LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSICLUSH DAILY

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို ပြန်လည် အသံသွင်းတော့မယ့် Taylor Swift

written by Maeve August 23, 2019
လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို ပြန်လည် အသံသွင်းတော့မယ့် Taylor Swift
လာမယ့္ ၂၀၂၀ မွာ သူမ ရဲ႕ထြက္ရိွခဲ့တဲ့ သီခ်င္း Album ေျခာက္ခုကို ျပန္လည္ အသံသြင္းေတာ့မယ့္ Taylor Swift

အခုနှစ်လယ်ပိုင်း ဇွန်လထဲမှာတော့ Taylor Swift အတွက် ကံဆိုးမိုးမှောင်မှုကြီးတစ်ခု ကျလိုက်သလိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ သူမ ၂၀၀၆ ခုနှစ်က စတင်ပြီး ထွက်ရှိခဲ့တဲ့ သီချင်း Album ကအစ အခုနောက်ဆုံး ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့ သီချင်း Album တွေ အားလုံးကို Production လုပ်ပေးခဲ့တဲ့ Big Machine Label Group က Scooter Braun က ပိုင်ဆိုင်ကြောင်း ကြေညာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အခုႏွစ္လယ္ပိုင္း ဇြန္လထဲမွာေတာ့ Taylor Swift အတြက္ ကံဆိုးမိုးေမွာင္မႈႀကီးတစ္ခု က်လုိက္သလိုပါပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ သူမ ၂၀၀၆ ခုႏွစ္က စတင္ၿပီး ထြက္ရိွခဲ့တဲ့ သီခ်င္း Album ကအစ အခုေနာက္ဆံုး ၂၀၁၇ ခုႏွစ္မွာထြက္ရိွထားတဲ့ သီခ်င္း Album ေတြ အားလံုးကို Production လုပ္ေပးခဲ့တဲ့ Big Machine Label Group က Scooter Braun က ပိုင္ဆိုင္ေၾကာင္း ေၾကညာခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒီပြဿနာဖြစ်ပြီးနောက်ပိုင်းမှာတော့ Taylor Swift က Braun တို့နဲ့ ညှိနှိုင်းခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းသော မပြေလည်မှုတွေကြောင့် သူမအတွက် ထွက်ရှိခဲ့သမျှ သူမပိုင်ဆိုင်မှုအားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေခဲ့ရတာပါ။

ဒီၿပႆနာျဖစ္ၿပီးေနာက္ပိုင္းမွာေတာ့ Taylor Swift က Braun တုိ႔နဲ႔ ညိွႏိႈင္းခဲ့ပါေသးတယ္။ ဒါေပမယ့္ အေၾကာင္းေၾကာင္းေသာ မေျပလည္မႈေတြေၾကာင့္ သူမအတြက္ ထြက္ရိွခဲ့သမ်ွ သူမပိုင္ဆိုင္မႈအားလံုးကို လက္လႊတ္ဆံုးရံႈးရေတာ့မယ့္ အေျခအေနတစ္ရပ္ကို ရင္ဆိုင္ေနခဲ့ရတာပါ။

ဒီလိုအခက်အခဲတွေကြားထဲက သူမရဲ့ သီချင်း Album အသစ် – တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူမကိုယ်တိုင် ပထမဆုံး လက်ဝယ်ပိုင်ဆိုင်နိုင်မယ့် သီချင်း Album “LOVER” အတွက် အားသွန်ခိုက်စိုက်ကြိုးစားရင်း Album အသစ်ထဲက MTV တွေကို Swifties တွေအတွက် အများနဲ့မတူ ထူးခြားဆန်းပြားအောင် တင်ဆက်ပေးနိုင်မှုကတော့ တကယ့်ကို လေးစားအားကျစရာပါ။

ဒီလိုအခက္အခဲေတြၾကားထဲက သူမရဲ႕ သီခ်င္း Album အသစ္ – တစ္နည္းအားျဖင့္ ေျပာရမယ္ဆိုရင္ သူမကိုယ္တိုင္ ပထမဆံုး လက္ဝယ္ပိုင္ဆိုင္ႏိုင္မယ့္ သီခ်င္း Album “LOVER” အတြက္ အားသြန္ခိုက္စိုက္ႀကိဳးစားရင္း Album အသစ္ထဲက MTV ေတြကို Swifties ေတြအတြက္ အမ်ားနဲ႔မတူ ထူးျခားဆန္းျပားေအာင္ တင္ဆက္ေပးႏိုင္မႈကေတာ့ တကယ့္ကို ေလးစားအားက်စရာပါ။

Good Morning America show မှာတော့ Taylor Swift က သတင်းကောင်းအနေနဲ့ သူမဟာ Big Machine Lable Group နဲ့ Contract သက်တမ်းကုန်ဆုံးချိန် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအပြီးမှာတော့ သူမ အရင်ထွက်ရှိခဲ့တဲ့ သီချင်းတွေကို ပြန်လည် အသံသွင်းနိုင်တော့မှာဖြစ်ကြောင်း၊ ဒီအတွက် သူမက အရမ်းကို စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါတယ်။

Good Morning America show မွာေတာ့ Taylor Swift က သတင္းေကာင္းအေနနဲ႔ သူမဟာ Big Machine Lable Group နဲ႔ Contract သက္တမ္းကုန္ဆံုးခ်ိန္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလအၿပီးမွာေတာ့ သူမ အရင္ထြက္ရိွခဲ့တဲ့ သီခ်င္းေတြကို ျပန္လည္ အသံသြင္းႏိုင္ေတာ့မွာျဖစ္ေၾကာင္း၊ ဒီအတြက္ သူမက အရမ္းကို စိတ္လႈပ္ရွားေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Swifties တွေအတွက် သူမရဲ့အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ်စေဖို့အတွက် VMA ပွဲမှာလည်း Opening Artist အနေနဲ့ August 26 ရက်နေ့မှာလည်း ဖျော်ဖြေပေးဦးမှာဖြစ်ပါတယ်။ ဘယ်လိုမျိုး အမိုက်စားဖျော်ဖြေမှုတွေနဲ့ ဖျော်ဖြေဦးမလဲ၊ ပရိသတ်တွေ ပေးထားတဲ့ Voting တွေနဲ့ Nominated Artist အဖြစ် ပါဝင်ထားတဲ့ သူမအနေနဲ့ကော VMA ပွဲရဲ့ စင်မြင့်မှာ ဆုရရှိနိုင်ဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Swifties ေတြအတြက္ သူမရဲ႕အႏုပညာလႈပ္ရွားမႈေတြ အဆက္မျပတ္ေစဖို႔အတြက္ VMA ပြဲမွာလည္း Opening Artist အေနနဲ႔ August 26 ရက္ေန႔မွာလည္း ေဖ်ာ္ေျဖေပးဦးမွာျဖစ္ပါတယ္။ ဘယ္လိုမ်ိဳး အမိုက္စားေဖ်ာ္ေျဖမႈေတြနဲ႕ ေဖ်ာ္ေျဖဦးမလဲ၊ ပရိသတ္ေတြ ေပးထားတဲ့ Voting ေတြနဲ႔ Nominated Artist အျဖစ္ ပါဝင္ထားတဲ့ သူမအေနနဲ႔ေကာ VMA ပြဲရဲ႕ စင္ျမင့္မွာ ဆုရရိွႏုိင္ဦးမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

ကဲ LUSHers လေးတို့ထဲမှာ Swifties လေးတွေလည်း ရှိနေမှာဆိုတော့ အခုနောက်ဆုံးထွက်ရှိထားတဲ့ LOVER Music Video လေး ကြည့်ရင်း အပန်းဖြေနိုင်အောင် Link ကနေတဆင့် ကြည့်လိုက်ကြပါဦးနော်။

ကဲ LUSHers ေလးတို႔ထဲမွာ Swifties ေလးေတြလည္း ရိွေနမွာဆိုေတာ့ အခုေနာက္ဆံုးထြက္ရိွထားတဲ့ LOVER Music Video ေလး ၾကည့္ရင္း အပန္းေျဖႏုိင္ေအာင္ Link ကေနတဆင့္ ၾကည့္လိုက္ၾကပါဦးေနာ္။

Editor: Eain Chu

LUSH Art & MusicLUSH August 2019LUSH DAILYLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
High Heels – Fashion Vocabulary
next post
Back to 1980s Fashion (၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ ဖက်ရှင်များ)

Recommended

Mother of Pearl Furniture can brighten up your...

June 5, 2020

January 18 မှာ ဝယ်ယူလို့ရတော့မယ့် Beyoncé ရဲ့ IVY PARK...

January 17, 2020

Top 5 Floral Fragrances For LUSH Brides

December 14, 2020

ကမ္ဘာ့မီဒီယာထက်မှာနာမည်ကြီးနေတဲ့ Lady Gaga ရဲ့ ဖက်ရှင်

January 22, 2021

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

June 26, 2020

သမာရိုးကျ schedule ကနေကွဲထွက်ပြီး အာရှမှာ ပြုလုပ်သွားမယ့် LV spring/ summer...

July 15, 2020

Official “FRIENDS” cookbook to be released later this...

May 31, 2020

Breast Cancer Awareness Campaign

October 15, 2019

Collagen supplements တွေရဲ့ကောင်းကျိုးများ

August 10, 2020

Workout မလုပ္ခင္ မစားသင့္တဲ့ အစားအစာမ်ား

June 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem