LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLIFE

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

written by Lush Editor August 26, 2023
မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

အခုလို ဝဿန်မိုးနှင့်အတူ ခြင်တွေပေါက်ပွါးမှုနှုန်း များလာတာနှင့်အမျှ ဆေးရုံဆေးခန်းတွေမှာ သွေးလွန်တုပ်ကွေးလူနာ ကလေးလေးတွေကို တွေ့ရများလာတာက နှစ်စဉ်နှစ်တိုင်းပဲ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရာသီမရွေး ဖြစ်တတ်ပေမယ့် ဒီလိုအချိန်ကိုဆို လူနာပိုများလာလေ့ရှိတာမို့ သွေးလွန်တုပ်ကွေးရာသီ လို့တောင် ပြောရစမြဲပါပဲ။

?သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ …

သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ရေကြညါရေသန့်တွင် ပေါက်ဖွားတတ်ပြီး နေ့ခင်းဘက်တွက် က်ုက်တတ်သော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကို သယ်ဆောင်ထားသည့် ခြင်ကျား ( AEDES MOSQUITOES ) ကိုက်ခံရခြင်းမှ ကူးစက်သော ရောဂါ ဖြစ်ပါသည်။

တစ်နှစ်ပတ်လုံး ဖြစ်ပွါးတတ်သော ရောဂါ ဖြစ်ပေမယ့် မိုးရာသီတွင် ပိုမိုတွေ့ရှိရလေ့ရှိပြီး အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် (၁၅) နှစ်အောက် ကလေးတွေမှာ ပို၍ အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပါသည်။

? သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ

၁။ ဖျားနာခြင်း ( တစ်ပတ်ခန့် ကြာမြင့်တတ်ပါသည်။)

၂။ ကိုယ်လက်ကိုက်ခဲခြင်း

၃။ ခေါင်းကိုက် ခေါင်းမူးခြင်း

၄။ အော့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း

၅။ အရေပြားတွင် အနီကွက်များ ပေါ်လာခြင်း ( သုံးရက်မြောက်နေ့တွင် စတင်ပြီး ပေါ်တတ်ပါသည်။)

သွေးလွန်တုပ်ကွေးရောဂါဟာ အဖျားကြီးပြီး လက္ခဏာတစ်ချို့နှင့်သာ ပြီးသွားတတ်တဲ့ကလေးတွေရှိသလို သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်အနေနှင့် သွေးယိုတာ၊ သွေးလန့်တာတွေအထိ ဖြစ်ပြီး အသက်အန္တရာယ်အထိ စိုးရိပ်ရတာတွေလည်း ရှိတတ်ပါတယ်။

? သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်လက္ခဏာများမှာ ..

၁။ ဝမ်းဗိုက်နာခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ ကော်ဖီရောင်အန်ခြင်း

၂။ ကိုယ်လက်အေးစက်၍ မှိန်းနေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း

၃။ သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း

၄။ အသက်ရှူမြန်ခြင်း၊ ဆီးသွားနည်းခြင်း တို့ ဖြစ်ပါသည်။

? မိဘများသတိပြုရမည့် အချက်များ

၁။ သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေ ရှိပါက သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့် သွေးလန့်တာ ဖြစ်တော့မယ် ဖြစ်ပါသဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရန်။

၂။ သွေးလန့်တာ မဖြစ်ခင် အဖျားကျသွားတတ်၍ အဖျားကျသွားပါက အန္တရာယ်လက္ခဏာများကိုသတိထားပြီး သေချာစောင့်ကြည့်ရန်။

၃။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ရောဂါဖြစ်သောကြောင့် ပဋိဇီဝပိုးသတ်ဆေး တိုက်ရန် မလိုအပ်ပါသဖြင့် အဖျားကျဆေးနှင့်အတူ အစားအစာကို အာဟာရပြည့်ဝအောင် ကျွေးပြီး အရည်များများတိုက်ကာ စောင့်ကြည့်ရန်။

၄။ အန္တရာယ်လက္ခဏာတစ်ခုရှိခြင်း၊ တစ်နှစ်အောက်ကလေးများနှင့် အဝလွန်သော ကလေး ဖြစ်ခြင်း၊ နာတာရှည် တစ်ခြားရောဂါရှိခြင်း၊ ဆေးရုံဆေးခန်းနှင့် ဝေးတဲ့သူ ဖြစ်ခြင်း .. အစရှိသော သူတို့သည် ဆေးရုံတင်ထားသင့်သော လူနာများဟု သတ်မှတ်လို့ ရပါသည်။

? သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်ကြမလဲ

၁။ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါ ဖြစ်သောကြောင့် ခြင်ကျားကင်းစင်အောင် လုပ်ရမည်မှာ ပထမဦးစားပေး ဖြစ်ပါသည်။

၂။ ခြင်မပေါက်ပွါးအောင် ရေလှောင်ကန်တွေကို အဖုံးဖုံးပါ။

၃။ ပိုးလောက်လန်းတွေ့ပါက ရေကို လှဲလှယ်ပစ်ပါ။

၄။ အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများကို ရှင်းလင်းပါ။

၅။ မိုးရေတင်နိုင်သော အိုးဟောင်း၊ တာယာဟောင်းများကို စွန့်ပစ်ပါ။

၆။ ဘုရားပန်းအိုး၊ ရေအိုးများကို နေ့စဉ်တိုက်ချွတ်ပြီး ရေလဲလှယ်ပါ။

၇။ ပိုးလောက်လန်း ပေါက်ပွါးနိုင်တဲ့ ရေဝပ်နေသည့်ချိုင့်ခွက်များကို မြေဖို့ပါ။

၈။ ကလေးတွေကို အလင်းရောင်ရတဲ့ နေရာမှာသာ ကစားခိုင်းပါ။

၉။ ခြင်ကိုက်မခံရအောင် လိမ်းတဲ့ဆေး လိမ်းပေးပါ။

၁၀။ နေ့ခင်းဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ကလေးအိပ်ရင် ခြင်ထောင်ထောင်ပေးပါ။

၁၁။ ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝယ်ပေးပြီး အိပ်ယာသိပ်ပါ။

အချုပ်အားဖြင့်ဆိုရရင် အဓိကကတော့ ဒီလိုရာသီမှာ ဖျားပြီဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တယ်ဆိုတာ မမေ့မလျော့ကြပဲ အန္တရာယ်လက္ခဏာတွေကို သေချာစောင့်ကြည့်ပေးကြပါ။

ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမို့ ကလေးငယ်လေးတွေကို ခြင်ကိုက်မခံရအောင်၊ ပတ်ဝန်းကျင်မှာ ခြင်တွေ မပေါက်ဖွါးနိုင်အောင် အထူးဂရုစိုက်ကြဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကလေးငယ်လေးတွေကို ဂရုစိုက်ဖို့ မမေ့ကြပါနှင့်။

အားလုံး နေကောင်းကျန်းမာကာ ရောဂါဘေးမှ ဝေးကြပါစေ။

ဒေါက်တာထူးကိုကို

LUSH LifeLUSH Wellness
1
Facebook Twitter Google + Pinterest
Lush Editor

previous post
မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။
next post
ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

Recommended

Virtual Art Galleries and Museum

August 19, 2020

Healthy Breakfast

April 18, 2018

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

June 30, 2023

Coolest Places For New Year Eve

December 23, 2019

The future of award shows

September 4, 2020

အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)

July 14, 2023

Secret of Stones and the Lady

April 20, 2018

Workouts for bride to be

December 4, 2018

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

October 17, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem