LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICLUSH DAILY

အမျိုးသမီးတွေအတွက် စိတ်ခွန်အားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၃)ကား

written by SuYiHtet March 11, 2019
အမျိုးသမီးတွေအတွက် စိတ်ခွန်အားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်း (၃)ကား

ဒီလက အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ လဖြစ်တဲ့အတွက် အမျိုးသမီးတွေ ကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ပြောပြပေးမယ်လို့ အတွေးကလေး ပေါ်ခဲ့ပါတယ်။ ကျွန်မတို့ဘ၀မှာ ရုပ်ရှင်ဇာတ်ကားတွေကနေ စိတ်ဓာတ်ခွန်အားတွေ ရဖူးကြသလို ကိုယ်မသိတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကိုလည်း သိရတယ်မဟုတ်လား။ ဒီလိုပါပဲ..အခုရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ပြောပြပေးတယ်ဆိုတာ ဒီဇာတ်ကားတွေကနေ အမျိုးသမီးတွေအတွက် မတူညီတဲ့ အတွေးအမြင်တွေကို ရစေသလို ပိုပြီး စိတ်ဓာတ်ခွန်အားရဖို့အတွက် ရည်ညွှန်းပြီး ပြောပြပေးချင်တာပါ။ နယ်ပယ်မတူသလို နောက်ခံဇာတ်လမ်းတွေ၊ဖြစ်ရပ်တွေလည်း မတူညီကြပေမယ့် အမျိုးသမီးတစ်ယောက်ရယ်လို့ ဖြစ်တည်မှုခြင်းက တူညီကြတဲ့အတွက် ရှုထောင့်ပေါင်းစုံက ခံစားလို့ ရအောင်ရွေးချယ်ပေးထားပါတယ်။ဒီရွေးချယ်ပေးထားတဲ့ဇာတ်ကားတွေကို ကြည့်ဖူးတဲ့သူတွေလည်း ရှိကောင်းရှိသလို မကြည့်ရသေးသူတွေအနေနဲ့လည်း အချိန်ပေး ကြည့်ရှုလိုက်မယ်ဆိုရင် ကိုယ့်အတွက် စိတ်ထဲမှာ message တစ်ခုတော့ ကျန်ခဲ့မှာ အသေအချာပါပဲ။ ဘယ်လိုရုပ်ရှင်ဇာတ်ကားတွေ ရွေးချယ်ပေးထားလဲဆိုတာ အောက်မှာဆက်ကြည့်လိုက်ပါဦးနော်။

 

The Wild (2014)

အိမ်ထောင်ရေးအဆုံးသတ်သွားသလို အမေဖြစ်သူ သေဆုံးသွားပြီးနောက်မှာတော့ Cheryl Strayed တစ်ယောက် ဦးတည်ရာမဲ့ဖြစ်သွားပြီး ပိတ်လှောင်နေတဲ့ သူမရဲ့ ဘ၀ကို အစပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ သူမဘ၀ကို ပြန်လည် ပြောင်းလဲပြီး စိတ်ခွန်အားရှိစေမယ့် ခရီးတစ်ခုကို သွားဖို့ပါ။ ဒီခရီးဟာ သူမရဲ့ ပထမဦးဆုံး တစ်ယောက်တည်းအတွေ့အကြုံအနေနဲ့  Pacific Crest Trail ကို တစ်ဦးတည်း ဖြတ်သန်းသွားဖို့  ဖြစ်ပြီးတော့ Cheryl ဟာ အမေရိကရဲ့ အရှည်ဆုံးနဲ့ အကြမ်းတမ်းဆုံး ဖြစ်တဲ့ တောင်တန်းတစ်ခုကို ခြေလျင်ခရီးသွားဖို့ စတင်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့ရပြီးတော့ သူမ အခက်အခဲတွေ ကြားထဲက ဘယ်လို အသက်ဆက်မလဲဆိုတာကို Wild မှာ ရိုက်ကူးပြထားတာပါ။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လို့ တစ်ယောက်တည်း စွန့်စွန့်စားစား ခရီးထွက်ရင်း၊ကိုယ့်ကိုကိုယ်ပြန်လည် ရှာဖွေ တည်ဆောက်ရင်း အခက်အခဲတွေကို  ကြံ့ကြံ့ခိုင်တဲ့ Cheryl ဆီက ကျွန်မတို့အတွက် ခွန်အားတစ်ခုတော့ ရစေမှာပါ။ Reese Witherspoon က အဓိက ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပြီး ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

 

Frida (2002)

“Frida” ဟာ Frida Kahlo ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီးတော့ Salma Hayek က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ Frida နဲ့ သူမရဲ့ ခင်ပွန်းကြားက Diego Rivera ရဲ့ ကြားက ဆက်ဆံရေးကို ရိုက်ကူးထားတဲ့အပြင် သူမရဲ့ ထူးချွန်ထက်မြက်မှု
တွေနဲ့ ဘ၀ဖြစ်ရပ်တွေကို သိရှိရမှာဖြစ်ပါတယ်။ မက်ဆီကန်သမိုင်းမှာ နာမည်ကြီး Artist တစ်ယောက်ဖြစ်တဲ့Frida ဟာ ယာဉ်အက်စီးဒင့် ဖြစ်ပြီးနောက်မှာတော့ ကျန်းမာရေးဆိုးရွားမှုကို ကြုံတွေ့ခဲ့ရပြီး သူမရဲ့ ရုန်းကန်မှုတွေကြားက အနုပညာဖန်တီးမှုတွေ၊ ဘ၀ဇာတ်ကြောင်းပြောင်းလဲမှုတွေအကြောင်း Frida မှာ ရိုက်ကူးပြထားတာဖြစ်ပါတယ်။ Frida ဟာ အမျိုးသမီးတွေအတွက် တကယ်ကို စံနမူနာထားဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သလို အနုပညာအရလည်း နိုင်ငံတကာမှာပါ လူသိခဲ့တဲ့ ထိပ်တန်း Artist တစ်ယောက်ပါ။

The Help (2011)

“The Help” ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၆၀ ခုနှစ်များဆီက Mississippi မှာ အခြေတည်ထားပြီးတော့ ထက်မြတ်တဲ့ အမျိုးသမီးတွေ
အကြောင်း၊ လူမည်း အမျိုးသမီးများရဲ့ လူအခွင့်အရေးနဲ့ လူကုံထံ အသိုင်းအ၀ိုင်းကြားက ဖိနှိပ်မှုတွေကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ တောင်ပိုင်းက ဆိုရှယ်ကျကျ လူဝင်ဆံ့တဲ့ အသိုင်းအ၀ိုင်းက ကောင်မလေး Skeeter ဟာ စာရေးဆရာဖြစ်ဖို့ အိပ်မက်တွေ တပွေ့တပိုက်နဲ့ ကောလိပ်ကျောင်းက ပြန်လာခဲ့သူပါ။ သူမရဲ့ မြို့လေးကို ပြန်ရောက်လာတဲ့အခါမှာ စာရေးဆရာ အိပ်မက်ကို အသက်သွင်းဖို့အတွက် ချမ်းသာတဲ့ လူကုံထံအသိုင်းအ၀ိုင်းမှာ အလုပ်ဝင်နေရတဲ့ လူမည်း အမျိုးသမီးတွေကို အင်တာဗျူးလုပ်ပြီး စာရေးဖို့ စတင်ခဲ့ပါတယ်။ အဲဒီမှာ ပထမဆုံး မေးမြန်းခံရမယ့်သူကတော့ Skeeter ရဲ့ အချစ်ဆုံးသူငယ်ချင်းအိမ်က အိမ်ထိန်းဖြစ်တဲ့ Only Aibileen ပါ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Only Aibileen တစ်ယောက်တည်းတင် မဟုတ်တော့ဘဲ နောက်ထပ် မြို့လေးမှာ ရှိနေတဲ့ လူမည်း အမျိုးသမီးတွေကပါ သူတို့ရဲ့ စကားသံတွေကို ထုတ်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ Skeeter နဲ့ မြို့လေးမှာ ရှိတဲ့ လူမည်း အိမ်ဖော်၊ အိမ်ထိန်း အမျိုးသမီးတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ ခွဲခြားမှုတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ “The Help” မှာ စိတ်ဝင်စားစရာကောင်းလောက်အောင် ကြည့်ရမှာပါ။ Cast တွေအနေနဲ့ကတော့ Emma Stone ၊ Viola Davis နဲ့ Octavia Spener တို့ ပါဝင်ထားပါတယ်။

Editor: Su Yi Htet

 

 

LUSH Art & MusicLUSH DAILYLUSH March 2019
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
SUMMERTIME HAPPINESS
next post
HOT REBEL

Recommended

တီထွင်မှုများဆင့်ကဲပြောင်းလဲပြီး ဆန်းသစ်နေဆဲ Tissot

October 28, 2020

Soft felt decorations and animals 

June 24, 2020

Optimising your decor with clocks

June 26, 2020

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

Gifts for Father’s Day That Can Be Bought...

June 15, 2020

The Beatles သီချင်းတွေနဲ့ ဇာတ်လမ်းတည်ထားတဲ့ Yesterday ရုပ်ရှင်

April 8, 2019

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

February 27, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

Stitching up the future

July 22, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem