LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

written by Maeve August 19, 2020
Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

ကော်လဂျင်အားဖြည့်ဆေးတွေရဲ့ကောင်းကျိုးတွေအကြောင်း အရင်တစ်ပတ်ကအဆက်ကို ဒီနေ့မျှ‌ေ၀ပေးသွားပါမယ်။ အရင်တစ်ပတ်ကရေးထားတာ မဖတ်ရသေးရင်လည်း ဒီမှာ ဖတ်လို့ရပါတယ်။ အရင်တစ်ပတ်တုန်းက စာကိုဖတ်ပြီးရင်တော့ ကော်လဂျင်အားဖြည့်ဆေးတွေကို သောက်မယ်ဆို အသားအရေအတွက်တင်မဟုတ်ဘဲ အရိုးတွေနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက်ပါ ကောင်းတယ်ဆိုတာ သိပြီးကြမှာပါ။ ဆိုတော့ နောက်ထပ်အကျိုးရှိမယ့်အချက်လေးတွေကိုလည်း အခုမျှ‌ေ၀ပေးမယ်နော်

ကြွက်သားထုထည်ကို တိုးစေခြင်း

ကြွက်သားတစ်ရှုး တွေရဲ့ ၁ ကနေ ၁၀% လောက်က ကော်လဂျင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကော်လဂျင်ဆိုတာ ပရိုတိန်းဓာတ်တစ်ခုဖြစ်တာမို့လို့ ကြွက်သားတွေသန်မာ‌ေအာင်၊ လိုအပ်တဲ့လုပ်ငန်းတွေလုပ်နိုင်အောင်‌ ကော်လဂျင် ပရိုတိန်းဓာတ်က လိုကိုလိုအပ်ပါတယ်။ လေ့လာမှုတွေအရ ကော်လဂျင်အားဖြည့်ဆေးတွေက Sarcopenia (အသက်ကြီးလာခြင်းကြောင့် ကြွက်သားဆုံးရှုံးခြင်း) ဖြစ်တဲ့ လူတွေရဲ့ ကြွက်သားထုထည်ကို တိုးစေပါတယ်။ 

လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းလုပ်ပြီး ကော်လဂျင် ၁၅ဂရမ် ကို ၁၂ ပတ်တိတိ နေ့စဥ်သောက်တဲ့ အားနည်းတဲ့‌အမျိုးသား ၂၇ ဦးက လေ့ကျင့်ခန်းပဲလုပ်ပြီး ကော်လဂျင်လုံး၀မသောက်တဲ့အမျိုးသားတွေနဲ့ ယှဥ်တဲ့အခါမှာ ကော်လဂျင်သောက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့သူတွေက ကြွက်သားထုထည်ပိုရှိပြီး အားပိုရှိနေတာကို တွေ့ခဲ့ရပါတယ်။

လေ့လာသူတွေရဲ့ပြောဆိုချက်အရ ကော်လဂျင်သောက်တာက creatine လို ကြွက်သားပရိုတိန်းဓာတ်တွေစုစည်းမှုကို တိုးစေသလို လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ ကြွက်သားကြီးထွားမှုကိုလည်း လှုံဆော်ပေးနိုင်တယ်လို့ သိရပါတယ်။ ကော်လဂျင်က ကြွက်သားထုထည်ကိုတိုးစေနိုင်တယ်ဆိုတဲ့အချက်ကို ပိုပြီးသေချာအောင်လုပ်နိုင်မယ့် လေ့လာမှုတွေလည်း လိုပါသေးတယ်။

နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

လေ့လာသူတွေက ကော်လဂျင်အားဖြည့်‌ဆေးတွေသောက်တာဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ချေကို လျော့ကျစေတယ်လို့ ယူဆထားကြပါတယ်။ ကော်လဂျင်က နှလုံးဆီကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီကို သွေးတွေသယ်ဆောင်ပေးတဲ့ သွေးလွှတ်ကြော (arteries) တွေ ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထောက်ပံ့ပေးပါတယ်။ ကော်လဂျင် လုံလောက်မှုမရှိရင် သွေးလွှတ်ကြောတွေက အားနည်းပြီး ပျက်စီးလွယ်လာပါတယ်။ အဲ့လိုဖြစ်တာကနေ Atherosclerosis လို့ခေါ်တဲ့ နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်လာတတ်ပါတယ်။ Atherosclerosis က နှလုံးဖောက်ပြန်မှု (heart attack) နဲ့ လေဖြတ်တာတွေကို ဖြစ်နိုင်ပါတယ်။ 

လေ့လာမှုတစ်ခုမှာ ကျန်းမာတဲ့လူ ၃၁ ယောက်ကို တစ်နေ့ ကော်လဂျင် ၁၆ ဂရမ်ဆီ ၆လတိတိ နေ့စဥ်သောက်ခိုင်းပါတယ်။ ၆လပြည့်တဲ့အခါမှာတော့ ကော်လဂျင်မသောက်ခင်ကနဲ့ယှဥ်ရင် သွေးလွှတ်ကြော တင်းကြပ်မှုမှာ သိသိသာသာလျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စ်ထရော (HDL) ကိုလည်း ပျမ်းမျှ ၆% လောက်ထိတိုးစေပါတယ်။ HDL က Atherosclerosis အပါအ၀င် နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ရဲ့ ဖြစ်နိုင်ချေကို လျော့ကျအောင် လုပ်ပေးတဲ့ အဓိကနေရာမှာ ပါပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကော်လဂျင်အားဖြည့်ဆေးတွေက နှလုံးကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ပိုပြီးသေချာအောင်လုပ်ဖို့ လေ့လာမှုတွေ လိုအပ်ပါသေးတယ်။

အခြားအကျိုးကျေးဇူးများ

ကော်လဂျင်အားဖြည့်ဆေးတွေက အပေါ်ကအချက်တွေအပြင် သောက်သုံးတဲ့သူတွေကြားထဲမှာ လက်ခံထားကြတဲ့ တခြားအားသားချက်တွေလည်းရှိပါသေးတယ်။ ဒါပေမဲ့ ဒီအချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာကြရသေးပါဘူး။

ဆံပင် နဲ့ လက်သည်း အတွက်ကောင်းခြင်း

ကော်လဂျင်သောက်တာက လက်သည်းတွေကို ခိုင်ခံ့စေပြီး ကျိုးလွယ်တာမျိုးကို လျော့စေပါတယ်။ နောက်ပြီး ဆံပင်နဲ့ လက်သည်းတွေကိုလည်း အရှည်မြန်စေပါတယ်။

အူကျန်းမာရေးအတွက်ကောင်းခြင်း

သိပ္ပံနည်းကျသက်သေပြနိုင်တဲ့အထောက်အထားတွေမရှိသေးပေမဲ့ တချို့ ကျန်းမာရေးပညာရှင်တွေကတော့ အူလမ်းကြောင်းမလုံခြင်းရောဂါကို ကုသတဲ့အခါမှာ ကော်လဂျင်အားဖြည့်ဆေးတွေကို သောက်နိုင်တယ်လို့ ဆိုပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက် ကောင်းခြင်း

ကော်လဂျင်အားဖြည့်ဆေးက ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်တယ်ဆိုတဲ့အချက်ကတော့ လေ့လာထားတာတွေ မရှိသေးပါဘူး။ ဒါပေမဲ့ တစ်ချို့လူတွေကတော့ စိုးရိမ်ပူပန်မှု လက္ခဏာတွေကို လျော့ကျစေပြီး စိတ်ခံစားချက်ကောင်းစေတယ်လို့ အခိုင်အမာပြောကြပါတယ်။ 

၀ိတ်ကျစေခြင်း

ကော်လဂျင်အားဖြည့်‌ေဆးတွေသောက်တာက ၀ိတ်ကျစေပြီး ဇီ၀ဖြစ်ပျက်မှု metabolism ပိုမြန်တယ်လို့ တချို့လူတွေက ယုံကြည်ထားကြပါတယ်။ ဒီအချက်ကို သက်သေပြနိုင်မယ့် လေ့လာမှုတွေတော့ မရှိသေးပါဘူး။

ဒီဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေက အလားအလာကောင်းပေမဲ့ တရား၀င်ကောက်ချက်မချခင် လေ့လာမှုတွေအများကြီး လုပ်ဖို့လိုနေပါသေးတယ်။

ဒါတွေကတော့ ကော်လဂျင်အားဖြည့်ဆေးတွေသောက်မယ်ဆို ရနိုင်တဲ့အကျိုးကျေးဇူးတွေပါပဲ။ Health line ရဲ့ article ကို ဘာသာပြန်ပြီး မျှ‌ေ၀ပေးခဲ့တာဖြစ်ပြီး ဆေးပညာသုံးစကားလုံးတွေပါတဲ့အတွက် တချို့နေရာတွေမှာ ဘာသာပြန်လိုအပ်ချက်တွေရှိခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ 

နောက်လည်း ဘယ်လို သဘာ၀အစားအသောက်တွေကနေ ကော်လဂျင်ကို ရနိုင်မလဲဆိုတာကိုလည်း အလျဥ်းသင့်ရင်သင့်သလို မျှ‌ေ၀ပေးသွားပါဦးမယ်။ 

Source: Healthline

August 2020Benefits of Collagen supplementsCollagenCollagen supplementsLifeStyleLUSH Beauty & SoulLUSH DAILYLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Virtual Art Galleries and Museum
next post
Burberry ကထုတ်လုပ်လိုက်တဲ့ သူ့ brand ရဲ့ ပထမဆုံး Face Mask များ

Recommended

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

In the Mood for Love 20 years memory

June 8, 2020

Goodness Gracious

October 18, 2017

Oscars 2020 Red Carpet Fashion

February 10, 2020

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

March 19, 2019

လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson

August 4, 2020

အားလုံးကိုပျော်ရွှင်စေခဲ့တဲ့ Moschino Resort 2019 Collection

June 14, 2018

သမာရိုးကျ schedule ကနေကွဲထွက်ပြီး အာရှမှာ ပြုလုပ်သွားမယ့် LV spring/ summer...

July 15, 2020

SPLASH OF LUMINOUS

November 19, 2018

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem