“အော်ဂဲနစ်”လို့ဆိုလိုက်တာနဲ့ ဟင်းသီးဟင်းရွက်နဲ့ အခြား အစားအသောက်တွေကိုပဲ အရင်တွေးမိကြမယ် ထင်တယ်။ များသောအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမဲ့“အော်ဂဲနစ်”နဲ့ ပတ်သက်တဲ့ အခြားသောနည်း လမ်းတွေ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူ ဖြစ်စေမယ့် အိမ်သုံးပစ္စည်းတွေ၊ အဝတ်အစား အသုံးအဆောင် တွေ၊ စွမ်းအင်ချွေတာနိုင်မယ့် Eco-friendly ယာဉ်တွေကို အသုံးပြုတာတွေကလည်း အော်ဂဲ နစ်စနစ်မှာ အကျုံးဝင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ အော်ဂဲနစ် အစားအသောက်တွေကို စားသုံးခြင်းပါပဲ။ အော်ဂဲနစ်အစားအသောက်ဆိုတာကတော့ ဓာတုဆေး၊ ဓာတုဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ အသုံးမပြုထားဘဲ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားသောစားသောက်ကုန်တွေကို ဆိုလိုပါတယ်။ အဲဒီလို စားသောက်ကုန်တွေကို စားသုံး ပေးခြင်းကြောင့် သာမန်စိုက်ပျိုးထားတဲ့ ဟင်းသီး ဟင်းရွက်တွေ၊ အသီးအနှံတွေထက်စာရင် ကျန်းမာရေးအတွက် ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို မစားမိအောင် ကာကွယ်ပေးသလို ဖြစ်သွားပါလိမ့်မယ်။
အသီးအရွက်တွေအပြင် အော်ဂဲနစ် အသား၊ ငါးတွေကိုထုတ်လုပ် မွေးမြူရာမှာလည်း သဘာဝနည်းလမ်း မဟုတ်တဲ့ အသားတိုးဆေး၊ မျိုးပွားဆေးတွေကိုအသုံး မပြုဘဲ မွေးမြူကြတာကို တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ပုံမှန် စိုက်ပျိုးထုတ်လုပ် ကြတဲ့ အစားအသောက်တွေမှာ အသုံးပြုတဲ့ ဓာတု ဆေးတွေနဲ့ ပိုးသတ်ဆေးတွေက ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်လေ့ရှိပြီး အထူးသဖြင့် ခုခံစွမ်း အားကို လျော့ကျစေတဲ့အပြင် သွေးကင်ဆာ၊ ဦးနှောက် ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတာကို တွေ့ရပါတယ်။
လူသားတို့ကျန်းမာရေးအတွက် အထောက်အကူပြုရုံတစ်ခုတည်းလည်း မဟုတ်ပြန်ပါဘူး။ အော်ဂဲနစ်နည်းနဲ့စိုက်ပျိုးတာဟာ လေထုညစ်ညမ်းမှုတွေ၊ ရေနဲ့မြေကြီး ညစ်ညမ်းမှုတွေကို လျှော့ချပေးတဲ့ အပြင်မြေဆီလွှာ အရည်အသွေးကောင်းအောင် ပြုလုပ်ပေးတဲ့အတွက် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းမွန်တဲ့အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်။ အခြေခံ အားဖြင့်အော်ဂဲနစ် စိုက်ပျိုးရေးဆိုတာ မြေဆီလွှာဂေဟစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဓာတုပစ္စည်းမသုံးပဲ သဘာဝကနေ ရရှိလာတဲ့ သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတွေကိုသာ အသုံးပြုပြီး စိုက်ပျိုးလေ့ရှိကြပါတယ်။
တချို့ အော်ဂဲနစ်ထုတ်ကုန်တွေကတော့ အခြေခံ လူတန်းစားတွေအတွက် ဈေးနည်းနည်း ကြီးနေတာကို တွေ့ရပါတယ်။ အော်ဂဲနစ်ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့အခါမှာ တိရိစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ စိုက်ပျိုးရေးမှာ သုံးတဲ့အရာတွေအားလုံးက သာမန်ထုတ်လုပ်တာထက် နှစ်ဆနီးပါးလောက် ကုန်ကျတဲ့အတွက်ကြောင့်ပါတဲ့။ ဒါကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ မဖြစ်မနေ အော်ဂဲနစ် စားသောက်ကုန်တွေကိုဝယ်ယူ ချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ စားသောက်ကုန်တွေကိုသာ ရွေးချယ်ဝယ်ယူသင့်ပြီး အချို့သော အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေက ပုံမှန်စိုက်ပျိုးနေကြတဲ့ အခါမှာလည်း ပိုးသတ်ဆေးအများကြီး မသုံးထားတဲ့အတွက် ဝယ်ယူစားသုံးနိုင်တဲ့အတွက် အော်ဂဲနစ်နဲ့ စိုက်ပျိုးထားတာတွေကို သီးသန့်ရွေးချယ် ဝယ်ယူနေစရာ မလိုပါဘူး။
သာမန်စိုက်ပျိုးတဲ့အခါမှာ ပိုးသတ်ဆေးပါဝင်မှုများတဲ့အတွက် အော်ဂဲနစ်နည်းလမ်းနဲ့ စိုက်ပျိုးထားတာကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်တဲ့ အရာတွေကတော့ ငရုပ်ပွ၊ သခွားသီး၊ တရုတ်နံနံ၊ အာလူး၊ ငရုပ်သီးတောင့်၊ ဟင်းနုနွယ်ရွက်၊ စပျစ်သီး၊ မက်မွန်သီး၊ စတော်ဘယ်ရီသီးနဲ့ ပန်းသီးတို့ပါပဲ။ ထောပတ်သီး၊ သရက်သီး၊ ကီဝိသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ကျွဲကောသီး၊ သခွားမွှေး၊ မှို၊ ဂေါ်ဖီထုပ်၊ ခရမ်း သီးနဲ့ ပြောင်းဖူးတို့ကတော့ ပုံမှန်စိုက်ပျိုးတဲ့အခါမှာလည်း ပိုးသတ်ဆေးအသုံးပြုမှု နည်းတဲ့အတွက် အော်ဂဲနစ် စိုက်ပျိုးထားတာတွေကို မရွေးချယ်လည်းရပါတယ်။
တစ်ခုသတိထားရမှာကတော့ အော်ဂဲနစ်နည်းနဲ့ပြုလုပ်ထားတဲ့ မုန့်အချိုတွေ၊ သရေစာမုန့်တွေနဲ့ အော်ဂဲနစ် နည်းကို အသုံးပြုပြီးလုပ်ထားတဲ့ မုန့်တွေက များသောအားဖြင့် သကြား၊ ဆား၊ ကစီဓာတ်နဲ့ ကယ်လိုရီပါဝင်မှု များတဲ့အတွက် အညွှန်းသေချာဖတ်ပြီးမှ စားသုံးသင့်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာအော်ဂဲနစ်စိုက်ခင်းတွေ၊ ဆိုင်တွေ ပေါ်ပေါက်လာပြီး လူတော်တော်များများကစိတ်ဝင် စားလာကြတဲ့အတွက် အော်ဂဲနစ်ဈေးကွက်ကြီးက တဖြည်းဖြည်း တိုးတက်လာတာကိုလည်း တွေ့ရပါတယ်။
လက်ရှိရန်ကုန်မြို့မှာ နာမည်ကြီးနေတဲ့ နေရာတွေကတော့ ပြည်တွင်းဖြစ် စိုက်ပျိုးထားတဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေနဲ့ စားသောက်ကုန်တွေကို စနေနေ့မနက်တိုင်း ရောင်းချပေးနေတဲ့ Yangon Farmers Market နဲ့ ဗဟန်းမြို့နယ်မှာရှိတဲ့ Go Green တို့မှာလည်း ဝယ်ယူ ရရှိနိုင်နေပါပြီ။ ဒါ့အပြင် ဝယ်ယူစားသုံးသူတွေဆီ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ Mya Chemical Free အွန်လိုင်း ဆိုင်လေးလည်းရှိပြီး ရန်ကုန်မြို့အနီးတစ်ဝိုက် လိုက်လံပို့ဆောင်ပေးတဲ့ Fresco Myanmar ကတော့ သူ့ရဲ့ vegy box ပို့ဆောင်ပေးတဲ့စနစ်ကြောင့် လူသိများကြပါတယ်။
(English Version)
When it comes to word “Organic”, food is the very first one came into your thoughts. Yes, it is, basically. But, there are some other parts in “Organic” world for your everyday lives – Using environmentally friendly household products, clothing, eco-friendly vehicles used for transportation and others can also be counted as Organic living.
First of all, eat organically. Organic refers to the agricultural products grown without the use of synthetic pesticides and chemical fertilizers. Consuming such organic products might reduce the intake of potentially-harmful chemicals than conventionally-grown products as only naturally-derived pesticides are used in organic farming.
Well, organic livestock production also uses less hormone and bioengineered genes (GMOs) feed. According to the some studies, chemical fertilizers and pesticides used in conventional-grown food may weaken immune systems and also have some high health risks to occur certain cancers including leukemia, lymphoma, brain tumors, breast cancer and prostate cancer.
Apart from the impact on your health, organic farming has, somehow, great impact on the environment as it reduces pollution, soil and water contamination and increases soil fertility. Most of its cultivation methods are crop rotation, hand weeding, mulching and tilling.
But, some of organic products are quite expensive for the working class. Organic food cost almost twice than conventional-produced food as feed for animals and materials used in organic food production are expensive.
Here are some lists of products you should buy organic as high level of pesticides is used while they are conventionally-grown. They are sweet bell peppers, cucumbers, celery, potatoes, hot peppers, spinach, grapes, peaches, strawberries and apples.
One thing for you to take note is that you should read food labels before you consume organically baked products, desserts and snacks as they have high level of sugar, salt, fat and calories. Myanmar now sees a potential development in organic market as many organic farms and shops are being run and people from both home and abroad show interest on them.
Here are popular places called “Yangon Farmers Market” where locally grown organic food and vegetables are sold. The market only opens every Saturday mornings and “Go Green”, the one stocked with locally-produced organic products in Bahan township.
There is also “Mya Chemical Free”, online shop providing door-to-door delivery services to make the consumers more convenient and “Fresco Myanmar” is also well-known for its vegy box delivery service in Yangon area.
Credit links for the lists of organic vegetables – www.helpguide.org/healthy-eating/organic-foods.html