ကမ္ဘာပေါ်မှာ အချိန်ကို စတင်သတ်မှတ်လာပြီးတဲ့နောက် တီထွင်မှုတွေ အဆင့်ဆင့်ပြောင်းလဲလာလိုက်ရာက ဖက်ရှင်အဖြစ်ပါ အသုံးပြုလို့ရသည်အထိ နာရီတွေဟာ အရေးပါပစ္စည်းဖြစ်လာခဲ့ရပြီ။
နာရီတွေကို အလှဆင်တစ်ခုလိုသာမက အားကစားကဏ္ဍတွေမှာပါ တိကျမှုအာမခံကောင်းလို့ အသုံးပြုရတဲ့ နာရီတွေကတော့ သိပ်များများစားစားမရှိပါဘူး။ အဲဒီလက်ချိုးရေလို့ရတဲ့ ကမ္ဘာ့စံချိန်ဝင် နာရီတွေထဲမှာ Tissot ကပါဝင်နေပါတယ်။
Tissot ရဲ့ သမိုင်းအစကတော့ 1853 ခုနှစ်မှာ Charles-Félicien Tissot နဲ့ သားဖြစ်သူ Charles-Émile Tissot တို့က ဆွစ်ဇာလန်နိုင်ငံ Le Locle မှာ တည်ထောင်ခဲ့ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ Tissot ဟာ တီထွင်မှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်လာလိုက်တာ ဆင့်ကဲပြောင်းလဲလာတဲ့ ခေတ်အဆက်ဆက်မှာ ကမ္ဘာ့မှတ်တမ်းဝင် အားကစားသမားတို့ အသုံးပြုရမယ့် အာမခံအပြည့်နဲ့ နာရီတွေကိုပါ ဖန်တီးလာနိုင်တဲ့အထိပါပဲ။
ဒီလို တီထွင်မှုတွေနဲ့ ဆန်းသစ်တဲ့နာရီတွေကို မျက်ခြေမပြတ် လေ့လာစုဆောင်းလို့ရအောင် Tissot ရဲ့ Collection တွေအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
TISSOT COUTURIER POWERMATIC 80
အရင်ဆုံး Tissot Couturier Powermatic 80 အကြောင်း ပြောပြရမယ်ဆိုရင် ရွေးချယ်စရာဒီဇိုင်း နှစ်မျိုးနဲ့ အတူ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေပါဝင်တာကြောင့် အကြိုက်တွေ့မှာ အသေချာပါပဲ။ ဒီ model မှာ power စနစ်ကို ဝတ်ဆင်သူရဲ့လက်လှုပ်ရှားမှုကနေ ရရှိအောင်ပြုလုပ်ထားတာဖြစ်ပြီးတော့ Power reserve အနေနဲ့ နာရီ ၈၀ အထိကို ရရှိနိုင်တာဖြစ်ပါတယ်။ ကာလာဒီဇိုင်းအနေနဲ့ရွေးချယ်စရာနှစ်ခုရှိပါတယ်။ သူတို့မှာ တူညီတဲ့အရာကတော့ ဒိုင်ခွက်ကာလာ အနက်ရောင်ပဲဖြစ်ပါတယ်။ Case ကို stainless steel နဲ့ပြုလုပ်ထားပြီးတော့ Rose Gold PVD Coating ပြုလုပ်ထားတဲ့ကာလာတစ်မျိုးနဲ့ stainless steel သီးသန့်ဆိုပြီး ကာလာနှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒိုင်ခွက်အတွင်းမှာဆိုရင် 12 hour marker အောက်တည့်တည့် 11 hour marker ကနေ 1 hour marker အထိ ဖန်တီးထားတဲ့ weekdays display window အကွေးပြုလုပ်ထားပြီးအောက်ဘက်မှာဆိုရင်လည်း 6 hour marker အပေါ်တည့်တည့် 5 hour marker ကနေ 7 hour marker နေရာအထိ ပြုလုပ်ထားတဲ့ date display window အကွေးကို အထင်အရှား ခမ်းခမ်းနားနားတွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း ဒီဇိုင်းရဲ့ခမ်းနားပြီး စွဲဆောင်မှုအားကောင်းစေမှုကို များစွာအထောက်အပံ့ပေးထားတယ်လို့ဆိုနိုင်ပါတယ်။ rose gold ကို ရွေးချယ်မယ်ဆိုရင်တော့ နာရီကြိုးကို လေသာသားရေကြိုးနဲ့ရရှိမှာဖြစ်ပါတယ်။ နာရီရဲ့ဒိုင်ခွက်အတွင်း ဖော်ပြထားတဲ့ sign အကုန်လုံးကို rose gold နဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့ Stainless steel ကို ရွေးချယ်မယ်ဆိုရင်လည်း နာရီရဲ့ဒိုင်ခွက်အတွင်း sign အကုန်လုံးကို stainless steel နဲ့ပြုလုပ်ထားပြီးတော့ နာရီကြိုးကိုလည်း stainless steel နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ water resistance 100m ရှိပြီးတော့ Land and Water Adventure သမားတွေအတွက် လုံး၀ အနှစ်ကျကျ ရွေးချယ်စရာ နာရီတစ်လုံးပါပဲ။
TISSOT CHEMIN DES TOURELLES POWERMATIC 80
နာရီသမိုင်းတစ်လျှောက်ရိုးရာအငွေ့အသက်နဲ့ ယနေ့ခေတ် contemporary တို့ကို အချိုးကျကျပေါင်းစပ်ထားတာကိုတော့ Tissot ရဲ့ Chemin des Tourelles Powermatic 80 မှာတွေ့မြင်ရပါလိမ့်မယ်။ သူလည်းပဲ Powermatic 80 ဖြစ်တဲ့အတွက် power စနစ်ကို ဝတ်ဆင်သူရဲ့လက်လှုပ်ရှားမှုကနေ energy ရရှိအောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Sector Design ဖန်တီးမှုမျိုးဖြစ်ပြီးတော့ အတွင်း hour marker တွေရှိတဲ့စက်ဝန်းကိုတော့ Clous de Paris pattern လို့ခေါ်တဲ့ pattern ကို အသေးစိတ်ပုံဖော်ပေးထားတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာမှာ hour marker တွေကို Bold ထူထူနဲ့ တင်ပေးထားတာက ခန့်ညားလွန်းအားကိုကြီးနေစေပါတယ်။ ပြီးတော့ စိန်ပြီးရင် မာဆင့်အမြင့်ဆုံးအဆင့်ရှိတဲ့ sapphire crystal အသုံးပြုပေးထားပြီး antireflective coating လုပ်ပေးထားပါတယ်။ အောရီဂျင်နယ်နာရီလက်ပတ်ကြိုးကတော့ အနက်ရောင် Leather ကြိုးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Tissot Tradition Automatic Small Second
ဒီမှာတော့ မတူတဲ့ ဒီဇိုင်း ၄ မျိုးက တစ်မျိုးစီကွဲပြားတဲ့ဆွဲဆောင်မှုတွေအပြည့်နဲ့ ရှိနေပြန်ပါတယ်။ Tissot နာရီမိသားစုရဲ့ မူလဟန်ပန်ကို လွမ်းဆွတ်တမ်းတစေတဲ့ ဒီဇိုင်းလို့ဆိုထားလို့ ဂန္ထဝင်ဆန်တဲ့အလှအပကို ခေတ်နဲ့လျော်ညီစွာ တွေ့မြင်ကြတာလည်းဖြစ်ပါတယ်။ ဒီကနေ့ နည်းပညာတွေနဲ့ vintage style design ကို ထင်ရှားပေါ်လွင်စေပြီး Royalty ဖြစ်တည်မှုနဲ့တွဲဖက်တာက ပိုပြီး လိုက်ဖက်မှုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ Power reserve ၃၈ နာရီရရှိနိုင်မှာဖြစ်ပြီးတော့ ဒိုင်ခွက်အတွင်းကာလာအကုန်လုံးကတော့ Silver crystal တွေဖြစ်ပါတယ်။ အဲဒီမှာမှ အတွင်းစက်ဝန်းကို guilloche decoration နည်းပညာနဲ့ ဖန်တီးထားတာက လုံး၀မျက်လုံးမခွာချင်နေလောက်အောင်ကို လှပါတယ်။ ဒိုင်ခွက်ကာလာ silver ပေါ်မှာမှ Case နဲ့ Strap တွဲစပ်မှုလေးမျိုးကိုရွေးချယ်လို့ရပါမယ်။ အဲဒါတွေကတော့ Yellow နဲ့ Stainless steel ရောစပ်မှု၊ Stainless steel သီးသန့်၊ Rose Gold တို့ပဲဖြစ်ပါတယ်။
TISSOT TRADITION 5.5
TISSOT TRADITION 5.5
သူ့ဒီဇိုင်းကိုလည်း ခံစားရင်း သူ့နာမည်လည်း ပြန်ကြည့်လိုက်ပါဦး။ လုံး၀ရိုးရှင်းမှုအတိနဲ့ ခေါင်းမော့နေနိုင်တဲ့ သူကတော့ Tissot Tradition 5.5 ဖြစ်ပြီးတော့ နာအကောင်ပါ။ ပြောရမယ်ဆိုရင် နာရီဆိုတဲ့ မူလဇစ်မြစ်ကို တမ်းတဂုဏ်ယူပြီး ဝတ်ဆင်ရမယ့် နာရီတစ်လုံးပါပဲ။ မီးခိုးရောင် နာရီမျက်နှာပြင်၊ Bold ကြီးကြီးမားမားထူထူထဲထဲတွေလုပ်မထားတဲ့ ရောမဂဏန်းနာရီအညွှန်းကိန်းတွေနဲ့ မီးခိုးရောင် နာရီလက်တံက နာရီကို ကြည့်လိုက်တိုင်း အေးချမ်းတည်ငြိမ်မှုကို ခံစားပေးစွမ်းနိုင်စေမှာပါ။ Renata 373 Battery Type ကိုအသုံးပြုပေးထားပြီးတော့ Jewel 8 ခုအသုံးပြုပေးထားပါတယ်။ Feature အနေနဲ့လည်း Date Display Window တွေဘာတွေ ဘာမှမပါဘူး။ တကယ့်ပကတိအတိုင်း။ ဒီဒီဇိုင်းဟာ တချို့သော အခမ်းအနားကြီးကြီးတွေမှာ မျက်နှာပန်းပွင့်လန်းဖို့ အလားအလာအကောင်းဆုံးဖြစ်ပါတယ်။ အရိုးဆုံးက အဆန်းဆုံးဆိုသလို Classic ချစ်သူတစ်ယောက်သာဆိုလို့ကတော့ မြတ်နိုးမိမတတ်ဖြစ်နေမှာအသေချာပဲ။ ကြိုးကလည်း လေသာသားရေကြိုးနဲ့လာတာပါ။
2015 ခုနှစ်မှာ Tissot ဟာ NBAရဲ့ တရားဝင် global partnership timekeeper အဖြစ် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတကာနဲ့တန်းတူစျေးနှုန်း၊ အာမခံချက် အကုန်လုံး တိကျသေချာတဲ့ ကမ္ဘာကျော် Swiss Made Tissot နာရီတွေကို ဝယ်ဖို့ ဘယ်ပြည်ပကိုမှ သွားနေဖို့မလိုအပ်ပါဘူး။ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်က Swiss Time Square မှာ စိတ်ချလက်ချ ဝယ်ယူရရှိနိုင်ပါတယ်။