LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYTRAVEL

Bacalar – Maldives of Mexico

written by Eain Chu March 11, 2019
Bacalar – Maldives of Mexico

Maldives ကို တစ်နေ့ရောက်ရမယ်ဆိုတဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း Maldives လိုမျိုး ရင်သက်ရှုမောဖွယ် Mexico နိုင်ငံ တောင်ပိုင်းဒေသ၊ Quintona Roo ပြည်နယ်မှာရှိတဲ့ Bacalar မြို့လေးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အားလုံးနဲ့တူတူ Bacalar မြို့လေးကို အလည်ခေါ်သွားမှာမို့လို့ ဖတ်ကြည့်ကြပါဦးနော်။

Bacalar မြို့ကို ဘာလို့ အလည်အပတ်သွားသင့်တာလဲ။

Bacalar မြို့ဟာ Bacalar ကန်မှာ တည်ရှိပြီး Tourist attraction နေရာတစ်ခုဖြစ်သလို Mexico နိုင်ငံရဲ့ ဒုတိယအကြီးဆုံး သဘာဝ လတ်ဆတ်တဲ့ကန်ကြီးအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီကန်ကြီးကို Lake of Seven Colors လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေမျက်နှာပြင်ကနေ များစွာသော အရောင်အဆင်းတွေ ဖြာထွက်နေလို့ဖြစ်ပါတယ်။ Bacalar ကန်ရေပြင်မှာလည်း ကျောက်တုံးတွေအနည်းငယ်သာရှိပြီးတော့ ရေက အရမ်းကို ကြည်လင်နေလို့ Snorkling လုပ်တာတို့ Diving လုပ်တာတို့အတွက် အရမ်းမိုက်တဲ့ နေရာလေးပါ။ နောက်ပြီးတော့ Bacalar မြို့က Mexico နိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာတွေ ကိန်းအောင်းနေတဲ့ မြို့လည်းဖြစ်ပါတယ်။

Bacalar မြို့ရောက်ရင် ဘယ်မှာ တည်းရင်ကောင်းမလဲ။

Bacalar မြို့လေးက သေးသေးလေးဖြစ်ပေမယ့် တည်းစရာ ဟိုတယ်တွေကတော့ ရွေးချယ်စရာများပါတယ်။ Lakefront Hotel ဖြစ်ဖြစ်၊ ကန်ရဲ့ အလယ်မှာ ဆောက်ထားတဲ့ Boutique Hotel မှာပဲဖြစ်ဖြစ်၊ မြို့ထဲမှာရှိတဲ့ Trendy ဖြစ်တဲ့ Hotel မှာဖြစ်ဖြစ်၊ Eco-friendly ဖြစ်တဲ့ Hotel မှာဖြစ်ဖြစ် မိမိ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး တည်းခိုလို့ရပါတယ်။

Bacalar မြို့မှာ shopping ထွက်ဖို့နဲ့ ဘယ်ဆိုင်တွေမှာ စားလို့ကောင်းမလဲ။

Shopping ထွက်ဖို့ နေရာလေးတွေက အနည်းငယ်ပဲရှိပေမယ့် El Manati ဆိုတဲ့ ဆိုင်လေးကိုတော့ ညွှန်းပေးချင်ပါတယ်။ အဲဆိုင်လေးက စားသောက်ဆိုင်လည်း ဟုတ်သလို လက်ဆောင်ပစ္စည်းဝယ်ယူလို့ရနိုင်မယ့်နေရာလေးလည်း ဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေအနေနဲ့ El Manati မှာ Bacalar မြို့ထွက် ပစ္စည်းလေးတွေက အစ အပူပိုင်းဒေသထွက် သစ်မာနဲ့ပြုလုပ်ထားတဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေနဲ့ ကျောက်ရုပ်ထုလေးတွေ အဆုံး ဝယ်လို့ရပါတယ်။ Bacalar မြို့ရောက်ရင် seafood ကို စပါယ်ရှယ်စားခဲ့ဖို့လည်း မမေ့နဲ့ဦးနော်။ Waiter တွေ Waitress တွေကို Tip ပေးတဲ့ Rule လေးလည်း ရှိပါသေးတယ် – ကိုယ်စားသောက်ထားတဲ့ စုစုပေါင်း ကုန်ကျငွေရဲ့ ဆယ်ရာခိုင်နှုန်းကိုတော့ Tip အနေနဲ့ ပေးဖို့ပြောပြထားပါတယ်။

Bacalar မြို့ရောက်ရင် ဘယ်လို activities တွေကို မဖြစ်မနေ လုပ်ဆောင်သင့်လဲ။

၁။ ကယပ်လှေလေး လှော်ပြီး ကြည်လင်နေတဲ့ကန်ရေမျက်နှာပြင်အောက်ကို ကြည့်ရင်း ကိုယ်ချစ်ရတဲ့သူနဲ့အတူ ပျော်စရာ အမှတ်တရတွေကို ဖန်တီးလို့ရပါတယ်။ ကယပ်လှေတွေကိုတော့ ကိုယ်တည်းတဲ့ ဟိုတယ်မှာ ငှားလို့ရပါတယ်။

၂။ လှေခရီးစဉ်အနေနဲ့လည်း လည်ပတ်လို့ရပါသေးတယ်။ အဖွဲ့လိုက်သွားမယ့်သူတွေအတွက်လည်း Pontoon လှေလေးတွေနဲ့ နှစ်နာရီကြာ လည်ပတ်လို့ရတဲ့လှေတွေလည်း ရှိပါတယ်။ တစ်ယောက်ကို ၁၅ ဒေါ်လာမျှသာ ကျသင့်မှာဖြစ်ပါတယ်။

၃။ နေ့ခင်းဘက်မှာလည်း ရွက်လှေလေးနဲ့ Bacalar ကန်တစ်ပတ် အလည်အပတ် ရွက်လွင့်လို့လည်းရပါတယ်။

၎။ ရေကူးတာကတော့ မဖြစ်မနေကို လုပ်ရမှာပါ။ အဲဒါမှ ကန်ရေပြင်ကြီးရဲ့ လှပမှုကို ခံစားနိုင်မှာဖြစ်သလို ဆားငန်ရေ မဟုတ်တဲ့အတွက် အရမ်းကို စိတ်ကျေနပ်မှုရရှိမှာပါ။

၅။ Bacalar မြို့ကနေ ၁၅ မိနစ်လောက် သွားလိုက်မယ်ဆိုရင် Xul-Ha ဆိုတဲ့ ကျေးရွာငယ်လေးရှိပါတယ်။ အဲမှာ ရေအောက် diving လုပ်ဖို့ အရမ်းကောင်းတဲ့ သဘောင်္ကျင်း တစ်ခုရှိပါတယ်။

၆။ Bacalar မြို့ကနေ မြောက်ဘက်ကို ၁၅ မိနစ်လောက် မောင်းမယ်ဆိုရင် Kan K’in ဆိုတဲ့နေရာမှာ Zip-lining လုပ်လို့ရတဲ့နေရာ ဖြစ်တဲ့အတွက် Bacalar ကန်ရဲ့ အလှကို အပေါ်စီးကနေ ကြည့်လို့လည်းရပါသေးတယ်။

၆။ ‘Canal de los Piratas’ ဆိုတဲ့ Pirate Channel ကိုလည်း အလည်သွားဖို့ မမေ့ပါနဲ့နော်။ ရေက ခါးလည်လောက်ပဲရှိလို့ အဲဒီနေရာမှာ လှေကို ကျောက်ဆူးလေးချ၊ အနားယူလို့ကောင်းမယ့်နေရာလေးမို့လို့ သွားဖြစ်အောင်သွားကြပါနော်။

၇။ Bacalar မြို့ရဲ့သမိုင်းကြောင်းကို စူးစမ်းလေ့လာချင်တယ်ဆိုရင်တော့ San Felipe ခံတပ်ကို သွားပြီး လည်ပတ်ကြည့်ရှုလို့ရပါတယ်။ ဝင်ခွင့်ကြေးက တစ်ယောက်ကို မက္ကဆီကန် ပီဆို ၁၀၀ လောက် ရှိပြီး တင်္နလာနေ့တိုင်းပိတ်ပါတယ်။

၈။ Bacalar မြို့ပြင် Mayan ကျေးလက်ရွာတွေကိုလည်း အချိန်ရှိရင် သွားရောက်ဖို့ အကြံပေးပါရစေ။

အရေးကြီးဆုံးအနေနဲ့ Bacalar မြို့ရဲ့ဆောင်ပုဒ်လေးကို အမြဲ သတိရနေဖို့ လိုအပ်ပါတယ်။ သူရဲ့ဆောင်ပုဒ်လေးကတော့ “Take only pictures, leave only footprints” ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အလေးထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

Mexico ရဲ့ Maldives ဖြစ်တဲ့ Bacalar မြို့ကို တစ်နေ့နေ့တော့ မရောက်ရောက်အောင်သွားမယ်လို့ စိတ်ဆုံးဖြတ်ရင်း LUSHers တို့အတွက် မျှဝေပေးလိုက်ရပါတယ်နော်။

Editor: Eain Chu

 

LUSH DAILYLUSH Magazine MyanmarLUSH March 2019LUSH Travel
0
Facebook Twitter Google + Pinterest
Eain Chu

previous post
TIMELESS TWIST
next post
SUMMERTIME HAPPINESS

Recommended

Baby-G ရဲ့ new collection အနေနဲ့ထွက်ရှိတော့မယ့် Jimisu Series

June 12, 2018

Revlon ကနေ မကြာခင်မှာမိတ်ဆက်ပေးတော့မယ့် Foundation Shade ၄၀ ပါတဲ့ Flesh...

June 6, 2018

အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner

March 7, 2019

ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ၆ ကား

March 25, 2019

BLACKPINK’s Jennie Chanel Look-book

November 6, 2020

World Cup 2018 ရဲ့Stylish အဖြစ်ဆုံး ဘောလုံးကစားသမားများ

June 18, 2018

CELEBRITY COOKBOOKS

June 17, 2020

Top 5 Jewelry Brands For Every Types of...

November 16, 2020

How to sunscreen after lock downs loosen

June 9, 2020

ESTÉE LAUDER – July Special Offer

July 12, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem