LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Accessories

ခန့်ညားမှုတွေနဲ့ ဂန္ထဝင်ဆန်လှပနေတဲ့ Oris

written by Lush Editor August 4, 2020

 

တန်ဖိုးဖြတ်လို့မရတဲ့ အချိန်တွေဟာ ပြန်ရှာလို့လည်း မရတော့တဲ့အရာတစ်ခုမို့ အချိန်ကိုလေးစားတဲ့သူတိုင်း တန်ဖိုးရှိတဲ့ လူတွေ ဖြစ်လာကြတာပါပဲ။ တန်ဖိုးရှိတဲ့ အချိန်တွေကို သိနို်င်ဖို့ ကမ္ဘာဦးအစကတည်းက အချိန်သိနိုင်မယ့်အရာတွေကို တီထွင်လာကြရင်း ယနေ့နာရီကို အသုံးပြုနိုင်လာကြတာပါ။ ဒီလို နာရီတွေကို တီထွင်လာသူတွေထဲမှာ ကမ္ဘာကျော်နာရီတွေရဲ့ မူလဇစ်မြစ် ဆွစ်ဇာလန် Hölstein  က Oris လည်း ထိပ်ဆုံးမှာ ပါဝင်ပါတယ်။

Oris ကို  Paul Cattin နဲ့  Georges Christian တို့က ပိတ်ထားတဲ့ Lohner & Co နာရီစက်ရုံကို ၁၉၀၄၊ ဇွန် ၁ ရက်က ဝယ်လိုက်ကြတာပါ။ အဲဒီနောက်တော့ စက်ရုံနာမည်ကို သူတို့အနီးမှာ စီးဆင်းနေတဲ့ချောင်းတစ်ခုဖြစ်တဲ့ Oris ရဲ့နာမည်ကိုယူပြီး ပြန်ပြောင်းပေးခဲ့လိုက်ရာကနေ ခုချိန်ထိ ကမ္ဘာကိုပတ်ကာစီးဆင်းနေတဲ့ Oris ပဲ ဖြစ်လာပါတော့တယ်။ ၁၉၁၁ ခုနှစ်လောက်ရောက်လာတော့ Oris ဟာ ဝန်ထမ်းပေါင်း ၃၀၀ ကျော်နဲ့ အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်လာပါတော့တယ်။

၁၉၆၀ ပြည့်နှစ်အလွန်ကာလတွေမှာတော့ Oris ဟာ ကမ္ဘာ့အကြီးဆုံးနာရီကုမ္ပဏီ ၁၀ ခုထဲမှာ တစ်ခုပါဝင်လာပါတော့တယ်။ တစ်နှစ်ကို နာရီပေါင်း ၁.၂ သန်းထုတ်လုပ်လာနိုင်ပြီးတော့ ကိုယ်ပိုင်ကိရိယာတွေ၊ စက်ယန္တရားတွေကိုပါ တီထွင်လာနိုင်ရုံသာမက လေ့ကျင့်သင်ကြားရေးတွေကိုပါ ပြုလုပ်လာနိုင်တဲ့အထိ အောင်မြင်မှုအရှိန်တက်လာခဲ့ပါတယ်။

Oris ရဲ့ နာမည်ကျော်နာရီထဲက တစ်ခုဖြစ်တဲ့ Oris Big Crown ProPilot အကြောင်းကို မိတ်ဆက်ပြောပြရမယ်ဆိုရင် အရင်ဆုံး သူ့ရဲ့ ထူးခြားတဲ့ နာမည်အတို်ငး လေယာဉ်မှူးတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ 41mm အချင်းရှိပြီး Silver colour Case နဲ့ မျက်နှာပြင်ကာလာ အနက်ရောင်တို့ရဲ့ ခန့်ထည်ဝါမှုမှာ ပေါ့ပါးတဲ့ဟန်အပြည့်ရှိပြီး fabric လက်ပတ်ကြိုးဒီဇိုင်းရဲ့ထပ်မံပေါင်းစပ်မှုကြောင့် ပြီးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခုဖြစ်သွားပြီးတော့ Oris နာရီသမိုင်းမှာ မှတ်တမ်းတင်ရတဲ့ Oris Big Crown ProPilot ဖြစ်လာပါတယ်။ ရေထုခံနိုင်အား 10 atm ရှိတာကြောင့် ရေအနက်မီတာ100 ထိ ခံနိုင်ရည်ရှိတဲ့ Oris Big Crown ProPilot ဟာ အမျိုးသားတို့ရဲ့ ရွေးချယ်မှုမှာ ထိပ်ဆုံးကရှိနေခဲ့ပါတယ်။

Oris မှာ ကမ္ဘာကျော်နာရီတွေထဲက တစ်ခုဖြစ်တဲ့ Oris Big Crown Original Pointer Date အကြောင်းကိုလည်း သိထားဖို့လိုအပ်ပါတယ်။ Oris Big Crown Original Pointer Date မှာတော့ Silverနဲ့  Rose Gold ကာလာနှစ်မျိုးရောစပ်မှုက ယောကျ်ားသားတို့ကို ညှို့အားအပြည့်ရှိနေသလိုပါပဲ။ လာပါရွေးချယ်ပါ၊ လူကြီးမင်းရဲ့ခန့်ညားမှုကို တမဟုတ်ချင်းအရောင်ထပ်တင်ပေးပါမယ်လို့ ကတိပေးနေတဲ့ နာရီတစ်လုံး။ ငွေရောင်မျက်နှာပြင်ပေါ်က Rose Gold ကာလာနာရီလက်တံလေးတွေနဲ့အတူ ထူးခြားတဲ့ Arabic ဂဏန်းတွေကလည်း  Rose Gold ကာလာနဲ့ ကျက်သရေရှိစွာ တင့်တယ်လွန်းနေပါတယ်။ ၃၈ နာရီ power reserve၊ ရေစိုခံနို်င်မှုက မီတာ ၅၀ ကနေ ၁၆၅ မီတာထိ ခံနို်င်ရည်အားနဲ့ plexiglass ပါဝင်တဲ့အတွက်ကြောင့် ခြစ်ရာပွန်းရာခံနို်ငရည်လည်းရှိတဲ့အပြင် နေ့စွဲတွေကို Dial ပတ်ပတ်လည်မှာ နာရီလက်တံနဲ့ အညွှန်းပြထည့်သွင်းထားတဲ့ သူများထက်တစ်မူထူးတဲ့ အတွေးဒီဇိုင်းတွေကြောင့်လည်း  Oris Big Crown Original Pointer Date ဟာ ကမ္ဘာကျော်ခဲ့တာ ဖြစ်မယ်လို့ယုံကြည်မိပါတယ်။

Oris ဟာ နာရီထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာကို အကျိုးပြုမယ့်သမိုင်းဝင်အရာတွေကို အခြေခံပြီး အမြဲအလေးထား လေ့လာနေသူဖြစ်တာကို Oris Swiss Hunter Team PS Edition ကသက်သေပြထားပြန်ပါတယ်။ ဆွစ်လေတပ်က သမိုင်းဝင်ဂျက်တိုက်လေယာဉ်အဖွဲ့ Patrouille Suisse ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ အဲဒီ Oris Swiss Hunter Team PS Edition နာရီဟာ သမိုင်းတွင်နာရီအဖြစ်ရှိခဲ့သလို ရောင်းအားတစ်ရာခိုင်နှုန်းကို ဆွီဒင် Hunter အဖွဲ့ကို ပေးအပ်ခဲ့တာကလည်း Oris ရဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုအရည်အချင်းတွေ ပြည့်စုံနေလို့လည်း ကမ္ဘာတဝှမ်းက အမျိုးသားတွေက Oris ကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်နေရကြတာဖြစ်ပါတယ်။

နောက်ထပ် Oris လို့ဆိုလိုက်တာနဲ့ ချန်ထားခဲ့လို့မရတဲ့ Collection တစ်ခုကတော့ ရေငုပ်စက်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Oris ရဲ့ Oris Aquis Depth Gauge ပဲဖြစ်ပါတယ်။ ရေငုပ်သူတို့အတွက်သာမက ရေငုပ်စက်တွေအတွက်ပါ ထုတ်လုပ်ထားတဲ့ Oris Aquis Depth Gauge ဟာ ရေအတိမ်အနက်ကိုတိုင်းတာနိုင်တဲ့ ပထမဆုံးသော လက်ပတ်နာရီလည်း ဖြစ်ပါတယ်။ ရာဘာလက်ပတ်ကြိုးနဲ့ ဆန်းပြားတဲ့ ဒီဇိုင်းပိုင်ရှင် Oris Aquis Depth Gauge ဟာ အချင်း 46 mm နဲ့ အနက်ရောင်မျက်နှာပြင်မှာ ငွေရောင်ကိန်းဂဏန်းတွေနဲ့အတူ တမူထူးခြားတဲ့  ရောင်ပြန်ဒီဇိုင်းတွေကြောင့်လည်း ကမ္ဘာကျော်ခဲ့ပါတယ်။

Oris မှာ ခန့်ထည်မှုတွေချည်းပဲလားဆိုတော့လည်း အဲလိုမဟုတ်ပါဘူး။ Class Deco ဖြစ်တဲ့ နာရီဒီဇိုင်းတွေလည်း ရှိပါသေးတယ်။ ဂန္ထဝင်ဆန်တဲ့ ဒီဇိုင်းတွေနဲ့ Oris Artelier Hand Winding ဟာလည်း Classic ဒီဇို်င်းကိုမှ နှစ်ခြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် နာရီဖြစ်နေပါတယ်။ 18k  Rose Gold ကာလာနဲ့ အချင်း 40mm, 1.575 inches ရှိပြီး ရေစိုခံနို်င်အား 3 bar ရှိတဲ့ Oris Artelier Hand Winding ကို ပိုမိုနှစ်ခြိုက်ဖို့ကောင်းအောင် အညိုရင့်ရောင် သားရေလက်ပတ်ကြိုးက အားဖြည့်ထားတာမို့ မြင်လိုက်တာနဲ့ စွဲမက်ဖွယ်ဒီဇို်င်းဖြစ်နေပါတယ်။

ဒီလို ကမ္ဘာကျော်တဲ့ နာရီတွေကို ထုတ်လုပ်တဲ့ Oris ရဲ့ နာရီတွေကို မြန်မာနို်င်ငံမှာ ရနို်င်ပါ့မလားလို့ တွေးပူစရာမလိုတော့တဲ့ အခြေအနေတစ်ခုကို Swiss Time Square က ဖန်တီးထားပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က Luxury Watch Brand တွေရနို်င်တဲ့ Swiss Time Square ကနေ ခန့်ညားထည်ဝါတဲ့ဒီဇိုင်းတွေနဲ့ ကမ္ဘာကျော်တဲ့ Oris ကို လာရောက်ရွေးချယ်ဖို့ စောင့်မျှော်နေပါတယ်။

 

fashionLUSHLUSH AdvertorialLUSH July 2020LUSH Magazine MyanmarOrisSwiss MadeSwiss Made Luxury WatchesSwiss Time Square
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Stars to your heart
next post
လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson

Recommended

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

Hoop Earrings for this era

June 10, 2020

Engagement Rings of TIFFANY & CO.

November 23, 2020

ရွှေထီးဆောင်းနေဆဲ Collection တွေနဲ့ OMEGA

September 11, 2020

Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

September 18, 2020

ARTYCAPUCINES Bags Collection by LOUIS VUITTON

December 2, 2020

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

October 19, 2020

ဂျပန် အငွေ့အသက်တွေပါတဲ့ New Balance ရဲ့ “Modern Classic” Collection

July 16, 2020

Rihanna ရဲ့ FENTY ကနေ အသစ်ထွက်ရှိလာတဲ့ နေကာမျက်မှန်တွေ

May 14, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem