ကမ္ဘာ့ပထမဆုံး Makeup Museum ကို လာမယ့် ၂၀၂၀ မေလ မှာ New York မြို့မှာဖွင့်လှစ်သွားမှာပါ။ ဒီ Makeup Museum က လှပခြင်းရဲ့သမိုင်းကြောင်း နဲ့ လူမူအဖွဲ့အစည်းပေါ်မှာ အလှအပရဲ့သက်ရောက်နိုင်စွမ်းတွေကို ရည်ညွှန်းဖေါ်ပြနေမှာပါ။ စွန့်ဦးတီထွင်သူတွေ၊ Marilyn Monroe, Greta Garbo စတဲ့ မိတ်ကပ် industry မှာ တစ်စိတ်တစ်ပိုင်းနေရာယူခဲ့တဲ့ Iconic ဖြစ်ခဲ့တဲ့လူတွေ နဲ့ ပြီးခဲ့တဲ့ရာစုနှစ်တွေက ရှေးဟောင်းပစ္စည်းတွေကို တွေ့ရနိုင်မယ့် ဒီ Makeup Museum က Pink Jungle: 1950s Makeup in America ဆိုတဲ့ အပြင်အဆင်နဲ့ စတင်ပွဲဦးထွက်မှာပါ။
Makeup Museum ကို 1950s အချိန်ကာလနဲ့စတင်ခဲ့ရတဲ့ရည်ရွယ်ချက်ကတော့ 1950s က မော်ဒန်မိတ်ကပ်လောက စတင်မွေးဖွားခဲ့တဲ့ကာလအပိုင်းအခြားဖြစ်နေလို့လို့ executive director နဲ့ co-founder ဖြစ်သူ Doreen Bloch ရဲ့ပြောစကားအရ သိရပါတယ်။ လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ အရင်ခေတ်က ရှေးဟောင်းပစ္စည်းတွေ၊ အသိပညာတိုးစေမယ့် အချက်အလက်တွေ၊ တမူထူးခြားတဲ့ events တွေ နဲ့ aesthetic spaces တွေကို တွေ့မြင်ခံစားနိုင်မှာပါ။
Ref: BusinessInsider