ThNike luxuary brand ကအနုပညာရှင် Ruohan Wang နဲ့ပူးပေါင်းပြီး (Air Force 1, Air Max 90, and Blazer Mid 77) စတဲ့ sneaker pack collection လေးကိုဖန်တီးထုတ်လုပ်လိုက်ပါတယ်။ Ruohan Wang ဟာဂျာမနီနိုင်ငံ ၊ ဘာလင်မြို့မှာအခြေစိုက်တဲ့တရုတ်အနုပညာရှင်တစ်ဦးဖြစ်ပြီးအနုပညာလောကမှာထူးခြားတဲ့သရုပ်ဖော်သူ၊ ပန်းချီဆရာနှင့်အနုပညာရှင်တစ်ဦးအဖြစ်လူသိများခဲ့တယ်။

Ruohan Wang
ဒီ Nike collection ဟာအနုပညာရှင် Ruohan Wang က Nike ရဲ့ဂန္ဓဝင်စီးရီးတွေကိုသူမရဲ့အနုပညာနဲ့ပေါင်းစပ်ပြီးပြန်လည်သစ်ဆန်းအောင်ဖန်တီးထားတာဖြစ်ပါတယ်။ အားကစားသင်္ကေတနဲ့အရောင်ကို Psychedelic prints နှင့်ပေါင်းစပ်ပြီး ကမ္ဘာကြီးရဲ့သဘာဝတရားကိုသရုပ်ဖော်ထားတဲ့ဒီဇိုင်းဖြစ်တယ်လို့ Wang ကဆိုပါတယ်။ ပထမဆုံး silhouette နှစ်ခုဖြစ်တဲ့ Air Force 1 နဲ့ Air Max 90 တို့မှာတရုတ်စာလုံးတွေနဲ့ “သဘာဝအလျောက်လည်ပတ်ခြင်း”,“အချစ်၏စွမ်းအား” စတဲ့အဓိပ္ပါယ်ပါတဲ့စာတန်းတွေပါ၀င်ပါတယ်။
Nike Air Force 1 ဟာ၁၉၈၂ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့ပထမဆုံးNike Air series ရဲ့ basketball sneakerတစ်မျိုးဘဲဖြစ်ပါတယ်။ အချိုးမညီ ၊ ရောင်စုံသရုပ်ဖော်ပုံဂရပ်ဖစ်တွေနဲ့တစ်ချိန်က street icon အဖြစ်ထင်ရှားခဲ့တဲ့ basketball sneaker ကိုအသစ်တဖန်ပြန်လည်အသက်သွင်းထားတဲ့ ဖိနပ်လေးဘဲဖြစ်ပါတယ်။ Blazer Mid ’77 , Air Max 90 တို့မှာလည်းကမ္ဘာမြေဆိုင်ရာဂရပ်ဖစ်များ၊ အပင်များနဲ့ ထင်ရှားတဲ့ရောင်စုံပုံစံတွေပါ၀င်တဲ့ခေတ်မီအနုပညာလက်ရာတွေကို ဖန်တီးထားတာတွေ့ရပါတယ်။
အနည်းဆုံး ၅၀% ပြန်လည်အသုံးပြုထားတဲ့သားရေအမျှင် Flyleather နဲ့ ပြုလုပ်ထားတဲ့ sneaker collection လေးဖြစ်ပါတယ်။ Flyleather ကိုမိတ်ဆက်ရမယ်ဆိုရင် (full-grain leather) ရိုးရာသားရေများထက်ငါးဆပိုပြီးတာရှည်ခံပြီးတော့ ၄၀% ပိုပြီးပေါ့ပါးမှုရှိပါတယ်။ Sustainable အတွက် Nike Brand က အထူးထုတ်လုပ်အသုံးပြုတဲ့ လည်သာတစ်မျိုးပါပဲ။ Air Force 1, Blazer Mid ’77 နှင့် Air Max 90 Shoes silhouette သုံးမျိုးလုံးကို (half size အပါအ၀င်) US7 မှ US14 အထိရရှိနိုင်ပါတယ်။

Nike Air Max 90 Flyleather
Nike Air Max 90 Flyleather
Ruohan Wang
Price: $130
Style: CZ3992-900
Release Date: 09/24/2020

Nike Air Force 1 Flyleather
Nike Air Force 1 Flyleather
Ruohan Wang
Price: $100
Style: CZ3990-900
Release Date: 09/24/2020

Nike Blazer Mid 77 Flyleather
Nike Blazer Mid 77 Flyleather
Ruohan Wang
Price: $110
Style: CZ3775-900
Release Date: 09/24/2020
ဒီ collection လေးကိုတော့စက်တင်ဘာလ၂၄ရက်နေ့ကစတင်ပြီး www.Nike.com online store တွေအပြင် Dover Street Market စတဲ့ အခြား retailer store တွေမှာပါဝယ်ယူရရှိနိုင်ပါပြီလို့ Nike ချစ်သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်…
Lush X Thi’s Fashion Alliances Collaboration
Reference :