LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

Bio-Oil Dry Skin Gel

written by Lush Editor June 23, 2020
Bio-Oil Dry Skin Gel

ဒီကနေ့ခေတ် Beauty Category ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေချည်းရှိနေတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ စိတ်ပါဝင်စားမှုအခန်းကဏ္ဍဟာလည်း အများကြီးပါဝင်လာပါတယ်။ တိတိကျကျပြောရရင် အသားအရေထိန်းသိမ်းမှုအပိုင်းမှာပါ။ အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ မိမိတို့ရဲ့အသားအရေထိန်းသိမ်းမှုအပိုင်းကို အထူးတလည်ဂရုတစိုက်နဲ့လုပ်ဆောင်နေကြပါတယ်။ ဆိုတော့ အသားအရေထိန်းသိမ်းမှုအပိုင်းမှာ တော်တော်မှတော်တော်ကြီးကို မိုက်တဲ့ product တစ်ခုကို LUSH ရဲ့ Beauty Section ကနေ တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်။ ခေါင်းစဉ်ကိုဖတ်ပြီးမှ ဒီအထိရောက်လာခဲ့တာဆိုတော့ ဘာ product ဖြစ်တယ်ဆိုတာတော့ သိပြီးလောက်မှာပါ။ ဟုတ်ပါတယ်။ Bio-Oil Dry Skin Gel ပါ။

လူတစ်ဦးချင်းစီတိုင်းဟာ skin type တွေ မတူညီကြပါဘူး။ အသားအရေခြောက်သွေ့တတ်သူ၊ အဆီပြန်သူ၊ ပုံမှန်အသားအရေရှိသူ၊ combination ဆိုတဲ့ပေါင်းစပ်အသားအရေရှိသူ၊ sensitive ဖြစ်တဲ့အသားအရေရှိသူ စသည်ဖြင့် မတူညီတဲ့ skin type တွေရှိကြပါတယ်။ Bio-Oil Dry Skin Gel ဟာ အသားအရေခြောက်သွေ့တတ်သူ Dry skin type တွေအတွက် နတ်တွေဖန်ဆင်းပေးလိုက်တဲ့ အထူးဆေးဝါးတစ်မျိုးလိုပါပဲ။ ဒီတော့ Dry skin ဖြစ်နေသူ၊ Dry skin type ရှိသူတစ်ယောက်ဟာ Bio-Oil Dry Skin Gel အကြောင်းမသိထားဘူးဆိုရင်တော့ သိပ်အဆင်ပြေမနေပါဘူးဆိုပါတော့။

ဘာလို့ Dry skin ဖြစ်တာလဲ။ လွယ်လွယ်နဲ့နားလည်လွယ်အောင်ပြောရရင် လုံလောက်တဲ့အစိုဓာတ်ကို skin ကနေ retain မလုပ်ပေးနိုင်တဲ့အခါ အသားအရေခြောက်သွေ့မှု Dry skin ကိုဖြစ်စေပါတယ်။ အသားအရေခြောက်သွေ့မှုကြုံရပြီဆိုရင်တော့ ပြန်လည်ထိန်းသိမ်းမှုကို မဖြစ်မနေပြုလုပ်ဖို့လိုအပ်လာပါတယ်။ ထိန်းသိမ်းမှုမှမလုပ်ဘူးဆိုရင်တော့ အခြေအနေဆိုးဝါးတဲ့အဆင့်တွေကို ကြုံလာရစေနိုင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းဟာ အချို့သော ရောဂါအခံတွေကြောင့်ဖြစ်စေသလို ရာသီဥတု၊ အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ထိတွေ့တာ၊ ခရမ်းလွန်ရောင်ခြည်ထိတာ၊ အေးပြီးခြောက် သွေ့တဲ့နေရာမှာအနေများတာစတဲ့အကြောင်းအရာတွေကြောင့်လည်း အသားအရေခြောက်သွေ့မှုကို ဖြစ်စေပါတယ်။

