LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesLUSH DAILY

Gucci က COVID-19 ရဲ့ရိုက်ခတ်မှုတွေကနေ ရုန်းထွက်ဖို့ အိတ်တွေရဲ့ဈေးကို တိုးမြှင့်

written by Maeve June 22, 2020
Gucci က COVID-19 ရဲ့ရိုက်ခတ်မှုတွေကနေ ရုန်းထွက်ဖို့ အိတ်တွေရဲ့ဈေးကို တိုးမြှင့်

ပြိုင်ဘက်တွေဖြစ်တဲ့ Louis Vuitton နဲ့ Chanel တို့က သူတို့ရဲ့ brand တွေ ဈေးတက်သွားတာမျိုးဖြစ်ရင်တောင် ချမ်းသာကြွယ်ဝတဲ့သူတွေ ဝယ်သုံးနိုင်သေးတယ်ဆိုတဲ့ ဗျူဟာကို ပါဝင်တဲ့အနေနဲ့ Gucci ကလည်း သူတို့ရဲ့အိတ်ဈေးတွေကို ၉% လောက်ထိတိုးမြှင့်လိုက်ပါတယ်။ luxury brand တွေက COVID-19 ရဲ့ ရိုက်ခတ်မှုတွေကို ဒီနည်းနဲ့ ရုန်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ ဒီသတင်းကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Jefferies analyst တွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အီတလီ နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ စီးပွားရေး ကဏ္ဍမှာ အဓိကနေရာက ပါဝင်နေတဲ့ ဇိမ်ခံဖက်ရှင်လုပ်ငန်းက lockdown ရဲ့ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်ထားတဲ့ ဆိုင်တွေကို ပိတ်ပစ်ဖို့ ဖိအားပေးခံနေရသလို လူတွေရဲ့ဝင်ငွေကျဆင်းနိုင်တာကြောင့် မရေရာ မသေချာတဲ့ နှစ်တွေကို ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

Jefferies က analyst တစ်ယောက်ဖြစ်တဲ့ Flavio Cereda က မေလ နဲ့ ဇွန်လမှာ Gucci Dionysus $2,290 အိတ်နဲ့ Gucci Zumi $2,980 အိတ်ကို နိုင်ငံပေါင်းစုံက့ဈေးတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပြီးတော့ အီတလီနဲ့ ဗြိတိန်မှာရော တရုတ်မှာပါ ၅% ကနေ ၉% လောက်ထိ ဈေးတက်တာကို တွေ့ခဲ့ရပါတယ်။ Creada ရဲ့ပြောစကားအရ ဇိမ်ခံပစ္စည်းဈေးကွက်ရဲ့အဓိကနိုင်ငံတွေဖြစ်တဲ့ တရုတ်လိုနိုင်ငံမျိုးနဲ့ ယှဉ်ရင် ဥရောပမှာရှိတဲ့အိတ်ဈေးက နည်းနေတဲ့အတွက် ဒီလိုကွာဟတာမျိုးကို ဈေးနှုန်းပြောင်းလဲမှုက လျော့နည်းလာအောင် ထိန်းချုပ်နိုင်လောက်တယ်လို့ ပြောပါတယ်။

ဈေးနှုန်းတိုးမြှင့်ပြီးတဲ့နောက် အခုထိတော့ တရုတ်နိုင်ငံမှာ Dionysus အိတ်ရဲ့ ယူရိုဈေးနှုန်းက အီတလီနိုင်ငံထက် ၂၈%၊ Zumi အိတ်ဆို ၂၃% လောက်မြင့်နေတုန်းလို့ Cereda ရဲ့ အစီရင်ခံစာထဲမှာ တွေ့ရပါတယ်။ “Gucci လို ခိုင်မာတဲ့ brand မျိုးက ဝင်ငွေကျဆင်းမှုကိုလျှော့ချဖို့ ပစ္စည်းဈေးနှုန်းတွေမြှင့်လိုက်တယ်ဆိုတာ ထူးတော့မထူးဆန်းပါဘူး” ဆိုပြီး Cereda က ပြောခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Gucci ဘက်က တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

Source: CPPLuxury, Hypebeast

Editor: MayMT

ChanelCOVID19fashionGucciLouis VuittonLUSH DAILYLUSH June 2020LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
Unusual Decorations to put around the house
next post
Bio-Oil Dry Skin Gel

Recommended

The More That Meets The Eye 

July 8, 2020

Seoul Fashion Week Fall 2019 က အမုိက္စားဖက္ရွင္ပံုရိပ္မ်ား

March 21, 2019

British Billionaire James Dyson ရဲ႕ Super Penthouse

July 18, 2019

Street Fashion at Milan Fashion Week FW2020

February 28, 2020

Monochromatic Interior

July 6, 2020

Sunglasses – Fashion Vocabulary

August 1, 2019

Virtual Art Galleries and Museum

August 19, 2020

Glam Footwears; Paying Attention to the Shoes

December 19, 2020

Gifts for Father’s Day That Can Be Bought...

June 15, 2020

Bedroom Products To Boost Your Sleep 

June 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem