LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

LUSH Pick July 2019 | Beauty Curate

written by Maeve July 25, 2019
LUSH Pick July 2019 | Beauty Curate

LUSHers လေးတို့ရေ အခုဆို July လ ရောက်လာပြီဆိုတော့ 2019 ခုနှစ်ကို နှစ်ဝက်တောင်ကျော်လာခဲ့ပြီနော်။ ဒီနေ့မှာ မိတ်ကပ်ကို စိတ်ဝင်စားကြတဲ့၊ ချစ်ကြတဲ့ သူတွေအတွက် အခုချိန်ထိ ထွက်ရှိခဲ့တဲ့ Cosmetics တွေထဲကနေမှ Team LUSH ကနေ LUSHers တို့အတွက် လိုက်ဖက်မယ့် products လေးတွေကို ရွေးချယ်ပေးလိုက်ရပါတယ်။

 

1. Hourglass Ambient Light Correcting Primer

အားလုံးသိပြီးကြတဲ့အတိုင်း မိတ်ကပ်စလိမ်းတော့မယ်ဆိုရင် အရေးကြီးဆုံးက Primer လိမ်းဖို့ လိုအပ်တာပေါ့။ Primer သာ မလိမ်းထားဘူးဆိုရင် Foundation လိမ်းတဲ့အချိန် မညီမညာလည်းဖြစ်နိုင်သလို ချွေးပေါက်တွေလည်း ကျယ်နိုင်တယ်နော်။ အခု ရွေးပေးလိုက်တဲ့ Primer က light-weight လည်း ဖြစ်သလို texture ကောင်းကောင်းလေး ထွက်တဲ့အပြင် အဆီပြန်တဲ့အသားအရည်ရှိတဲ့သူတွေလည်း သုံးနိုင်ပါတယ်။

 

2. Chanel Les Beiges Water Fresh Tint Foundation

အခု ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာဆို Glow ဖြစ်တဲ့ Foundation ကို ရွေးချယ်လာတာပိုများကြတယ်လေ။ ဒီ Chanel Les Beiges Water Fresh Tint ကတော့ တခြား Foundation တွေလို Cream type မဟုတ်ဘဲ gel-type ကိုမှ လုံးဝ အကြည်ရောင်ပါ။ Full Coverage တော့ အပြည့်မပေးနိုင်ပေမည့် ကိုယ့်အသားအရည်နဲ့လိုက်ဖက်မည့် Shades ကလည်း (၆) မျိုး ရှိတာဆိုတော့ ရွေးချယ်စရာလည်း များပါတယ်။ ဒီ Foundation ကို လိမ်းပြီးရင်တော့ တစ်နေ့လုံး အပေါ်က Setting powder တောင် ပြန်သုံးစရာ မလိုသလို တကယ့် ပုံမှန် အသားအရည်အရောင်ကိုလည်း ရနိုင်တာမို့လို့ ဝယ်ထားသင့်ပါတယ်။

 

3. NARS Radiant Creamy Concealer

Foundation ရွေးချယ်မှု မှန်ကန်ပြီး concealer အရွေးမမှားဖို့ အရေးကြီးတယ်နော်။ ဒီ NARS brand ကတော့ အကျယ်တဝင့် ရှင်းပြစရာတောင် မလိုတော့ဘူးလို့ ထင်ပါတယ်။ Shades ကလည်း (၁၆) မျိုး ရှိတာဆိုတော့ ရွေးစရာတွေလည်းအများကြီးပဲပြောရပါမယ်။ Coverage အနေနဲ့လည်း တော်တော်လေးကို အဆင်ပြေတဲ့အထဲမှာ ပါပါတယ်။ Long-lasting လည်းဖြစ်တဲ့အတွက် ကိုယ့်အလှပျက်ဖို့ဆိုတာကို စိတ်ပူစရာတောင် မလိုတော့ပါဘူး။

 

4. Anastasia Beverly Hills Pro Series Contour Kit

Highlighter ကော Contour Shades သုံးခုစီပါတာကြောင့် Highlighter အတွက် ဘာဝယ်ရမလည်းဆိုတာကိုလည်း ခေါင်းစားစရာမလိုတော့ဘူးပေါ့။ ဒီ Anastasia Beverly Hills Pro Series က Kim Kardashian နဲ့ Kylie Jenner တို့လည်း ကြိုက်နှစ်သက်တဲ့ Contour Kit တွေထဲက တစ်ခုအပါအဝင်ဆိုတော့ လုံးဝကို ရှိသင့်နေပါပြီနော်။

 

5. Urban Decay Born to Run Eye Shadow Palette

Urban Decay လို့ဆိုလိုက်တာနဲ့ အားလုံးကတော့ သဘောကျမယ်ဆိုတာ သိနေပါတယ်။ Urban Decay က အခုနောက်ပိုင်း Pigmentation ကောင်းကောင်းနဲ့ ပစ္စည်းအသစ်တွေလည်း အများကြီးထုတ်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီ Born to Run Eye Shadow Palette ကို ရွေးချယ်ပေးရတဲ့ အကြောင်းအရင်းကတော့ အရောင်လေးတွေကလည်း စုံတဲ့အပြင် ပုံမှန်ထသွားထလာ အချိန်မှာ ခြယ်သနိုင်သလို ညဘက် ပွဲလမ်းတွေရှိရင်လည်း ဒီ palette လေးတစ်ချပ်ရှိတာနဲ့ ကိုယ်ရဲ့ Makeup Look က ပြီးပြည့်စုံသွားမှာပါ။ Palette လေးက ပါးပါးလေးဆိုတော့ ကိုယ်ခရီးသွားတဲ့အချိန်မှာလည်း နေရာသိပ်မယူဘဲ ယူသွားလို့ရသေးတယ်နော်။

 

6. L’Oreal Paris Extra Intense Liquid Pencil Eyeliner

Eyeliner ဆိုတာက မိန်းကလေးတိုင်းအတွက် မရှိမဖြစ်နော်။ တစ်ခါတလေကျ မျက်လုံး ဘာမှမခြယ်ထားရင်တောင် Eyeliner လေး ဆွဲထားရင် ကိုယ့်ရဲ့မျက်လုံးလေးက Bold ဖြစ်နေမှာပါ။ အခု ဒီ L’Oreal Paris က Eyeliner က Liquid Liner လည်းပါသလို တခြား တစ်ဖက်မှာလည်း Pencil Liner ပါပါသေးတယ်။ Smokey Eye Look ရဖို့အတွက်လည်း စိတ်မပူပါနဲ့နော် Smudger လေးပါ တွဲပါထားတာမို့လို့ လုံးဝကို အဆင်ပြေစေမှာပါ။

 

7. Maybelline Total Temptation Mascara

အခုခေတ် မိန်းကလေးတွေအများစုက Eye Lashes တွေ Extension လုပ်ကြတာကို စိတ်ဝင်စားမှု များလာကြတယ်ဆိုတာ ငြင်းမရပါဘူးနော်။  အခုလို Extension လုပ်စရာမလိုဘဲ ကိုယ်ရဲ့ရှိရင်း မျက်တောင်လေးတွေကို ပုံမှန်ထက် ကော့ပြီး လှပဖို့အတွက်ဆိုရင်တော့ Maybelline Total Temptation ကို ညွှန်းပေးချင်ပါတယ်။ ချွေးထွက်များတဲ့ အားကစားတွေ လုပ်နေရင်တောင်မှ Mascara အရည်တွေ လုံးဝမကျလာတာမို့လို့ ပန်ဒါမျက်လုံး ဖြစ်မှာကိုလည်း စိတ်ပူစရာမလိုဘူးနော်။

 

8. Charlotte Tilbury Hot Lips 2 Lipstick Collection

ဒီ Charlotte Tilbury Hot Lips 2 Lipstick Collection ကတော့ လတ်တလောလေးကမှ ထွက်ရှိလာတာပါ။ သူကတော့ အရောင်အားဖြင့် ၁၀ ရောင် ရွေးချယ်နိုင်ပြီးတော့ Shades တွေကတော့ တကယ့်ကို စိတ်ဝင်စားစရာတစ်ခုပါပဲ… KISSING Shades ဆိုပြီး အရောင် ငါးရောင် ပါသလို Matte ကြိုက်ကြတဲ့သူတွေအတွက် Matte Revolution အရောင် ငါးရောင် ကို ရွေးချယ်နိုင်မှာပါ။ သူ့ရဲ့ထူးခြားချက်ကတော့ နှုတ်ခမ်းအစိုဓာတ်ကို ဖြည့်ပေးမယ့် Lip Conditioner ပါဝင်လာတာပါ။  Lipstick kit တစ်ခုဝယ်ရင် Lip conditioner တစ်ခု အပိုဆောင်းရနိုင်မှာပါ။ Lipstick Crazy တွေအတွက် ဒီ Charlotte Tilbury Hot Lips 2 Lipsticks က တကယ့်ကို အရမ်းမိုက်မယ်ဆိုတာတော့ မမှားပါဘူးနော်။

 

9. Laura Mercier Translucent Loose Setting Powder

မိတ်ကပ်လိမ်းပြီးသွားပြီဆိုတော့ တစ်နေကုန် ကြာရှည်ခံဖို့အတွက် Setting Powder ကတော့ လိုအပ်တယ်နော်။ Texture အရကော Matte Finish ဖြစ်တဲ့အပြင် “best in beauty” Bestseller မို့လို့ ရှိထားသင့်ပါတယ်နော်။

အခုဆို ဒီ Product (၉) မျိုးကတော့ အခု ၂၀၁၉ ခုနှစ် နောက်ပိုင်းမှာ ခေတ်စားလာတဲ့ Cosmetics တွေကနေ ရွေးချယ်ပေးထားတာပါ။ ဘယ်လိုလဲ… LUSHers တို့လည်း အကြိုက်တွေ့မယ်လို့ထင်ပါတယ်။

 

Editor: Eain Chu

LUSH Beauty & SoulLUSH DAILYLUSH JULY 2019LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Blazer – Fashion Vocabulary
next post
ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

Recommended

THE NEW GENERATION OF FASHION DESIGNERS TO WATCH

September 7, 2026

The skin for ages

May 16, 2018

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

March 19, 2019

ကမ္ဘာ့ပထမဆုံးရေမွှေးအနံ့ပါတဲ့အိတ်ကို ထုတ်လုပ်လိုက်တဲ့ Fendi

December 11, 2019

Busker Busker

July 22, 2020

နိုဝင်ဘာမှာနားထောင်ရတော့မယ့် Coldplay တို့ရဲ့ နှစ်ချပ်တွဲ Album အသစ်

October 23, 2019

A Whole New World

July 28, 2020

Never Gets Old | ဘယ်တော့မှ မရိုးသွားမဲ့ Chic Style...

November 14, 2020

Chuck Taylors – Fashion Vocabulary

November 14, 2019

Cocktail Dress – Fashion Vocabulary

September 19, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem