LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesFashion PerspectiveLUSH DAILY

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1 High/Low OG

written by Maeve July 8, 2020
လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1 High/Low OG

Dior နဲ့ Nike ရဲ့ Jordan Brand တို့ပေါင်းပြီး ထုတ်ထားတဲ့ limited-edition Air Jordan 1 ကို အရင်နှစ် ဒီဇင်ဘာလတုန်းက မိုင်ယာမီမှာ လုပ်ခဲ့တဲ့ Dior Men’s Pre-Fall 2020 မှာ ချပြခဲ့ပါတယ်။ 

Dior x Air Jordan 1 High မှာဆို “AIR DIOR” ဆိုတဲ့စကားလုံး နဲ့ Jumpman Wings ဖောင်းကြွ logo ကို တွေ့ရမှာပါ။ “Miami” ဆိုတဲ့တံဆိပ်ကိုလည်း ဖိနပ်ရဲ့အတွင်းပိုင်း ခြေကျင်းဝတ်နားမှာ ထည့်ထားပါတယ်။ Dior x Air Jordan 1 Low ရဲ့ ဒီဇိုင်းကတော့ high-top လို ဖိနပ်ရဲ့ခြေကျင်းဝတ်နေရာမှာ “AIR DIOR” နဲ့ Jumpman Wings logo မပါတာကလွဲလို့ high-top ရဲ့ ဒီဇိုင်းနဲ့ မတိမ်းမယိမ်းပါပဲ။ 

Christian Dior Couture ရဲ့ President Pietro Beccari ရဲ့ပြောစကားအရဆို ဖိနပ်အရံပေါင်း ၁၃၀၀၀ ပဲ ထုတ်ထားပြီးတော့ အဲ့ထဲက အရံ ၅၀၀၀ က Dior ရဲ့ အမာခံ customer တွေအတွက်ဖြစ်ပြီးတော့ public ကို ဖိနပ်အရံ ၈၀၀၀ ပဲထုတ်ရောင်းမယ်လို့ သိရပါတယ်။ 

“AIR DIOR” collection မှာ ဘောင်းဘီအတို၊ အရှည်၊ track set၊ သိုးမွေးထည် နဲ့ အပေါ်ထပ်အင်္ကျီတွေ စတဲ့ ready to wear တွေလည်းပါမှာပါ။ နောက်ပြီး သားရေနဲ့လုပ်ထားတဲ့ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်တွေအပြင် bob hats နဲ့ ဆွဲကြိုးတွေလည်းပါပါသေးတယ်။ ready to wear တွေမှာ သုံးထားတဲ့အရောင်တွေက sneakers မှာသုံးထားတဲ့အရောင်တွေနဲ့လိုက်ဖက်ပြီးတော့ minimalist ဖြစ်ပြီး သပ်ရပ်တဲ့အရောင်အတွဲအစပ်တွေကို တွေ့ရမှာပါ။

AIR DIOR collection ကို ပထမတုန်းက ဒီနှစ် ဧပြီမှာ ရောင်းဖို့အတွက် စီစဉ်ထားခဲ့ပေမယ့် COVID19 ကြောင့် ရောင်းချမယ့်ရက်ကို နောက်ဆုတ်ခဲ့ပါတယ်။ ဇွန် ၂၅ ရက်နေ့မှာတော့ limited edition sneaker ကို ဝယ်ချင်တဲ့ customer တွေအတွက် online ကနေ စာရင်းပေးပြီး ဝယ်လို့ရမယ့် အစီအစဉ်တစ်ခုကို Dior က microsite တစ်ခုထောင်ပြီး လုပ်ခဲ့ပါတယ်။ ဒီ ကံစမ်းမဲအစီအစဉ်ကိုဝင်ပြိုင်တဲ့သူတွေက ကိုယ်လိုချင်တဲ့ model ကိုစာရင်းပေးသွင်းရမှာဖြစ်ပြီးတော့ တစ်ယောက်ကိုတစ်ကြိမ်နှုန်းပဲ စာရင်းသွင်းရပါတယ်။ အဲ့ထဲကနေမှ first-come-first-serve သဘောနဲ့ ရောင်းချေပေးသွားမှာဖြစ်ပြီးတော့ ဝယ်ခွင့်ရတဲ့သူကို ဇူလိုင် ၁ ရက်နေ့တုန်းက e-mail ပို့ပြီး အကြောင်းကြားပေးခဲ့ပါတယ်။ ဒီ အစီအစဉ်ကို လူ ၅ သန်းကျော်လောက်ထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ WWD ရဲ့သတင်းအရသိရပါတယ်။

Air Jordan 1 High-top ရဲ့ဈေးကတော့ $2,200 USD ဖြစ်ပြီး low-top ရဲ့ဈေးကတော့ $2,000 USD ပါ။ အခုဆို StockX လိုနေရာမျိုးမှာ Air Jordan 1 High/Low တွေကို ကန်ဒေါ်လာ ၁ သန်းလောက်ထိကို ဈေးတင်ပြီး ပြန်ရောင်းနေကြပါပြီ။ နောက်ပြီး Air Dior ready to wear နဲ့ accessories တွေကို ဇူလိုင် ၈ ရက်နေ့မှာ သတ်မှတ်ထားတဲ့ Dior ဆိုင်တွေမှာ ဝယ်လို့ရတော့မှာပါ။

AIR DIORAir JordanDIORfashionLUSH DAILYLUSH July 2020LUSH Magazine MyanmarNikeSneakers News
1
Facebook Twitter Google + Pinterest
Maeve

previous post
The More That Meets The Eye 
next post
၁၂ နာရီကြာမြင့်မယ့် Gucci Spring/Summer 2021 Collection Livestream

Recommended

Fine Luxury Watches 2019 Look Book

December 6, 2019

Limited Edition Branded Bags

March 28, 2019

2019 Oscars ဆုပေးပွဲရဲ့ ကော်ဇောနီလျှောက်လမ်းပေါ်က အမိုက်ဆုံးဖက်ရှင်များ

February 25, 2019

Coachella Festival 2019 က ဆယ်လီတို့ရဲ့ အလန်းစားဖက်ရှင်ပုံရိပ်များ

April 25, 2019

Face App has dominated the world again

June 24, 2020

တီထွင်မှုများဆင့်ကဲပြောင်းလဲပြီး ဆန်းသစ်နေဆဲ Tissot

October 28, 2020

စက်တင်ဘာလမှာ ပြုလုပ်သွားမယ့် Paris Fashion Week

June 26, 2020

Dress Pants – Fashion Vocabulary

October 3, 2019

The World’s Top-Earning Musicians Of 2019

December 9, 2019

How not to be a shallow person

April 4, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem