ပြင်သစ် ရဲ့ နာမည်ကြီး Fashion house တစ်ခုဖြစ်တဲ့ Chanel နဲ့ လက်တွဲခဲ့တဲ့ K-pop idol group “Blackpink” အဖွဲ့ဝင် Jennie Kim ဟာ ဆိုရင် သူမရဲ့ အဆိုစွမ်းရည်နဲ့ rapping စွမ်းရည် တစ်ခုထဲကြောင့်သာ မဟုတ်ဘဲ ထူးကဲလှတဲ့ သူမရဲ့ fashion taste ကြောင့်လဲ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်း အစားဆုံး ကိုရီးယား idol အဖြစ်ရပ်တည်လျက် ရှိနေဆဲဖြစ်ပါတယ်။ သူမရဲ့ sweet & youthful စတိုင်ကနေ sexy & charismatic စတိုင်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး ယခုလက်ရှိ ရေပန်းစားလျက်ရှိတဲ့ မည်သည့် fashion trend တွေမဆို လှုပ်ကိုင်နိုင်တဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ “Human Chanel” လို့တောင် သူမ Fan တွေရဲ့ တင်စားခြင်းကို ခံရတဲ့ Jennie Kim ရဲ့ Chanel Fashion LookBook လေးကို တင်ဆက်ဖော်ပြပေးလိုက်ရပါတယ်။
ဒီဝတ်စုံလေးကတော့ Blackpink ရဲ့ How you like that MV Global Conference ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေး ဖြစ်ပြီးတော့ Chanel ရဲ့ collection ထဲက dress လေးပဲ ဖြစ်ပါတယ်။ classic စတိုင် ဒီ ဝတ်စုံလေးကို အခုလက်ရှိ ရေပန်းစားနေတဲ့ 90s chunky highlights လေးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လူငယ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးကို ရရှိစေတာပဲ ဖြစ်ပါတယ်။
ဒီဝတ်စုံလေးကတော့ အခု လတ်တလော ELLE magazine October issue ရဲ့ cover photoshoot လေးမှာ ဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ Chanel Fall-Winter 2020/21 collection လေးထဲက ဝတ်စုံလေး ဖြစ်ပြီးတော့ retro-inspired စတိုင်လေးနဲ့ ကျက်သရေရှိစွာ စတိုင်ကျလှပနေတာပဲ ဖြစ်ပါတယ်။
ဒီဝတ်စုံလေးကတော့ Blackpink ရဲ့ “How You like that” Music Core stage မှာ ဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်ဆန်ပြီးတော့ အထာကျကျနဲ့ classy chic စတိုင်ကို ရရှိစေတဲ့ ဝတ်စုံလေးပဲ ဖြစ်ပါတယ်။
ဒီဝတ်စုံလေးကတော့ Chanel ရဲ့ Fall-Winter 2019 collection ထဲကပဲ ဖြစ်ပါတယ်။ Chanel ရဲ့ iconic tweed jacket လေးနဲ့ဆိုရင်တော့ အရမ်းကြီးအားစိုက်ထုတ်စရာမလိုပဲနဲ့ကို ကျော့မော့ပြီး စတိုင်ကျနေစေတာပဲ ဖြစ်ပါတယ်။
ဒီ Lookbook ထဲက item လေးတွေကို ဝယ်ယူချင်တယ် ဆိုရင်တော့ https://www.chanel.com/us/ ဒီ chanel official website link လေးထဲကနေ ဝင်ရောက် ဝယ်ယူနိုင်ပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
References
https://www.instagram.com/styleofjendeuke/?hl=en
https://twitter.com/jenniestyle_?lang=en