ဟောင်ကောင်အခြေစိုက် ကျန်းမာရေး နဲ့ အလှအပဆိုင်ရာပစ္စည်းတွေရောင်းချတဲ့ AS Watson က ဟောင်ကောင်က လက်လီရောင်းချတဲ့ဆိုင်တွေရဲ့ အရောင်းအားတက်အောင် ကူညီပေးဖို့ Moneyback loyalty အစီအစဉ်တစ်ခုကိုလုပ်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ လက်လီဆိုင်တွေ ဒီအစီအစဉ်ကနေတဆင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် ကြော်ငြာမယ်ဆို အခကြေးငွေကောက်ခံမှာမဟုတ်သလို အစီအစဉ်အစပိုင်းကို လုပ်ငန်းအရွယ်အစားတိုင်း join လို့ရအောင် လုပ်ပေးထားပါတယ်။
“ကပ်ရောဂါက လုပ်ငန်းတိုင်းကို ထိခိုက်မှုတွေရှိပါတယ် လက်လီရောင်းသူတွေအတွက်ဆို အရမ်းကိုခက်ခဲတဲ့ရင်ဆိုင်မူတစ်ခုလည်း ဖြစ်နေပါတယ်။ AS Watson က ဟောင်ကောင်မှာ ဖြစ်တည်လာခဲ့တာ နှစ်ပေါင်း ၁၈၀ ကျော်ပါပြီ။ သဘာဝဘေးအန္တရာယ်ပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ ခက်ခဲတဲ့နေ့ရက်တွေက တစ်ချိန်မှာ ပြီးသွားမယ်ဆိုတာ ကျွန်မတို့သိတယ်။ အခုကနေစပြီး အခြေအနေကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်တွေ ကြိုပြီးလုပ်ထားသင့်တယ်” လို့ အာရှနဲ့ဥရောပက AS Watson ရဲ့ CEO ဖြစ်တဲ့ Malina Ngai က ပြောပါတယ်။
ဒီ loyalty program အစီအစဉ်မှာ online နဲ့ offline လက်လီရောင်းချသူပေါင်း ၁၃၀ ကျော်ရှိပြီးတော့ အဖွဲ့ဝင်ပေါင်း ၃.၇ မီလီယံရှိပါတယ်။ ဒီလူဦးရေက ဟောင်ကောင်လူဦးရေရဲ့တစ်ဝက်ခန့်ပါပဲ။ အဖွဲ့ဝင်ထားတဲ့သူတွေက ဆိုင်ခွဲပေါင်း ၁၀၀၀ ကျော်မှာ အထူးအခွင့်အရေးတွေ ခံစားခွင့်ရရှိနိုင်မှာပါ။
ဈေးဝယ်တဲ့သူတွေက အိမ်မှာပဲနေနေရတာမျိုး၊ lockdown ကာလက ထပ်ထပ်တိုးတာမျိုးတွေကြောင့် လက်လီဆိုင်တွေလည်း အကြပ်ရိုက်နေရတဲ့အချိန်မျိုးမှာ ဒီအစီအစဉ်က ခရိုင် ၁၈ ခုလုံးမှာရှိတဲ့ လက်လီဆိုင်တွေဆီကနေ ဈေးဝယ်သူတွေ ဝယ်ယူလို့လွယ်အောင်၊ ပိုပြီးဝယ်ကြအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်ထားတာပါ။ ဒီအစီအစဉ်ကို ဒီ Link မှာ ဝင်ကြည့်လို့ရပါတယ်။
Source: Globalcosmeticsnews