LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLIFELUSH DAILY

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

written by Lush Editor November 21, 2018
ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

တဖြည်းဖြည်းနဲ့ ဆောင်းရာသီကဝင်လာပါပြီ။ ဆောင်းရာသီရောက်လာတာနဲ့အမျှ လူတိုင်းအနည်းနဲ့အများတော့ အသားရေခြောက်သွေ့တာမျိုးဖြစ်ကြမှာပါ။ ဒါဆို ဆောင်းရာသီမှာ အသားရေခြောက်သွေ့တာကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲဆိုတာသိထားမှ ဆောင်းတွင်းမှာ အသားခြောက်တဲ့ဒဏ်ကနေ ကင်းမှာပေါ့နော်။ အဲ့ဒါကြောင့် အသားရေမခြောက်သွေ့အောင်လုပ်ရမယ့်နည်းလေးတွေကို LUSH ကမျှဝေပေးလိုက်ပါတယ်။

 

၁။ Humidifier လို့ခေါ်တဲ့ ရေငွေ့ထုတ်တဲ့စက်လေးတွေ သုံးပေးပါ။

Humidifier ကို အိမ်မှာဖြစ်ဖြစ် ရုံးမှာဖြစ်ဖြစ် ကိုယ်အနေများတဲ့နေရာမှာ သုံးပေးမယ်ဆို ဆောင်းရာသီရဲ့ ခြောက်သွေ့တဲ့လေကို ရေငွေ့ဖြည့်ပေးတဲ့အတွက် အသားရေခြောက်တာကို သက်သာစေမှာပါ။ Humidifier ကို ဆောင်းရာသီမှ မဟုတ်ပါဘူး။ အသားခြောက်တဲ့သူတွေလည်း ရာသီမရွေးသုံးပေးလို့ရပါသေးတယ်။

Pic Credit: https://juliemulligan.scentsy.com.au/

 

၂။ ရေချိုးတဲ့အချိန် နဲ့ ရေချိုးတဲ့ရေရဲ့အပူချိန်ကိုလည်း သတ်မှတ်ထားပါ။

ဆောင်းတွင်းမှာ ရေအကြာကြီးချိုးတဲ့သူတော့ နည်းပါလိမ့်မယ်။ ဒါပေမယ့် ရေနွေးနဲ့ချိုးရင်းနဲ့ ရေနွေးနဲ့ရေစိမ်လို့ကောင်းရင်းနဲ့ ရေချိုးတာကြာသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲရေနွေးနဲ့ချိုးချိုး ၅မိနစ်၊ ၁၀ မိနစ်ထက်ပိုပြီး ချိုးတာတော့မကောင်းပါဘူး။ နောက်ပြီး ရေနွေးကိုလည်း ပူတာမျိုးမဟုတ်ဘဲ ရေနွေးနွေးလေးနဲ့ပဲ ချိုးသင့်ပါတယ်။

Photo Credit: http://thehomedecorblog.com/

 

၃။ ဆပ်ပြာကိုလည်းလိုတာထက်ပိုပြီး မသုံးပါနဲ့။

ဆပ်ပြာကို တစ်ချို့က အများကြီးသုံးတတ်ကြပါတယ်။ ဆပ်ပြာများများသုံးတဲ့အခါ အသားအရေကို ခြောက်သွေ့တတ်ပါတယ်။ သာမာန်အချိန်မှာဆို ကိစ္စမရှိပေမယ့် ဆောင်းတွင်းမှာတော့ ဆပ်ပြာကို တတ်နိုင်သလောက် လျော့ပြီး သုံးပါ။

Photo Credit: http://abeautifulmess.com/2017/04/diy-gradient-soap-bars.html

၎။ လက်ကိုလည်း Moisturizer မကြာခဏ သုံးပေးပါ။

ဆောင်းတွင်းမှာ တော်တော်များများ အစိုဓာတ်ရဖို့အတွက် ခန္ဓာကိုယ်ကို lotion လိမ်းကြပါလိမ့်မယ်။ ဒါပေမယ့် လက်ကိုလိမ်းဖို့တော့ မေ့နေတတ်ကြပါတယ်။ လက်က မကြာခဏ ရေတို့ ဆပ်ပြာတို့နဲ့ ထိတွေ့ရတာများတဲ့အတွက် လက်ရဲ့အသားအရေတွေ ပျက်စီးတတ်လို့ လက်ကိုလည်း အစိုဓာတ်ရဖို့အတွက် Hand Cream လိမ်းဖို့ မမေ့ပါနဲ့နော်။

Photo Credit: https://www.healthunbox.com/

 

၅။ ရေများများသောက်ပေးပါ။

အသားရေခြောက်တာကို သက်သာစေဖို့အတွက် ရေကိုလည်းပုံမှန်ထက်ပိုပြီး သောက်ပေးပါ။

Photo Credit: https://www.healthline.com/

အခုပြောပြတဲ့အချက်လေးတွေက အားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။ ဒီနည်းလေးတွေက ဆောင်းတွင်းမှမဟုတ်ပါဘူး။ တခြားရာသီတွေမှာလည်း လိုက်လုပ်လို့ရပါတယ်။ အသားရေခြောက်တဲ့သူတွေလည်း မှတ်ထားသင့်ပါတယ်နော်။

#may
#LUSHmagazineMyanmar #LUSHdaily #LUSHitRight

beautyLUSH November 2018lushdaily
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Girl just wanna have fun
next post
Organic Consumption

Recommended

Valentine’s Day အမီထွက်ရှိလာတဲ့ Hershey’s နဲ့ Etude House တို့ရဲ့...

January 22, 2020

Gigi Hadid ရဲ့ပိုင်ဆိုင်မှုတန်ဖိုးထက် ၃ဆပိုများတဲ့ Ariana Grande

June 26, 2018

Coach ရဲ့ Fall 2018 campaign မှာပါဝင်ခဲ့တဲ့ Selena Gomez 

July 3, 2018

Message from W May Shin Sein during COVID-19

May 5, 2020

Bacalar – Maldives of Mexico

March 11, 2019

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

June 26, 2020

အိုဘားမားတို့ဇနီးမောင်နှံဆီကနေ Appreciate လုပ်ခံရတဲ့ Maggie Rogers

October 10, 2019

Collagen supplements တွေရဲ့ကောင်းကျိုးများ

August 10, 2020

Fendi ရဲ့ Peekaboo campaign မှာ ပါဝင်ခဲ့တဲ့ North West

July 12, 2018

Better Thyself

December 27, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem