LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Retail experience အသစ်ကိုခံစားနိုင်မယ့် Burberry ရဲ့ “social retail” boutique

written by Maeve August 5, 2020
Retail experience အသစ်ကိုခံစားနိုင်မယ့် Burberry ရဲ့ “social retail” boutique

Burberry က fashion house ထဲမှာ ဒစ်ဂျစ်တယ်ပိုင်းနဲ့ပတ်သက်ပြီး တခြား brand တွေထက်စာရင် ရှေ့ရောက်နေတာကတော့ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ တလောကလည်း Kendall Jenner ရဲ့ CGI ပုံရိပ်တွေနဲ့ campaign video တစ်ခုလုပ်ခဲ့ပါသေးတယ်။ အခုလည်း တရုတ်က Tencent နည်းပညာကုမ္ပဏီနဲ့ပေါင်းပြီးတော့ social retail ဆိုင်တစ်ခုကို တရုတ်နိုင်ငံ ရှင်းကျန်း (shenzhen) မြို့မှာ ဇူလိုင် ၃၁ ရက်နေ့တုန်းက ဖွင့်ခဲ့ပါတယ်။ ဒါက Burberry ရဲ့ပထမဆုံး social retail ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။

Social media ရော၊ ဂိမ်းအပိုင်းနဲ့ပါ ပေါင်းထားတဲ့ ဈေးဝယ်မှုအတွေ့အကြုံသစ်တွေကို ခံစားနိုင်မှာပါ။ ဒစ်ဂျစ်တယ်အတွေ့အကြုံတွေကို Burberry ဆိုင်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ Thomas’ Cafe နဲ့လည်းပူးပေါင်းထားတာမို့လို့ Thomas’ Cafe မှာလည်း နည်းပညာအတွေ့အကြုံတွေကို ခံစားလို့ရမှာပါ။ Burberry ရဲ့ WeChat mini platform အသစ်ကိုသုံးပြီးတော့ ဈေးဝယ်သူတွေက ရက်ချိန်းကြိုတင်တာတွေ၊ fitting room ကြိုတင်စာရင်းသွင်းတာတွေ၊ ဆိုင်ရဲ့ကော်ဖီဆိုင်မှာ ကြိုတင်စာရင်းသွင်းတာတွေလုပ်လို့ရရုံတင်မကပါဘူး။ “social currency” ပါသုံးလို့ရမှာပါ။ 

ဒီ app ရဲ့ Social currency ဆိုတာကတော့ app ကိုသုံးတဲ့သူတွေရဲ့ engagement ကို ပိုတက်အောင်လုပ်တဲ့သဘောပါပဲ။ app အသုံးပြုသူတစ်ယောက်က online ကဖြစ်ဖြစ် in-store မှာဖြစ်ဖြစ် ဈေးဝယ်တာများရင်များသလောက် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရနိုင်မှာပါ။ နောက်ပြီး app ရဲ့ avatar အကောင်လေးတွေရဲ့ characters တွေ၊ အဝတ်အစားတွေ ပိုရလာမယ်။ Thomas’ Cafe မှာ ရွေးချယ်စရာ menu ပိုများလာမယ် စတဲ့ အခွင့်အရေးတွေလည်း ပါမှာပါ။

App ကို သုံးမယ့် ဈေးဝယ်သူတိုင်း Bambi ပုံစံ avatar လေးတွေရမှာပါ။ ဆိုင်ထဲက ပစ္စည်းတိုင်းမှာ QR code တွေတပ်ထားပြီးတော့ scan ဖတ်လိုက်ရင် product နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို ကြည့်နိုင်မှာပါ။

တရုတ်မှာ social retail ဆိုင်ဖွင့်တာနဲ့ပတ်သက်ပြီး Burberry CEO Marco Gobbetti က “social နဲ့ လက်လီရောင်းချမှုအပိုင်းကို သွားမယ်ဆိုရင် digital ပိုင်းကို ရင်းနှီးပြီးသားဖြစ်တဲ့ luxury customer တွေရှိတဲ့ တရုတ်နိုင်ငံကို သွားဖို့အသင့်တော်ဆုံးဆိုတာ သိသာပါတယ်” လို့ ပြောခဲ့ပါတယ်။ ရှင်းကျန်းဆိုတာ လူပေါင်း ၁၂ မီလီယံရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ အများစုက အသက် ၃၀ အောက်တွေပါပဲ။ အဲ့မြို့မှာရှိတဲ့လူတွေ အထူးသဖြင့် လူငယ်တွေက ငွေကိုအရမ်းသုံးနိုင်ကြပါတယ်။

Burberry က creative director Riccardi Tisci က လူငယ် customer တွေ၊ နည်းပညာရင်းနှီးတဲ့သူ ဈေးဝယ်သူတွေနဲ့ အထာကိုနပ်ပါတယ်။ နောက်ပြီး ဆိုင်မှာဈေးဝယ်တဲ့အလေ့အကျင့်ကိုလည်း ထိန်းထားချင်တဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ “နည်းပညာနဲ့ သဘာဝတရားကို ညီမျှအောင် ဆက်စပ်ပေးဖို့ကို ကျွန်တော် စိတ်ဝင်စားတယ်… ဒီဆိုင်က ဒီဆက်နွယ်မှုကို ဖော်ထုတ်ပေးမှာပါ ဒစ်ဂျစ်တယ်နဲ့ ဆိုင်မှာဈေးဝယ်ရတဲ့အတွေ့အကြုံကို ပေါင်းစပ်ထားတဲ့ အတွေ့အကြုံအသစ်ကို ခံစားနိုင်မှာပါ” လို့ သူကပြောပါတယ်။

Photos credit: Burberry

Ref: The Cut

August 2020BurberryChinaDigitalfashionLUSHLUSH DAILYLUSH Magazine MyanmarSocial Retail ShopTencent
0
Facebook Twitter Google + Pinterest
Maeve

previous post
လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson
next post
The Simpsons နှစ် ၃၀ ပြည့်အတွက် ထွက်ရှိလာတဲ့ Vans x The Simpsons Collection

Recommended

အားကျစရာကောင်းသော အသက်အငယ်ဆုံး ကမ္ဘာပတ်ခဲ့သူ အမေရိကန်မိန်းကလေး

June 7, 2019

အိုဘားမားတို့ဇနီးမောင်နှံဆီကနေ Appreciate လုပ်ခံရတဲ့ Maggie Rogers

October 10, 2019

Fanny Pack တွေရဲ့ အလွန်မှာ ခေတ်စားလာနိုင်တဲ့ လည်ဆွဲအိတ်များ (သို့မဟုတ်) Necklace...

April 9, 2019

အားလုံးကြွေစေရမယ့် Chanel ရဲ့နောက်ဆုံးထွက် Sandal 

June 25, 2018

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

January 18 မှာ ဝယ်ယူလို့ရတော့မယ့် Beyoncé ရဲ့ IVY PARK...

January 17, 2020

Boyfriend Jeans – Fashion Vocabulary

October 31, 2019

LV က ထုတ်လုပ်လိုက်တဲ့ မြန်မာကျပ်ငွေ ၁၂ သိန်း၀န်းကျင်တန်ဖိုးရှိတဲ့ Face Shield

September 14, 2020

Blackpink Jennie x Gentle Monster opened “Jentle Home”...

May 13, 2020

Timeless Iconic Bag @ Dior Lady Art

January 13, 2021

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem