LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICLUSH DAILY

Asia Tour တွေနဲ့ ပရိသတ်တွေရှေ့ပြန်လာတော့မယ့် Westlife အဖွဲ့

written by Eain Chu March 22, 2019
Asia Tour တွေနဲ့ ပရိသတ်တွေရှေ့ပြန်လာတော့မယ့် Westlife အဖွဲ့

Westlife လို့ ဆိုလိုက်တာနဲ့ သူတို့ကို မသိမယ့်သူ တော်တော်ရှားမယ်ထင်ပါတယ်။ Swear It Again, If I Let You Go, I Have a Dream, My Love, Uptown Girl စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးလာတဲ့ ဒီ အဖွဲ့ကိုတော့ အားလုံး မှတ်မိနေကြဦးမှာပါ။

2012 ခုနစ်မှာ Westlife အဖွဲ့ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပေမယ့် 2019 နှစ်ဦးပိုင်းမှာ Millennial တွေရဲ့ အသည်းစွဲ Westlife အဖွဲ့ကတော့ Hello My Love သီချင်းနဲ့ ဂီတလောကထဲကို ပြန်လည် ခြေချခဲ့ပါတယ်။ ခြောက်နှစ်ကျော် ခုနစ်နှစ်လောက် ဂီတလောကနဲ့ ဝေးကွာခဲ့တဲ့သူတို့ကတော့ Brian မပါဝင်တော့ပဲ ကျန် အဖွဲ့ဝင် လေးယောက်နဲ့ comeback လုပ်တဲ့အချိန်မှာလည်း ပရိသတ်တွေ အလွန်ပင် ကြိုက်နှစ်သက်ခဲ့ပါတယ်။

အခု သူတို့ အဖွဲ့က World Tour တွေ စတင် ထွက်တော့မှာဖြစ်ပြီး သတင်းကောင်းအနေနဲ့ Asia Tour အဖြစ် လာရောက်ဖျော်ဖြေတော့မှာဖြစ်ပါတယ်။ ဘယ်လို သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Westlife fan ဖြစ်တဲ့ ကိုယ်ကတော့ အရမ်းတွေ ရင်ခုန်နေတာ အမှန်ပါပဲ။

Concert Tour ကိုတော့ “The 20 Tour” လို့ နာမည်ပေးထားပြီး မေလ ၂၂ ရက်နေ့ မှာ စတင်မှာဖြစ်ပါတယ်။ ပွဲအရေအတွက်ပေါင်း ၄၀ ကျော် လှည့်လည်ဖျော်ဖြေမှာဖြစ်ပြီး Europe မှာ ၃၃ ပွဲ၊ Asia မှာ ၈ ပွဲ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ကဲ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ အမိုက်စားဖျော်ဖြေမှုတွေနဲ့ ဖျော်ဖြေမလဲဆိုတာ Schedule လေးနဲ့တကွ ဖော်ပြပေးလိုက်ရပါတယ်။

သြော် ဒါနဲ့ သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ မြန်မြန်လေး လက်မှတ်ဖြတ်ထားမှ ဖြစ်မယ်နော်။ ကိုယ့်လိုပဲ Westlife ကို ကြည့်မယ့်သူတွေ အများကြီး ရှိမယ်ဆိုတာတော့ မေ့ထားလို့မရဘူးနော်။

လက်မှတ် ဘယ်ချိန်ရောင်းမယ်ဆိုတာကို Update သိဖို့ သူတို့ရဲ့ Twitter ကိုလည်း အစဉ်မပြတ် စောင့်ကြည့်ဖို့ လိုမယ်နော်။ သူတို့ရဲ့ Twitter link ကတော့ https://twitter.com/westlifemusic ပဲဖြစ်ပါတယ်။ အခုပဲ အမြန် သွား follow ထားကြရအောင်။

အားလုံးပဲ Westlife Asia Tour အတွက် သီချင်းတွေလည်း အလွတ်ကျက်ထားဖို့ မမေ့ပါနဲ့လို့ ပြောရင်း January လက ထွက်ထားတဲ့ “Hello My Love” သီချင်းလေးကို နားဆင်လိုက်ကြပါဦးနော်။

Editor: Eain Chu

LUSH Art & MusicLUSH DAILYLUSH Magazine MyanmarLUSH March 2019
0
Facebook Twitter Google + Pinterest
Eain Chu

previous post
Seoul Fashion Week Fall 2019 က အမိုက်စားဖက်ရှင်ပုံရိပ်များ
next post
Secret Tips for Healthy Eating

Recommended

Perfect Bedroom Layout 

July 13, 2020

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

Underrated British Shows that are Binge-watch Worthy

June 16, 2020

Heineken ရဲ့ Star Collective Music Party

December 19, 2019

Classic Jeans – Fashion Vocabulary

August 15, 2019

ဖက်ရှင်ချစ်သူတွေကြား သိမ်းပိုက်နေရာယူလာဦးမယ့် Teeny-Tiny Bag Trend

February 22, 2019

ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လက်ထပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် Ellie Goulding

September 2, 2019

All the details of Dior’s Cruise 2019 collection

May 31, 2018

Interview with Sunrise 18

November 2, 2019

Super Bowl 2020 မှာ ဖျော်ဖြေခဲ့တဲ့ Shakira နဲ့ Jennifer...

February 7, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem