Fashion ဆိုတာ တစ်ကြော့ပြန်ခေတ်စားလေ့ရှိသလိုပဲ အခုဆို အရင်ခေတ်တုန်းကခေတ်စားခဲ့တဲ့ Boyfriend Jeans ကိုလည်း ပြန်ပြီးဝတ်လာကြပါပြီ။ Boyfriend Jeans က ဝတ်ရတာပေါ့ပေါ့ပါးပါး နဲ့ လွတ်လပ်မှုရှိပြီး ဖက်ရှင်ကျကျဝတ်လို့ရတဲ့အတွက် ကိုယ့်ရဲ့ Wardrobe ထဲမှာ ရှိထားသင့်တဲ့ Pants တစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ Boyfriend Jeans ကို ဝတ်ရတာပေါ့ပါးတဲ့အတွက် လူကြိုက်များလေ့ရှိပေမယ့် မဝတ်တတ်ရင် ကလေးတွေနဲ့အလုပ်ရှုပ်နေတဲ့ အမေတစ်ယောက်လို ဖြစ်တတ်ပါတယ်။ အဲ့လိုမဖြစ်အောင် ဝတ်ရမယ့် tips လေးတွေရှိပါတယ်။ ဘောင်းဘီအောက်နားကို နည်းနည်းခေါက်ဝတ်တာမျိုး၊ ရှပ်အင်္ကျ ီနဲ့ဝတ်တဲ့အခါ အင်္ကျ ီအောက်နားကို ဘောင်းဘီအပြင်ကို ထုတ်ဝတ်တာမျိုးရှောင်ပြီး ဘောင်းဘီထဲထည့်ဝတ်ကြည့်ပါ။ အကယ်လို့ အင်္ကျ ီကိုအကုန်ဘောင်းဘီထဲထည့်မဝတ်ချင်ဘူးဆို တစ်ဝတ်လောက်ပဲထည့်ပြီး ဝတ်ရင်လည်း မိုက်ပါတယ်။ Boyfriend Jeans ကို မိန်းကလေးဆန်ဆန်လေးဖြစ်အောင် ဝတ်မယ်ဆို crop top နဲ့ဝတ်တာမျိုး၊ Off Shoulder နဲ့ပဲဖြစ်ဖြစ်ဝတ်တာမျိုးဆို မိန်းမဆန်တဲ့ပုံစံလေးနဲ့ လှနေမှာပါ။ ဒါကိုမှ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ ခါးပတ်လေးနဲ့ တွဲလိုက်ရင်တော့ တော်တော်ကို လိုက်ဖက်သွားပါပြီ။
Boyfriend Jeans – Fashion Vocabulary
previous post