ဒီအခက်အခဲတွေကို ထိထိရောက်ရောက်နဲ့အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် Bio-Oil Dry Skin Gel က အပြည့်အဝ ကူညီပေးနိုင်ပါတယ်။ ဆိုတော့ Bio-Oil Dry Skin Gel အကြောင်းဆက်လိုက်ကြရအောင်ပါ။ Bio-Oil Dry Skin Gel ဟာ Gold Standard ရရှိထားတဲ့ အဆီကိုအဓိကထားပြီး ဖော်မြူလာအသစ်ကိုတီထွင်ထားတဲ့ gel type ဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးအသုံးပြုဖူးနေကျ lotion နဲ့ cream တွေမှာ ရေဓာတ် ၇၀ % ပါဝင်ပြီးလိမ်းလိုက်တဲ့အချိန်မှာ အရေပြားပေါ်လိမ်းလိုက်တဲ့အခါ ခဏတာပဲအာနိသင်ငြိတွယ်ပြီး ရေဟာ အငွေ့ပျံသွားတဲ့အတွက် အသားအရေခြောက်သွေ့ခြင်းကို ထိရောက်စွာမလုပ်ဆောင်နိုင်တာကို နောက်ပိုင်းမှာတွေ့ရှိလာခဲ့ပါတယ်။ ဒီအားနည်းချက်ကို ပြင်ဆင်ပြီး ထုတ်လုပ်ထားတဲ့ Bio-Oil မှာဆိုရင်တော့ အဆီဓာတ် ၈၇ % ၊ humectant ၁၀ % နဲ့ ရေဓာတ် ၃ % ပါဝင်ပါတယ်။

Bio-Oil Dry Skin Gel ဟာ အရောင်အားဖြင့် ပန်းရောင်ရှိတဲ့ gel type ဖြစ်ပါတယ်။ အနံ့ကလည်း ပြင်းရှတဲ့ ရနံ့မျိုးမဟုတ်ဘဲ သိသာတယ်ဆိုရုံမွှေးပျံ့သင်းမြပြီး ပန်းရောင်နဲ့လိုက်ဖက်လွန်းတဲ့ ချစ်စရာရနံ့လေးရှိပါတယ်။ သူက ခန္ဓာကိုယ် skin ရဲ့တစ်နေရာတည်းအတွက်ကို အထူးပြုထားတာမျိုးမဟုတ်ဘဲ ခန္ဓာတစ်ကိုယ်လုံးအနှံ့ဘယ်နေရာမဆို အသုံးပြုနိုင်တဲ့ multi type မျိုးဖြစ်ပါတယ်။ Bio-Oil Dry Skin Gel ကို အသုံးပြုတဲ့အခါမှာလည်း ပမာဏအများကြီးအသုံးပြုစရာမလိုဘဲ နည်းနည်းလေးအသုံးပြုပေးတာနဲ့ အချိန်ကြာကြာနဲ့ ထိရောက်မှုရှိစေပါတယ်။ သုံးပြီးချက်ချင်းမှာပဲ အသုံးမပြုထားတဲ့အသားအရေ နဲ့ကြီးမားတဲ့ကွာခြားချက်ကို တွေ့ရမှာပါ။

Bio-Oil Dry Skin Gel ဟာ သူတို့ရဲ့ အမြဲနာမည်ရအောင်မြင်ပြီးဖြစ်တဲ့ ကောင်းမွန်တဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရင်းနဲ့ ခရီးဆက်လာသူလည်းဖြစ်ပါတယ်။ Bio-Oil Dry Skin Gel ဟာ အရေပြားအတွင်းသို့ စိမ့်ဝင်မှုမြန်ဆန်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းပါဝင်မှုကင်းစင်ပြီး အဟာပြည့်ဝတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေနဲ့ အသားအရေအတွက်အထူးစပယ်ရှယ်ထုတ်လုပ်ထား တာဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလိုပဲ သူက နည်းနည်းအသုံးပြုပေးတာနဲ့ အချိန်ကြာကြာအထိ အာနိသင်စွဲမြဲစွာတည်ရှိနေတာကြောင့် စိတ်ထဲကနေ ပြန်ပြီးအသုံးပြုဖို့လိုအပ်နေလောက်ပြီလားလို့ ထင်မိတဲ့အချိန်အထိတောင် အာနိသင်လုံးဝမပြယ်ဘဲ အသားအရေစိုပြေနေဆဲဖြစ်နေတာကို အသုံးပြုသူတွေ တအံ့တသြဖြစ်ကြရပါတယ်။ ဒီအချက်ဟာ Bio-Oil ချစ်သူတွေဆီက အမှတ်ပြည့်ရယူနိုင်တဲ့အချက်လည်းဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ dry skin ဖြစ်ရတာဟာ လုံလောက်တဲ့အစိုဓာတ်ကို skin က retain မလုပ်ပေးနိုင်တာကြောင့်လို့ပြောခဲ့ပါတယ်။ Bio Oil Dry Skin Gel က retain မလုပ်ပေးနိုင်တဲ့ Skin ကို အစိုဓာတ်ထိန်းသိမ်းဖို့အတွက် အကူအညီပေးသူဖြစ်ပါတယ်။

ရံဖန်ရံခါမှ Dry Skin ဖြစ်တတ်သူတစ်ယောက်မဟုတ်ဘဲ နဂို Dry skin type ရှိတဲ့သူတွေတောင် အချိန် ၃ ရက်၊ ၄ ရက် ကြာတစ်ပါတ်မပြည့်ခင်မှာ ပုံမှန်အသားအရေကို ရရှိပြီလို့ ခံစားလာရစေပါတယ်။ အသုံးပြုသူတွေအားလုံးပေးထားတဲ့မှတ်ချက်အရ နှစ်ပါတ်အကြာ ၁၄ ရက်ခန့် အသုံးပြုပြီးတဲ့အချိန်မှာတော့ ခြောက်သွေ့မှုကင်းစင်ရုံတင်မကဘဲ အမြဲတမ်းအသားအရေစိုပြေလန်းဆန်းနေမှုကို ရကြပါတယ်။ ဒါကြောင့် LUSHer တို့မသုံးဖူးသေးရင် အမြန်ဆုံးသုံးကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်။

Bio-Oil Dry Skin Gel ဟာ အသားအရေစိုပြေနေတာကိုလိုချင်မက်မောတဲ့ အမျိုးသားအမျိုုးသမီး ဘယ်သူမဆို အလွယ်တကူအသုံးပြုနိုင်ပါတယ်။ Bio-Oil Dry Skin Gel ကို ၂၀၁၉ အောက်တိုဘာလကတည်းကစတင်ပြီး မြန်မာနိုင်ငံရဲ့ ဆေးဆိုင်နဲ့ စတိုးဆိုင်၊ Supermarket တွေမှာ အလွယ်တကူဝယ်ယူရရှိနေနိုင်ပြီဖြစ်ပါတယ်။

Bio-oilBio-Oil Dry Skin GelLUSH AdvertorialLUSH Beauty & SoulLUSH June 2020LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Gucci က COVID-19 ရဲ့ရိုက်ခတ်မှုတွေကနေ ရုန်းထွက်ဖို့ အိတ်တွေရဲ့ဈေးကို တိုးမြှင့်
next post
ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

Recommended

How to sunscreen after lock downs loosen

June 9, 2020

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

The Iconic Evening Fashion Show – Designer Won...

October 26, 2019

L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

January 9, 2019

THE MAN

June 11, 2019

Sun’s Flower

March 12, 2019

Stress Solution

May 18, 2020

Eye shadows & Lip Colors Obsessed with for...

April 18, 2019

Goodness Gracious

October 18, 2017

Slicked-Back Bun ရဖို့ ဘယ်လို Styling လုပ်မလဲ?

November 24, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem