LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

ယ​နေ့​ခေတ်နဲ့ စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း

written by Jeune October 16, 2020
ယ​နေ့​ခေတ်နဲ့  စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း

 

အချိန်​တွေ ​ပြောင်းလဲ၊ ​ခေတ်​တွေ ​ပြောင်းလဲ​လာ​ပေမယ့် လူ​တွေရဲ့ အလှအပ မြတ်နိုးမှုနဲ့ တန်ဖိုးထားမှု​တွေက ဆက်လက် တည်ရှိ​နေပါတယ်။ အသက်အရွယ်၊ လူမျိုးစု၊ ​ယောက်ျား၊ မိန်းမ ဖြစ်ခြင်းနဲ့ မသက်ဆိုင်ပဲ အများစုမှာ ​​တွေ့ရတတ်တာက​တော့ ငယ်ရွယ် နုပျိုချင်မှုပါပဲ။ အသားဖြူမှ၊ အရပ်ရှည်မှ၊ ခန္ဓာကိုယ် အချိုးအစား ​ပြေပြစ်မှ အသား​အ​ရေ လှမှ အစက်အပြောက်မရှိမှ လှတယ်ဆိုတဲ့ ခွဲခြားမှု​တွေက လူ့အဖွဲ့အစည်းကို အဆိပ်အ​တောက်ဖြစ်​စေတဲ့ သာဓက​တွေ အများကြီးနေခဲ့သလို၊ ရှိနေဆဲလည်းဖြစ်ပါတယ်။
လူ​​​တွေဟာ ဘာလို့ အသားဖြူချင်တာလဲ။ အရပ်ရှည်ချင်တာလဲ။ အ​ပြင်ပန်းပုံသဏ္ဍာန်​တွေကို အာရုံစိုက်​နေရတာလဲ။ အ​ဖြေက​တော့ ရှင်းပါတယ်။ တစ်​စုံတစ်​ယောက် သို့မဟုတ် သူတို့ကိုယ်တိုင်ရဲ့ မျက်လုံးထဲမှာ လှပ​နေဖို့၊ ဆွဲ​ဆောင်မှုရှိ​နေဖို့ လိုအပ်​နေလို့ပါ။ ဒါ​ပေမယ့် ​သေချာ စဥ်းစားရမှာက လှပခြင်းရဲ့ စံ သတ်မှတ်ချက်ဆိုတာဟာ တစ်ဦးတစ်​ယောက်ခြင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်။ ​အလှအပရဲ့ စံနှုန်း​တွေဟာ အ​ခြေခံအားဖြင့် လူ​တွေရဲ့​နေထိုင်ရာ ပတ်ဝန်းကျင် ​ဒေသ၊ ယဥ်​ကျေးမှု၊ ဓ​လေ့ထုံးစံ​တွေ​ပေါ် အများကြီး မူတည်​ပြီး ​ပြောင်းလဲ နိုင်ပါတယ်။

ယ​နေ့​ခေတ်ရဲ့ အမျိုးသမီး အများစုဟာ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်​တွေကို ကြည့်​နေကြရပါတယ်။
အပြင်ပန်း အလှအပဟာ အမျိုးသမီး​တွေရဲ့ အ​ရေးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်ပြီး​တော့ အမျိုးသမီးတိုင်း ရှိထားပြီး ထိန်းသိမ်းထားရမယ့်အရာလို့ ပတ်ဝန်းကျင်က သက်မှတ်ထားကြတယ်။ ဒီ​နေရာမှာ ​မေးခွန်းထုတ်စရာက​တော့ ဘာလို့ ဒီလို အလှအပ စံနှုန်း​တွေ တည်ရှိ​နေရတာလဲ ဆိုတာပါပဲ။ အ​ဖြေက​တော့ ရိုးရှင်းပါတယ်။ တိုးတတ်မြန်ဆန်လွန်းတဲ့ ဒီဂျစ်တယ် ​ခေတ်ကြီးမှာ ​မီဒီယာ​တွေရဲ့ လှည့်စားမှုနဲ့ ​ကြော်ငြာ​တွေက ရိုက်ထည့်ထားတဲ့ အ​တွေးအ​ခေါ်​တွေ ​ကြောင့်ပဲဖြစ်ပါတယ်။ တစ်နည်း​ပြောရရင် မီဒီယာ​တွေက ကျွန်​တော်တို့ရဲ့ အ​တွေးအမြင်​တွေကို လှည့်စားပြီး သူတို့ ​တွေး​စေချင်တာ​တွေကို ​တွေးခိုင်းလိုက်တာပဲ ဖြစ်တယ်။ ​လူ​တွေဟာ ​ကြော်ငြာ​တွေက တဆင့် ပြီးပြည့်စုံ​နေတဲ့ အလှ​တွေကို မြင်​တွေ့​နေကြပြီး သ​ဘောကျ အားကျကြတယ်။ ဒါ​ပေမယ့် အများစုက​တော့ ပြုပြင်ထားတဲ့ သဘာဝမကျတဲ့ လှပမှု​တွေပဲ ဖြစ်တယ်ဆိုတာ မသိကြပါဘူး။ ဒါ​ကြောင့် အလှအပ စံနှုန်း​တွေဆိုတာ လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတယ်လို့​တောင် ​ပြောလို့ရပါတယ်။

လူအများစုဟာ အမျိုးသမီးတစ်​ယောက်ရဲ့ အလှအပကို အပြင်ပန်း ပိုသဏ္ဍာန်​ပေါ်ကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ ဒါ့အပြင် social media ​တွေဖြစ်တဲ့ facebook, instagram စတာ​တွေမှာ တင်ကြတဲ့ ပုံ​တွေဟာ ပြီးပြည့်စုံ လု နီးပါး ဖြစ်​နေတာ​တွေကို သ​ဘောကျ အား​ပေးကြတာနဲ့အမျှ မိမိ ကိုယ်ကိုယ် အားမလို အားမရဖြစ်ပြီး ကိုယ့်ရဲ့ အလှကိုလဲ သံသယဝင်လာကြပါ​တော့တယ်။ အသားအ​ရောင် ဖြူခြင်းဟာ ညိုခြင်း၊ မည်းခြင်း​တွေထက် လှပတယ်ဆိုတဲ့ အ​တွေးအ​ခေါ် တစ်ခုကို မီဒီယာ​တွေက ရိုက်သွင်းလိုက်တဲ့အခါ အသားအ​ရောင် ခွဲခြားမှု၊ လူမျိုး​ ခွဲခြားမှု​တွေ ဖြစ်လာပါ​တော့တယ်။ အ​သားအ​ရောင်သာမက ခန္ဓာကိုယ် အချိုးအစား​တွေမှာလဲ တန်ဖိုးထား သတ်မှတ်ပုံခြင်း မတူပါဘူး။ အလှအပ စံ သတ်မှတ်မှု​တွေက ယဥ်​ကျေးမှု၊ လူ့အဖွဲ့အစည်း​တွေသာမက သမိုင်းတ​စ်​လျှောက် ​ခေတ်အဆက်ဆက် ​ပြောင်းလဲလာခဲ့ပါတယ်။ ယ​နေ့ခေတ်မှာ​​တော့ သွယ်လျတဲ့ ကိုယ်၊ ကျဥ်း​မြောင်းတဲ့ ပုခုံး၊ မြင့်မားတဲ့ခါး၊ ပြီး​တော့ အချိုးကျတဲ့ မျက်နှာ​တွေကို လှပခြင်းရဲ့ စံနှုန်း တစ်ခုလို့ ယူဆလာကြပါတယ်။
ဒါဆိုရင် အသားဖြူ၊ အရပ်ရှည်ပြီး ငယ်ရွယ်​နေတာနဲ့ လှပ​နေပြီလို့ ​တွေးတာလား။ ဒါဆိုရင်​တော့ သင့် အ​တွေးကို ပြင်ဆင်သင့်ပါပြီ။ လူတိုင်းမှာ အပြစ်အနာအဆာ၊ အားနည်းချက်​တွေ ရှိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း စင်းလုံး​ချော ဖြစ်​နေဖို့ဆိုတာ လူသား​တွေအ​နေနဲ့ မဖြစ်နိုင်ပါဘူး။ မျက်နှာမှာ ထွက်လာတဲ့ ဝက်ခြံ၊ သွားအ​နေအထား၊ မျက်နှာက အစက်အ​ပြောက်​တွေက သင်ကိုယ်တိုင်ရဲ့ ထူးခြားမှု​တွေပဲ ဖြစ်ပါတယ်။ တကယ်​တော့ ကိုယ့်ရဲ့ ဖြစ်တည်မှု​တွေကို တန်ဖိုးထားပြီး ​နေတဲ့သူဟာ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်က လူ​တွေရဲ့ တန်ဖိုးထားခြင်းကိုပါ ခံရပါတယ်။
သင်တို့ရဲ့ ခန္ဓာကိုယ်ကနေ စတင်လိုက်ရ​အောင်။ သင့်ရဲ့ ခန္ဓာကိုယ် အ​လေးချိန် ဘယ်​လောက်ဆိုတာ ​တွေးမ​နေပဲ သင့်ကိုယ် သင် ကြိုက်နှစ်သက်ပြီး ကျန်းမာ​​ရေး ​ကောင်းမွန်​နေမယ်ဆိုရင် ဘာမှ ​ပြောင်းလဲစရာမလိုပါဘူး။ သင်တို့ရဲ့ ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံ​နေတာ မဟုတ်လို့ နှစ်​ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​နေတာ​တွေ၊ ​ပြောင်းလဲ​ဖို့ ကြိုးစား​နေတာ​တွေကို မလုပ်ပါနဲ့​တော့။ ​သင့်ရဲ့ ဝတ်စားဆင်ယင်ပုံကို ​လိုက်ဖက်ညီ​အောင် ​ပြောင်းလဲတာ၊ ​နေထိုင်သွားလာပုံ​တွေကို လိုက်​လျောညီ​ထွေဖြစ်​အောင် ​ပြောင်းလဲတာ​တွေနဲ့ သင့်ရဲ့ အလှအပကို ​ဖော်ထုတ်နိုင်ပါတယ်။ အင်္ကျီအရှည် အပွ​တွေနဲ့ ဖုံးထားစရာ မလိုပါဘူး။ လူတိုင်း ကိုယ့်ရဲ့ ဘဝမှာ ကိုယ် ရှင်သန်​နေကြပြီး ကိုယ်မဟုတ်တဲ့ တခြားသူတစ်​ယောက်က သင့်ရဲ့ တင်ပါးက အရမ်းကြီး​နေတယ်။ မိန်းက​လေး​ဖြစ်ပြီး ခါးကသွယ်မ​နေဘူး။ ​ခြေ​ထောက်​တွေက မလှတဲ့အတွက် စကဒ်အတို မဝတ်နဲ့ဆိုတဲ့ စကား​တွေကို နား​ယောင်မ​နေပါနဲ့။ ဒါဟာ သူတို့​တွေရဲ့ အမြင်​တွေ ဖြစ်ပြီး​တော့ သင်ကိုယ်တိုင်ရဲ့ အ​တွေး​ခေါ်၊ ခံယူချက်​တွေ မဟုတ်ပါဘူး။ ဘာလို့ အခြားသူရဲ့ စကား​ကြောင့် ကိုယ့်စိတ်ထိခိုက်ခံရမှာလဲ။

လက်​ချောင်း​တွေ တုတ်​နေ​တာ၊ နှာ​ခေါင်းပြားတာ၊ မျက်နှာကြီး​နေတာ နှဖူး​ပြောင်တာ​တွေနဲ့ ပါးစပ်ပြဲတာ​တွေက သင့်ကို မလှ​စေတာ မဟုတ်ပါဘူး။ ရယ်တဲ့အခါ သွား​ပေါ်​အောင် ရယ်တာ၊ မျက်ကွင်းညို​နေတာ၊ ဗိုက်ပူတာ​တွေက အများစုမှာ ရှိတဲ့ အချက်​တွေပါပဲ။ ဒီအချက်​တွေဟာ သင့်ကိုယ်သင် ပတ်ဝန်းကျင်က လူ​တွေထက် နိမ့်ကျ​စေတယ်လို့ ​တွေးရမဲ့ အချက်​တွေ မဟုတ်သလို၊ ပတ်ဝန်းကျင်ရဲ့ စံနှုန်း​တွေ အတိုင်း လိုက်လုပ်နိုင်မှ လိုက်​လျောညီ​ထွေ ဖြစ်တယ်လို့ ​တွေးလို့ မရပါဘူး။ သင့်ရဲ့ မူလ ပုံစံကို သ​ဘောမကျတဲ့ သူ​တွေဟာ သင်နဲ့ မထိုက်တန်ဘူးဆိုတာ သိထားသင့်ပါတယ်။ ပတ်ဝန်းကျင် အမြင်ကို ​ပြောင်းလဲဖို့အတွက်နဲ့​တော့ သင့်ကိုယ်သင် မ​ပြောင်းလဲ သင့်ပါဘူး။ သင့်အတွက် သက်​​သောင့်သက်သာ ဖြစ်​စေမယ့်အရာတိုင်းက သင်နဲ့ လိုက်ဖက်ပြီး လှပ​နေမှာပါပဲ။

Coco Chanel ရဲ့ စကားအတိုင်း မိန်းက​​လေးတစ်​ယောက်ဟာ သူမ ဘယ်သူလဲ ဆိုတာနဲ့ ဘာကို လိုချင်လဲ ဆိုတာပဲ ဖြစ်သင့်တယ်။
ဆိုလိုရင်းက​တော့ အများရဲ့ အ​တွေးအမြင်​တွေကို ဂရုစိုက်​မနေပဲ ကိုယ့်အတွက် ​သင့်​တော်တာ ဖြစ်သင့်တာ​တွေကို လုပ်ကိုင်သွားရင် သင်ဟာ လှပ​နေမှာ အမှန်ပါပဲ။

သင့်ရဲ့ လှပခြင်းဆိုတာ သင်ကိုယ်တိုင် သတ်မှတ်ရမယ့်အရာပါ။ ကျွန်​တော်တို့က​တော့ လှပခြင်း​တွေဟာ အ​ပေါ်ယံ အ​ရေပြားက လာတာ မဟုတ်ပဲ အတွင်း စိတ်ဓါတ်က လာတာလို့ပဲ သတ်မှတ်ထားပါတယ်။ သင့်ကို ​နွေး​ထွေး​စေမှု၊ စိတ်လုံခြုံမှု​တွေနဲ့ လွတ်လပ် ​ပေါ့ပါး​စေရင် ဒါဟာ အလှတရားပါပဲ။ အလှအပဆိုတာ စံနှုန်းထားတွေနဲ့ သတ်မှတ်လို့မရတဲ့ ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ လူတစ်ဦး တစ်​ယောက်ခြင်းရဲ့ ကိုယ်ပိုင် တန်ဖိုးထားခြင်း​တွေနဲ့ပဲ သက်ဆိုင်ပါတယ်။

အမျိုးသမီးတိုင်းဟာ လှပပါတယ်။ သင့် ပတ်ဝန်းကျင်က သင့်ကို ဖိအား​ပေးတာ​တွေကို မခံပါနဲ့။ အလှပဆုံး ပြုံးပြီး အပွင့်လင်းဆုံး ​နေထိုင်လိုက်ပါ။ အ​ရေးအကြီးဆုံးက​ ​ပျော်ရွှင်ဖို့နဲ့ ကျန်းမာဖို့ပါပဲ။ ​ပျော်ရွှင်​နေပြီး ကျန်းမာ​နေတာဟာ အလှပဆုံးပါပဲ။

1
Facebook Twitter Google + Pinterest
Jeune

previous post
Less Is More: Minimalism
next post
Louis Vuitton Spring-Summer 2021 Menswear collection by Virgil Abloh

Recommended

SPLASH OF LUMINOUS

November 19, 2018

GET READY TO BE LOVED

February 15, 2019

Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

March 26, 2019

Digital Ageing – Solution to blue light effect

June 12, 2020

2024 မှာခေတ်စားလာမယ့် Beauty Trend များ

December 31, 2023

ALLURE OF FUSION

April 9, 2019

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

Sun’s Flower

March 12, 2019

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

2023 မှာ ခေတ်စားလာမယ့် Beauty Trend များ

March 24, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem