရာကတော့ မျက်မှန်ပဲ ဖြစ်ပါတယ်။ ပါဝါမျက်မှန်တွေကို အထာကျကျ ဒီဇိုင်းမျိုးစုံ တပ်ဆင်လာကြသလို နေကာမျက်မှန်ဆိုတာလည်း ပိုပြီးအရေးကြီးလာပါတယ်။ ဒီနိုင်ငံက အပူပိုင်းနဲ့ မိုးများတာကြောင့် အခုလို ဆောင်းတွင်းမှာတောင် နေ့လယ် နေ့ခင်း ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုခံစားနေရပါတယ်။

အဲ့ဒီ နေပူဒဏ်ကို ကာကွယ်နိုင်ဖို့ နေကာမျက်နှာဒီဇိုင်းတွေကလည်း ခေတ်ရေစီးကြောင်းအလိုက် ပုံစံမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံနဲ့ ရွေးချယ်စရာအစုံအလင်ပါပဲ။ ရွေးချယ်စရာတွေများနေလို့ မရွေးတတ်တော့ရင် IQ vision က လူငယ်လူကြီးကြား ရေပန်းစားနေတဲ့ နေကာမျက်မှန်ဒီဇိုင်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

ဒီ Tinted Sunglasses ဒီဇိုင်းတွေကတော့ နွေရာသီတုန်းက ခေတ်စားခဲ့တဲ့ ဒီဇိုင်းလေးပါ။ Color Season ဖြစ်တာကြောင့် Yellow, Purple, Green စတဲ့ အရောင်တွေနဲ့ အတူသေးငယ်ပြီး အ၀ိုင်းစက်စက်ဒီဇိုင်းလေးက ခေတ်နောက်ပြန်ဆွဲဒီဇိုင်းအဖြစ် ခေတ်စားခဲ့ပါတယ်။

Ray Ban, Fendi Brand တွေ Tinted Sunglasses ရဲ့ ဒီဇိုင်းတွေကတော့ မျက်နှာကျ သေးသွယ်သူတွေအတွက် ပိုမိုလိုက်ဖက်စေပါတယ်။ Frame ထူပြီး ပုံစံ အမျိုးမျိုးဖန် တီးထားတာမို့ မျက်နှာပုံစံတော်တော်များများနဲ့ လိုက်ဖက်လို့ ရွေးချယ်စရာများတာမို့ ဒီ Brand လေးကိုလည်း အကြံပြုချင်ပါတယ်။

ကမ္ဘာကျော် Gucci ဆိုလည်း Sunglasses ခပ်မိုက်မိုက် ဒီဇိုင်းတွေက မရိုးနိုင်အောင်ထွက်ရှိနေပါတယ်။ High-end ဒီဇိုင်းဖြစ်တဲ့ အပြင် Frame ကလည်း Round ၊ Square၊ cat eye ၊ oversize square စသည်ဖြင့် ဒီဇိုင်း၊ ကာလာအစုံဖန်တီးမှုတွေကြောင့် မိမိမျက်နှာနဲ့ လိုက်ဖက်စေဖို့ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းက အဓိက မဟုတ်ဘဲကိုယ်နဲ့ လိုက်ဖက်တာကိုရွေးချယ်နိုင်ခြင်းကလူကိုပိုပြီး Style and Smart ဖြစ်စေတာမို့ ဒီ Fashion Perspective ကဏ္ဍကနေ အခုလိုတင်ပြပေးထားပါတယ်။

အ၀တ်အစား Fashion ကျဖို့ အပြင် တွဲဖက်ညီစွာ ပံ့ပိုးပေးဖို့ essential things တွေဖြစ်တဲ့ Shoes, Bags and Sunglasses တွေအကြောင်း ဖတ်ပြီး နေ့စဉ်လှုပ်ရှားမှုတွေမှာ Style and Smart ကျကျလှပနိုင်ကြပါစေရှင်။

Words by Moe Shin

LUSH Fashion Perspective
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Excelsior Enchanted
next post
Dark Side of Social Media

Recommended

Bodysuit: Fashion Vocabulary

March 5, 2020

THAT GUY | JUNE cover story with Lu...

June 11, 2018

A FINEST BLOOM

September 18, 2019

ABBA THE DOVES

February 15, 2019

THE CHANGING OF THE GUARD: HOW NEW CREATIVE...

October 8, 2026

LONGCHAMP X POKÉMON COLLECTION

December 2, 2020

LUSH September 2019 Issue Cover Story BTS

October 22, 2019

LUSH February 2019 Issue Cover Story BTS

February 12, 2019

POWER of RED

January 31, 2019

GAME CHANGER

February 19, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem