အခုလို ဝဿန်မိုးနှင့်အတူ ခြင်တွေပေါက်ပွါးမှုနှုန်း များလာတာနှင့်အမျှ ဆေးရုံဆေးခန်းတွေမှာ သွေးလွန်တုပ်ကွေးလူနာ ကလေးလေးတွေကို တွေ့ရများလာတာက နှစ်စဉ်နှစ်တိုင်းပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ရာသီမရွေး ဖြစ်တတ်ပေမယ့် ဒီလိုအချိန်ကိုဆို လူနာပိုများလာလေ့ရှိတာမို့ သွေးလွန်တုပ်ကွေးရာသီ လို့တောင် ပြောရစမြဲပါပဲ။ ?သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ … သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ရေကြညါရေသန့်တွင် ပေါက်ဖွားတတ်ပြီး နေ့ခင်းဘက်တွက် က်ုက်တတ်သော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကို သယ်ဆောင်ထားသည့် ခြင်ကျား ( AEDES MOSQUITOES ) ကိုက်ခံရခြင်းမှ ကူးစက်သော ရောဂါ ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ဖြစ်ပွါးတတ်သော ရောဂါ ဖြစ်ပေမယ့် မိုးရာသီတွင် ပိုမိုတွေ့ရှိရလေ့ရှိပြီး အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် (၁၅) နှစ်အောက် ကလေးတွေမှာ ပို၍ အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပါသည်။ ? သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ ၁။ ဖျားနာခြင်း ( တစ်ပတ်ခန့် ကြာမြင့်တတ်ပါသည်။) ၂။ ကိုယ်လက်ကိုက်ခဲခြင်း ၃။ ခေါင်းကိုက် ခေါင်းမူးခြင်း ၄။ အော့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း ၅။ အရေပြားတွင် အနီကွက်များ ပေါ်လာခြင်း ( သုံးရက်မြောက်နေ့တွင် စတင်ပြီး ပေါ်တတ်ပါသည်။) သွေးလွန်တုပ်ကွေးရောဂါဟာ အဖျားကြီးပြီး လက္ခဏာတစ်ချို့နှင့်သာ ပြီးသွားတတ်တဲ့ကလေးတွေရှိသလို သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်အနေနှင့် သွေးယိုတာ၊ သွေးလန့်တာတွေအထိ ဖြစ်ပြီး အသက်အန္တရာယ်အထိ စိုးရိပ်ရတာတွေလည်း ရှိတတ်ပါတယ်။…
Tag: