LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
SOCIAL ETIQUETTE

“Hey, you’ve become Fat!”

written by Maeve May 7, 2019
“Hey, you’ve become Fat!”

“မင်္ဂလာပါ” ဆိုတာကတော့ မြန်မာပြည်ရဲ့ “Hello” ပါ။ ဒါပေမဲ့ နေ့စဉ်မှာတော့ “နေကောင်းလား”၊” မတွေ့ရတာ ကြာပြီနော်”လို့ပြောကြပြီး စိတ်အညစ်ရဆုံးစကားကတော့ “ဝလာတယ်နော်” ပါ။ မြန်မာ့ဓလေ့မှာတော့ ဝ လာတယ်ဆိုတာကတော့ စိတ်ချမ်းသာကိုယ်ကျန်းမာတယ်လို့ သဘောသက်ရောက်ပေမယ့် အပြောခံရတဲ့ လူတွေရဲ့ မျက်နာတွေကတော့ သွားကိုက်နေသလို စိတ်မသက်မသာဖြစ်လေ့ရှိပါတယ်။

“Mingalabar” is our official greeting, equivalent of English’s “Hello”. However in our daily lives, we say “Are you well?’, “Long time no see” and the dreaded “You have become fat”. Saying “you are fat” is not exactly an insult as it implies you are well fed due to prosperity. Yet why does the receiver of such greet always look like they are having a toothache?

အမျိုးသမီးတစ်ဦး ဒါမှမဟုတ် အမျိုးသားတစ်ဦးကို Body shaming လုပ်တတ်တဲ့အကျင့်က လူမှုကွန်ရက်မှာ လူပြောများနေတဲ့ topic တစ်ခုပါ။ ဒါကလည်း မြန်မာပြည်ရဲ့ facebook ကွန်ရက်မှာ cyberbullying တွေ အရမ်းပေါများလာတာနဲ့လည်း ဆိုင်ပါတယ်။ အထူးသဖြင့် အွန်လိုင်းပေါ်ကနာမည်ကြီးနေသူတွေဆိုရင် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကို တိုက်ခိုက်ဝေဖန်မှုတွေ အရမ်းခံရပါတယ်။

Body shaming has become a huge topic of the social media sphere, Facebook, in Myanmar lately with people calling out on such shameful behaviors. This is also linked to the rise of cyberbullying on Facebook in Myanmar where popular personnel is subjected to abuses based on their looks. 

တကယ်တော့ Body shaming က မြန်မာနိုင်ငံကလူတွေကြားမှာ အရင်တည်းကရှိနေပါတယ်။ နောက်ကွယ်မှာ အချင်းချင်းပြောနေကြတဲ့ စကားလုံးတွေ ၊ လမ်းပေါ်မှာဖြတ်သွားရင် လှမ်းအော်ခံရတဲ့ စကားလုံးတွေက Online ပေါ်ရောက်တဲ့အချိန်မှာတော့ လယ်ကွင်းပြင်ပေါ်ဆင်လမ်းလျှောက်သလို ထင်းထင်းလင်းလင်းကြီးပေါ်လာပါတယ်။

Body shaming has always existed in our culture and what Social Media did was to expose this ugly behavior in such a way that we cannot deny anymore. 

ဒီကောက်နုတ်ချက်ကို ချဲ့ကားပြောတာလို့ ယူဆရင် မိသားစုထဲ ၊သူငယ်ချင်းထဲမှာ သာမန်ထပ် ကိုယ်အလေးအချိန်လွန်နေလို့ “ဖတ်တီး” လို့ နာမည်တွင်နေတဲ့ လူဘယ်နှစ်ယောက်ရှိလဲပြန်တွေးကြည့်ပါ။ “မှန်ကြောင်” ၊ “ဖတ်တီး” ၊ “သွားခေါ” ၊ “ဝက်ဆီပိတ်” ၊ “အရိုးချောက်” ၊ “ပဲလန်းမြွေသီး” ဆိုတဲ့ စကားလုံးတွေကတော့ ယဉ်ကျေးတယ်ဆိုတဲ့ မြန်မာပြည် လူမှုအသိန်းအဝိုင်းထဲမှာ လက်လွှတ်စပယ်ခေါ်ဝေါ်နေကြတာပါ။

If this statement seems like an exaggeration, please think of how many of our overweight friends or family members that are nicknamed, “Fatty”. Words like “Skeleton”, “Beanpole”, “Pig Fat” and ‘Bucktooth” are tossed around casually in our society prized for its politeness.

လမ်းပေါ်မှာဖြတ်သွားရင် “ဘယ်လိုတွေစားလို့ ဝက်နဲ့တူနေရတာလဲ” ဆိုပြီး လှမ်းအော်ပြောတာတွေရှိပါတယ်။ ဒါကလည်း စနောက်ပြောတာ။ စိတ်ဆိုးရင် ကိုယ့်အမှားပဲဖြစ်တယ်။ ဒါပေမဲ့ နောက်ကွယ်တွေမှာဆိုရင်တော့ စကားလုံးတွေက ဒီထပ်ပို ပိုကြမ်းလာပါတယ်။

Strangers on the street will shout at you to question what you are eating that is making you look like a pig. These are all in jest, of course. If you get mad, you are a spoilsport. This turns malicious behind closed doors though.

“အမယ်လေး သူပေါင်တွေက ဒီလောက်ကြီးတာကို စကပ်အတိုဝတ်သေးတယ်” ဆိုတဲ့ အတင်းပြောဆိုမှုတွေကို မော်ဒယ်မဟုတ်ဘဲ အတိုဝတ်တဲ့မိန်းကလေးတွေ အမြဲအပြောခံရတာပါ။ အကယ်၍ စူပါမော်ဒယ်လို ကိုယ်လုံးရှိခဲ့ရင်လည်း ဒူးခေါင်းကြီးက မည်းနေတာပဲဆိုပြီး ပြောကြပြန်တယ်။ Social Media မှာကြတော့ ဒီလိုပြောဆိုမှုတွေကို အားလုံးက မြင်ရပါတယ်။ တစိမ်းတွေက သင့်ရဲ့ကိုယ်လုံးအချိုးအစားကို ဝေဖန်အကြံပေးမှုတွေလုပ်ကြတယ်။ အပြင်မှာကြတော့ online မှာပြောတာထပ် အပြောနည်းနည်းလျှော့ပေမယ့်လည်း ဝေဖန်ဆဲပါ။ 

“Can you believe she wears such skirts when her legs are so fat?” is the kind of gossip girls endure for daring to bare when not looking like a supermodel. If the girl has a supermodel size, the insult will be that her knees are black. On Social Media, you get the direct insult for the world to see. Strangers will comment on your body shape and unsolicited advice.  In the outside world, they will still come up and comment about your body shape but in watered down version. 

ဒါဆို Body shaming က မြန်မာနိုင်ငံမှာ အဲ့ဒီလောက်ဆိုးလို့လားလို့ မေးခွန်းထုတ်ကြည့်မယ်။ စကားလုံးတွေက လူကိုသွေးထွက်အောင် မလုပ်နိုင်ပေမယ့် နာကျင်အောင်တော့ လုပ်နိုင်စွမ်းရှိပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်ရဲ့ဝေဖန်ပိုင်းကြားမှုတွေခံဖို့ မွေးဖွားလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ မဝေဖန်လို့မရဘူးလားဆိုတော့ ပြောလို့ရပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုတော့ ထောက်ပြနိုင်ပါတယ်။ ထောက်လည်း ထောက်ပြပေးကြပါတယ်။ “ဟယ် သူဒီလောက်ဝနေတာ ကျန်းမာရေးအတွက်မကောင်းဘူးလေ။ ပြောရမှာပေါ့” လို့ တုန့်ပြန်မှုကို ဒီလူရဲ့ ကျန်းမာရေး ၊ နောက်ကြောင်းရာဇ၀င် ၊ ဝင်ငွေ ၊ စိတ်ပိုင်းဆိုင်ရာတွေကို အတွင်းစေ့သိရဲ့လားလို့ ပြန်မေးပြရစေ။ လူတိုင်းကိုယ်စီမှာ မမြင်ရတဲ့ ဒုက္ခကိုယ်စီရှိကြတဲ့အတွက် အချင်းချင်းကရုဏာ၊ မေတ္တာတရားထားသင့်ပါတယ်။

What is so bad about body shaming anyway? Bear in mind that our bodies are not for public commentary. You could argue, “Well, she is so fat. It isn’t good for her health and she needs to know it!” It is a lovely sentiment but are you aware of the person’s medical background, financial status, living arrangement, and even mental state? Everyone has their own struggles that are invisible to us and we should have the compassion to each other.

မြန်မာပြည်လိုယဉ်ကျေးမှုကို အလေးထားတဲ့ တိုင်းပြည်မှာ ဘာလို့ body shaming တွေ အရမ်းများတာလဲလို့ ကျွန်မ စဉ်းစားကြည့်ဖူးပါတယ်။ တကယ်တမ်းအဖြေကတော့ ကိုယ့်ရဲ့အပြုအမူ ၊ အပြောအဆိုကို ကိုယ်ပြန်ကြည့်ဖို့ပဲလိုတာပါ။ တစ်စိမ်းတွေ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဝေဖန်ရင် မကြိုက်တာကို ပြန်ပြောကြပေမယ့် ကိုယ့်ရဲ့ ခင်မင်ရင်းနှီးတဲ့လူတွေပြောရင် ချစ်စနိုးစတာဆိုပြီး ဘာမှပြန်မပြောတတ်ကြတာ များပါတယ်။ ဒါက ပြသနာရဲ့အရင်းအမြစ်ပါ။

We all collectively wonder aloud why our society is so rude to body shame other people. However, we need to look closely at ourselves. While we voice out our disapproval at strangers for commenting on our physical appearance, we brush it off when they came from our loved ones. That is where the root of the problem.

ကိုယ်ချစ်တဲ့လူတွေရဲ့စကားကို ပိုမိုအလေးထားတတ်တော့ သူ့တို့ဆီကလာတဲ့ body shaming က စိတ်ဒဏ်ရာ အနက်ဆုံးပါပဲ။ ပြီးတော့ ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကို “ဝက်မလေး”လို့ လွယ်လွယ်ခေါ်ရင် ကိုယ်မသိတဲ့ တစ်စိမ်းကို “ဟယ် ဝလိုက်တာ ဝက်လိုပဲ” လို့ ပါးစပ်က လွယ်လွယ်ထွက်လာမှာပါပဲ။ Social Media မှာ မျက်နာချင်းမဆိုင်ရတော့ ပိုရိုင်းပြတဲ့ပြောဆိုမှုတွေဖြစ်လာတော့တာပဲ။

We usually trust our loved ones and their opinions matter to us. Hence, body shaming comments from our closest people, family members, and good friends are the most damaging to us. And think about it, if you could call your beloved sister little piggy, wouldn’t you feel entitled to call “What a pig” to the passerby who you do not know? And the words can become harsher on social media where you cannot see them face to face.

ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ်ကိုယ်တိုင်ကနေ Body shaming ရပ်ချင်ရင် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ချစ်ရတဲ့သူတွေကို ဝေဖန်မှုတွေရပ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်တွေကို ပြစ်တင်ပြောဆိုမှုတွေ ရပ်လိုက်ပါ။ ယဉ်ကျေးမှုနဲ့ ကရုဏာဆိုတာ အိမ်တွင်းကနေပဲ စတင်တာမို့လို့ပါ။

Therefore, for the body shaming culture to stop, we need to stop criticizing our own loved ones, stop calling them names based on their body figures. After all, tolerance begins at home.

words by R.E.Saw

LUSH Magazine MyanmarLUSH March 2018LUSH social etiquette
0
Facebook Twitter Google + Pinterest
Maeve

previous post
2019 Met Gala ရဲ့ ကော်ဇောနီပေါ်က အကောင်းဆုံး ၀တ်စုံများ
next post
2019 Met Gala Afterparty က ငွေကြယ်ပွင့်တို့ရဲ့ ဖက်ရှင်များ

Recommended

How not to be a shallow person

April 4, 2019

How to organize your day at your workplace

April 3, 2019

Mobile and Etiquette

April 2, 2019

အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

August 6, 2019

How to be efficient at workplace

March 21, 2019

Find yourself in the social environment!

January 25, 2019

Dark Side of Social Media

December 26, 2018

Relationship Etiquette

February 15, 2019

The Silent Killers

July 5, 2019

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

June 12, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem