LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

မျက်နှာအဆီစုပ်စက္ကူတွေက တကယ်ရော အသုံးတည့်ရဲ့လား

written by Maeve July 3, 2020
မျက်နှာအဆီစုပ်စက္ကူတွေက တကယ်ရော အသုံးတည့်ရဲ့လား

Blotting Sheets: Are they bad for your skin?

Blotting sheets ဆိုတာ အဆီပြန်တဲ့အသားအရေရှိတဲ့သူတိုင်းနဲ့ မကင်းတဲ့ပစ္စည်းလေးတစ်ခုပေါ့။ ပူတဲ့ဒေသမှာနေတဲ့သူတွေဆို အဆီမပြန်တဲ့အသားအရေဆိုတာ ရှားတော့ ဒီပစ္စည်းလေးက လူတိုင်းနီးပါးသိကြမှာပါ။ ဆိုတော့ ဒီ Blotting sheets တွေက တကယ်ရော အသုံးတည့်ရဲ့လား? တကယ်ပဲ အသားအရေအတွက် ကောင်းရဲ့လား? ဆိုတာကို ပြောပြသွားပါမယ်။

အဆီစုပ်စက္ကူ (blotting sheets) တွေကို မျက်နှာမှာ အဆီတွေထွက်လာတဲ့အခါကျရင် အဆီတွေပါသွားအောင် သုံးလေ့ရှိကြပါတယ်။ အဆီပြန်နေတာတွေ ချက်ချင်းသက်သာသွားတာမြင်ရတာ ပျော်စရာကောင်းတာလည်း ပါတာပေါ့။ oily skin ပိုင်ရှင်တွေတော်တော်များများက အဆီက သူတို့ရဲ့အသားအရေထိန်းသိမ်းဖို့အတွက် အဓိကပြဿနာလို့ ထင်လေ့ရှိတယ်။ 

ဒါပေမဲ့ အဲ့ဒါက တစ်ဝက်လောက်ပဲမှန်ပါတယ်။ တကယ်တမ်း အရေပြားကအဆီက သဘာဝကပေးထားတဲ့ အကာအကွယ်တစ်ခုဖြစ်ပြီးတော့ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ အရေပြားပေါ်က အဆီကိုဖယ်လိုက်တဲ့အခါမှာ ဒီလိုဖယ်လိုက်တာက အရေပြားကို ဆုံးရှုံးသွားတဲ့အဆီတွေ ထပ်ဖြည့်ပေးဖို့ အချက်ပြပေးစေတယ်။ အဲ့တော့ ဝက်ခြံပေါက်တာတို့၊ ချွေးပေါက်ပိတ်တာတို့ ဖြစ်လာတတ်ပါတယ်။ 

အဆီစုပ်စက္ကူတွေက အရေပြားကလိုအပ်တဲ့အဆီတွေကိုပါ စုပ်ယူလိုက်တဲ့အတွက် အပေါ်မှာပြောခဲ့သလိုပဲ အဆီစုပ်စက္ကူသုံးတာဟာ အဆီထပ်ထုတ်ပေးဖို့ကို တွန်းအားပေးလိုက်သလိုပါပဲ။ အဆီစုပ်စက္ကူသုံးပြီး အဆီထွက်တာကို ယာယီဖြေရှင်းလိုက်ရုံနဲ့ အဆီပြန်တာကိုထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ အဓိကအကြောင်းအရင်းကတော့ အရေပြားလုပ်ဆောင်မှုအပေါ်မှာမူတည်နေပါတယ်။ 

အရေပြားဆိုတာ gland တွေနဲ့ ပြည့်နေပြီးတော့ ဒီ gland တွေက အရေပြားဆီကို အဆီ (သို့) sebum တွေ ထောက်ပံ့ပေးပါတယ်။ အကယ်လို့ အဆီအရမ်းပြန်တာမျိုးကြုံနေရရင်တော့ ဒါဟာ သင့်ရဲ့အလေ့အကျင့်တစ်ခုခုက အရေပြားကို အဆီပိုထုတ်အောင်၊ ဟန်ချက်မညီအောင် လုပ်နေတာပါ။ အဆီစုပ်စက္ကူကို ခဏခဏသုံးမယ်ဆိုရင်လည်း အဆီပိုပြန်လာတာမျိုး ကြုံရတတ်ပါတယ်။ 

အဆီစုပ်စက္ကူတွေသုံးမယ်ဆိုရင် အနံ့ပါတာမျိုး ဒါမှမဟုတ် တချို့အဆီစုပ်စက္ကူတွေမှာဆို သုံးပြီးရင်းသုံးချင်အောင် ဆွဲဆောင်ထားတာမျိုး (ဥပမာ – အရောင်ထည့်ထားတာမျိုး) တွေကို သတိထားသင့်ပါတယ်။ ပြီးရင် အဆီစုပ်စက္ကူကိုသုံးရင် အားနဲ့ဖိတာတို့၊ ပွတ်တာတို့ကို ရှောင်သင့်ပါတယ်။ အဲ့လိုလုပ်တဲ့အခါ အရေပြားနီမြန်းပြီး ယားယံတာတို့၊ pH balance မညီတာတို့ဖြစ်တတ်ပါတယ်။ 

အဆီစုပ်စက္ကူတွေကို မိတ်ကပ်ပစ္စည်းတစ်ခုအနေနဲ့ပဲ သဘောထားပါ။ skincare ပစ္စည်းတစ်ခုလို သဘောမထားပါနဲ့။ အဆီစုပ်စက္ကူက အဆီပြန်တာကို အမှန်တကယ် သက်သာစေတဲ့ တကယ့်အဖြေ မဟုတ်ဘူးဆိုတာ သိထားရပါမယ်။ မိတ်ကပ်လိမ်းထားပြီး အဆီပြန်လာတဲ့အခါမှာ မိတ်ကပ်မပျက်အောင် သုံးလိုက်တာမျိုး၊ အဆီပြန်တာသက်သာအောင်လုပ်ဖို့ အလျင်လိုနေတဲ့အခါမျိုးမှာသုံးတာမျိုးပဲ သုံးသင့်ပါတယ်။ 

တိုတိုနဲ့လိုရင်းပြောရမယ်ဆိုရင်တော့ အဆီစုပ်စက္ကူ (oil blotting sheets) တွေကို မသုံးတာတော့ အကောင်းဆုံးပါပဲ။

LUSH beautyLUSH DAILYLUSH July 2020LUSH Magazine MyanmarOil Blotting SheetsOily Skin
0
Facebook Twitter Google + Pinterest
Maeve

previous post
Festival of Parades
next post
adidas Originals ရဲ့ Superstar adilette Slide

Recommended

Alexander McQueen releases Tread Slick

November 20, 2019

How to organize your day at your workplace

April 3, 2019

Gentle Monster “MY MARS” Campaign

March 3, 2020

Save Environment by Practicing 3Rs

March 7, 2019

Winterize Your Skin

January 3, 2019

တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ

September 8, 2023

ရန်ကုန်မြို့ပေါ်က နာမည်နှစ်မျိုးနဲ့ လမ်းမများ

September 7, 2020

A Whole New World

July 28, 2020

ယ​နေ့​ခေတ်နဲ့ စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း

October 16, 2020

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem