LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILY

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

written by Lush Editor March 5, 2019
စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ဖြစ်ဖြစ် Relationship တစ်ခုမှာ စိတ်အခန့်မသင့်လို့ ကတောက်ကဆဖြစ်ရတာတော့ အားလုံးကြုံဖူးကြမှာပါ။ ဒီလိုအချိန်မျိုးကျရင် ကိုယ့်ဘက်က သည်းခံလိုက်မယ်လို့ တွေးဖူးပါသလား။ သေချာတာကတော့ သည်းခံလိုက်မယ်ဆိုတာထက် ငါမှန်တယ်ဆိုပြီး ဒေါသထွက်ကြတာကများပါလိမ့်မယ်။ အဲ့ဒီအခါ နှစ်ဖက်စလုံးက ဒေါသအပြိုင်ထွက်နေပြီး တစ်ယောက်ကိုတစ်ယောက်အလျော့မပေးရင် ပေါက်ကွဲမှုကပိုပိုပြီးပြင်းထန်လာတဲ့အခါ မလိုအပ်ဘဲ မုန်းတီးမိတဲ့အထိတောင် ဖြစ်ကြပါတယ်။ စကားအခြေအတင်များကြတဲ့အခါ ကိုယ်အနိုင်ယူလိုတဲ့စိတ်က အားသာနေတတ်လို့ အမှားတွေပါတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာဆို ကျွန်မတို့ ဘယ်လိုဖြေရှင်းသင့်လဲ။ ကျွန်မတို့ဒေါသတွေကို ဘယ်လိုထိန်းကြမလဲ။ Relationship တစ်ခုခိုင်မြဲဖို့အတွက် ဒေါသတွေထိန်းချုပ်ရင်း အေးဆေးဖြေရှင်းနိုင်ဖို့နည်းလမ်းလေးတွေကို အားလုံးမှတ်ထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

၁. သင့်ရဲ့ ခံစားချက်တွေကို ရိုးရိုးသားသားဝန်ခံလိုက်ပါ။

ဒီအချက်ကတော့ ချစ်သူတွေမှာ အဖြစ်အများဆုံးဖြစ်မှာပါ။ ကိုယ့်ရဲ့ချစ်သူကို သဝန်တိုလို့ ရန်ဖြစ်ကြတဲ့အခါ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ရန်ဖြစ်ကြ၊ စိတ်ကောက်ကြနဲ့ တစ်ခါတလေ အကြီးအကျယ်ရန်ဖြစ်ကြရတဲ့အထိတောင် ရှိကြပါတယ်။ ဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ချစ်သူကို ကိုယ်ဘာကြောင့် စိတ်တိုမိတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ညှိနှိုင်းကြမယ်ဆို ရန်ဖြစ်စရာတစ်ခုနည်းသွားမှာပါ။

Photo by rawpixel on Unsplash

၂. သင့်ရဲ့ အသံကို မကျယ်လိုက်ပါနဲ့။

စကားပြောဆိုတဲ့အခါ လူတွေဟာဒေါသထွက်လာရင် အသံကိုမြှင့်တက်ကြပါတယ်။ နှစ်ဖက်ရန်ဖြစ်ကြတဲ့အခါ တစ်ယောက်က အသံကျယ်ကျယ်နဲ့ပြောလာရင် တစ်ဖက်လူကပါ အသံခပ်ကျယ်ကျယ်နဲ့ထအော်ပြီး ရန်ပွဲရဲ့အရှိန်က ပိုမြင့်လာတတ်ပါတယ်။ ဒါကြောင့် တစ်ဖက်က အသံကျယ်လာပေမယ့်လည်း ကိုယ့်ဘက်ကအသံကို ပုံမှန်အသံနဲ့ပဲပြောဆိုကြည့်ခြင်းဖြင့်လည်း မလိုအပ်ဘဲစကားများတာကို ကာကွယ်ပေးနိုင်မှာပါ။

၃. သင့်ရဲ့အတွေးတွေကို ပြောမပြခင် တစ်ဖက်သူရဲ့စကားကို ဆုံးအောင်နားထောင်ပေးပါ။

စကားများကြတဲ့အခါ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်နားမထောင်ဘဲ ကိုယ်မှန်တယ်ထင်တာကို ပြောဖို့က စိတ်စောတတ်ကြပါတယ်။ အဲ့အခါမှာ နှစ်ယောက်သားအပြိုင်လုပြောကြပြီး စကားထများတတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်လူက ကိုယ့်ကို စကားဖြတ်ပြောမယ်လုပ်တဲ့အခါမှာလည်း “ နင့်ရဲ့အတွေးအမြင်တွေကို ငါလေးစားပါတယ်။ ဒါပေမယ့် ငါအခုစကားပြောနေတုန်း ကျေးဇူးပြုပြီး စကားဖြတ်မပြောပါနဲ့လား” လို့ပြောကြည့်ကာ ညှိနှိုင်းကြည့်ပါ။

Photo by rawpixel on Unsplash

၎. ညှဉ်းပန်းနှိပ်စက်တာတွေကို လုံးဝမလုပ်ပါနဲ့။

တစ်ချို့တွေက ဒေါသထွက်လာတဲ့အခါ လက်ပါတတ်ကြပါတယ်။ တစ်ချို့က ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တယ်။ တစ်ချို့က သူများကိုနာကျင်အောင်လုပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီအကျင့်က လုံးဝကိုမကောင်းတဲ့အကျင့်ပါ။ ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ ပါးစပ်ကနေကြမ်းကြမ်းတမ်းတမ်းပြောဆိုတာတို့၊ တံခါးကို ဆောင့်အောင့်ပြီးပိတ်တာတို့၊ ပန်းကန်တွေကို ခွဲပစ်တာတို့ကအစ ပါဝင်ပါတယ်။ အဲ့လို ကြမ်းကြမ်းတမ်းတမ်းအပြုအမူတွေလုပ်ချင်လာပြီဆို ရန်ဖြစ်တဲ့နေရာကနေ ထွက်သွားလိုက်ပြီး စိတ်ထိန်းနိုင်အောင်ကြိုးစားကြည့်ပါ။

၅. ရန်ဖြစ်စေအောင် ပြောဆိုလာခဲ့ရင်တောင် ရန်မဖြစ်နိုင်အောင် ကြိုးစားပါ။

တစ်ချို့လူတွေက ရန်ဖြစ်လိုက်ရမှ စိတ်ထဲပေါ့ပါးသွားတဲ့သူတွေရှိပါတယ်။ သင်က ရန်မဖြစ်ဖို့ ကြိုးစားနေရင်တောင် သင့်ကိုရန်ဖြစ်ချင်စိတ်ဖြစ်လာအောင် လုပ်တဲ့သူမျိုးတွေရှိပါတယ်။ အဲ့လိုအခါမျိုးကျရင် ရှောင်ထွက်နိုင်အောင်ကြိုးစားပါ။

Image by Takmeomeo on Pixabay

၆. တစ်ဖက်လူကိုအပြစ်ပြောမယ့်အစား ကိုယ်ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းကို ပြောပြပါ။

ပြောရမယ်ဆိုရင်တော့ စကားပြောတဲ့အခါ “နင်က” ဆိုပြီး ပြောတာထက် “ငါက” ဆိုပြီး ပြောနိုင်အောင် ကြိုးစားပါ။ ဒီလိုပြောခြင်းအားဖြင့် တစ်ဖက်လူကို သင့်ရဲ့အတွေးတွေကိုပြောပြဖို့ကြိုးစားတဲ့အခါ တစ်ဖက်လူက ငါ့ကို ရန်စကားပြောနေတာမဟုတ်ပါလားဆိုပြီး တွေးပေးပါလိမ့်မယ်။ ဒါဆို သင်တို့ ရန်စကားမများတော့ပဲ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာပါ။ ဥပမာအားဖြင့် “နင်က ငါ့စကားဆို ဘယ်တော့မှနားထောင်တာမဟုတ်ဘူး၊ နင်ပြောချင်တာပဲပြောတယ်။” စတဲ့ အဲ့လို “နင်က” ဆိုတဲ့စကားလုံးတွေအစား “ငါရဲ့စကားတွေကို နင်နားမထောင်ဘူးလို့ ငါခံစားရတယ်ဟာ” (ဒါမှမဟုတ်) “ငါ့ကို အလေးမထားတော့ဘူးလား” စတဲ့ ကိုယ်ခံစားနေရတဲ့ခံစားချက်ကို ပြောပြမယ်ဆို ရန်အကြီးကျယ်မဖြစ်တော့အောင် ထိန်းလို့ရမှာပါ။

Image by rawpixel on Pixabay

၇. တစ်ဖက်လူကို ထိခိုက်အောင်ပြောဆိုခဲ့မိရင် တောင်းပန်လိုက်ပါ။

လူတွေဟာ တောင်းပန်ဖို့ကို ဝန်လေးတတ်ကြပါတယ်။ အထူးသဖြင့် ကျွန်မတို့မြန်မာလူမျိုးတွေက တောင်းပန်ဖို့ပိုဝန်လေးတတ်တယ်။ စာဖတ်သူရော တောင်းပန်ဖို့ဝန်လေးတတ်ပါသလား။ ဒါဆို အခုကစပြီး တောင်းပန်ဖို့ ဝန်မလေးအောင် ကြိုးစားကြည့်ရအောင်လား။ တောင်းပန်တယ်ဆိုတိုင်း လူတိုင်းကို အောက်ကျို့ပြီး မှားမှားမှန်မှန်တောင်းပန်နေဖို့မဟုတ်ပါဘူးနော်။ ကိုယ့်ဘက်က တစ်ဖက်သူကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိတဲ့အခါမျိုးမှာတော့ တောင်းပန်စကားဆိုသင့်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေအပေါ်မှာဆိုရင်တော့ ချစ်တဲ့စိတ်ကြောင့် တစ်ချို့ကိစ္စလေးတွေမှာ ကိုယ်မှန်ပေမယ့်လည်း တောင်းပန်ရတာမျိုးရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူ စိတ်ထိခိုက်သွားခဲ့တယ်ဆို တောင်းပန်ပြီးတော့ ငြိမ်းချမ်းမှုရယူလိုက်ရအောင်နော်။

ဒါဆိုရင်တော့ စကားများကြတဲ့အခါ အေးအေးဆေးဆေးဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို သိသွားလောက်ပြီပေါ့နော်။ ဒီအချက်တွေကို လိုက်နာကျင့်သုံးဖို့လည်း ကြိုးစားကြည့်ရအောင်။ ဒီအချက်လေးတွေကို ကိုယ်ချစ်တဲ့သူတွေသိအောင်လည်း မျှဝေပေးလိုက်ပါဦးနော်။

Editor: MayMT

Ref: wikihow & psychologytoday

LifeStyleLUSH DAILYLUSH Magazine MyanmarLUSH March 2019
3
Facebook Twitter Google + Pinterest
Lush Editor

previous post
2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ
next post
“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

Recommended

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

The Steel Magnolia

May 21, 2018

LV က ထုတ်လုပ်လိုက်တဲ့ မြန်မာကျပ်ငွေ ၁၂ သိန်း၀န်းကျင်တန်ဖိုးရှိတဲ့ Face Shield

September 14, 2020

Civil Rights Lawyer အပြင် Style Icon တစ်ဦးလည်းဖြစ်တဲ့ Amal...

May 28, 2018

Special Edition Bottles ထုတ်လုပ်ပြီး ပြန်လက်တွဲလာကြတဲ့ BAPE နဲ့ Coca-Cola

May 20, 2020

စိတ်ကျန်းမာစေဖို့အတွက်လိုအပ်မယ့် ဦးနှောက်လေ့ကျင့်ခန်းများ

May 29, 2020

Fenty launched City Bloom Collection

November 13, 2019

Nicole Kidman in Chanel: A New Chapter of...

August 27, 2026

Bucket Hat: Fashion Vocabulary

December 5, 2019

ရေမွှေးအသစ်ကို မကြာခင်မှာမိတ်ဆက်ပေးတော့မယ့် Ariana Grande

June 21, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem