LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Back to 1980s Fashion (၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ ဖက်ရှင်များ)

written by Maeve August 23, 2019
Back to 1980s Fashion (၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ ဖက်ရှင်များ)

LUSHers ေလးတုိ႔ေရ ဒီတစ္ခါေတာ့ LUSHers ေလးတို႔အတြက္ တစ္ေက်ာ့ျပန္ ျပန္ေခတ္စားေနတဲ့ ဖက္ရွင္ Look ေလးေတြရဲ႕ မူလရင္းျမစ္ ျဖစ္ေပၚလာတဲ့ ခုႏွစ္ေတြဆီကို ျပန္လည္ေခၚေဆာင္သြားမွာပါ။ အခု အပတ္အတြက္ကေတာ့ ၁၉၈၀ ခုႏွစ္က ေခတ္စားခဲ့တဲ့ ဖက္ရွင္ Icon ေတြနဲ႔ သူတို႔ေတြရဲ႕ ဝတ္စားဆင္ယင္မႈေတြအေၾကာင္း၊ ၿပီးေတာ့ သူတို႔ေခတ္၊ သူတို႔အခါက ဘယ္လိုမ်ိဳး အတြဲအစပ္ေတြ ဝတ္ဆင္ခဲ့ၾကလည္းဆိုတာကို မွ်ေဝေပးသြားမွာပါ။

LUSHers လေးတို့ရေ ဒီတစ်ခါတော့ LUSHers လေးတို့အတွက် တစ်ကျော့ပြန် ပြန်ခေတ်စားနေတဲ့ ဖက်ရှင် Look လေးတွေရဲ့ မူလရင်းမြစ် ဖြစ်ပေါ်လာတဲ့ ခုနှစ်တွေဆီကို ပြန်လည်ခေါ်ဆောင်သွားမှာပါ။ အခု အပတ်အတွက်ကတော့ ၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ ဖက်ရှင် Icon တွေနဲ့ သူတို့တွေရဲ့ ဝတ်စားဆင်ယင်မှုတွေအကြောင်း၊ ပြီးတော့ သူတို့ခေတ်၊ သူတို့အခါက ဘယ်လိုမျိုး အတွဲအစပ်တွေ ဝတ်ဆင်ခဲ့ကြလည်းဆိုတာကို မျှဝေပေးသွားမှာပါ။

၁၉၈၀ ခုႏွစ္ ရဲ႕ Fashion Icon တစ္ဦးကို ေျပာရမယ္ဆိုရင္ ဘယ္လိုမွခ်န္ထားခဲ့လုိ႔မရတဲ့သူကေတာ့ ၿဗိတိန္ေတာ္ဝင္မင္းသမီး Diana ပဲ ျဖစ္ပါတယ္။ သူရဲ႕ဝတ္စားဆင္ယင္မႈေတြ အျပင္အဆင္ေတြက အဲ့ဒီေခတ္မွာေတာ့ လူစိတ္ဝင္စားမႈအမ်ားဆံုးနဲ႔ ေခတ္ေရွ႕ေျပးဆံုးဖက္ရွင္လို႔ ေျပာရမွာပါ။ သူမရဲ႕ ဖက္ရွင္ကို တစ္ေစ့တစ္ေစာင္း ျပန္လည္ ေလ့လာၾကည့္ရင္ သူမဟာ Padded Shoulder (ပခံုးမွာ လက္အေဖာင္းထည့္ၿပီး ဝတ္ဆင္ျခင္း) နဲ႔ မိန္းမဆန္တဲ့ Pattern ေတြပါဝင္ထားတဲ့ ပိုးသား Blouse အက်ၤ ီကို တြဲဖက္ဝတ္ဆင္ေလ့ရိွသူလည္း ျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး အဲ့ေခတ္ အဲ့အခါတုန္းက ပုလဲနားကပ္ကို လက္ဝတ္ရတနာပစၥည္းအေနနဲ႔ ေရြးခ်ယ္ဝတ္ဆင္ဆင္ခဲ့သူတစ္ဦးျဖစ္တဲ့အျပင္ကို အခုေခတ္မွာ သိပ္မေတြ႕ရေတာ့တဲ့ သူ႔ရဲ႕ေျပာစမတ္ျပဳရတဲ့ဖက္ရွင္တစ္ခုက နာရီဝတ္ဆင္တဲ့ေနရာမွာ တစ္လံုးတည္းမဟုုတ္ဘဲ ႏွစ္ခု၊ သံုးခု ဝတ္ဆင္တာပဲျဖစ္ပါတယ္။

၁၉၈၀ ခုနှစ် ရဲ့ Fashion Icon တစ်ဦးကို ပြောရမယ်ဆိုရင် ဘယ်လိုမှချန်ထားခဲ့လို့မရတဲ့သူကတော့ ဗြိတိန်တော်ဝင်မင်းသမီး Diana ပဲ ဖြစ်ပါတယ်။ သူရဲ့ဝတ်စားဆင်ယင်မှုတွေ အပြင်အဆင်တွေက အဲ့ဒီခေတ်မှာတော့ လူစိတ်ဝင်စားမှုအများဆုံးနဲ့ ခေတ်ရှေ့ပြေးဆုံးဖက်ရှင်လို့ ပြောရမှာပါ။ သူမရဲ့ ဖက်ရှင်ကို တစ်စေ့တစ်စောင်း ပြန်လည် လေ့လာကြည့်ရင် သူမဟာ Padded Shoulder (ပခုံးမှာ လက်အဖောင်းထည့်ပြီး ဝတ်ဆင်ခြင်း) နဲ့ မိန်းမဆန်တဲ့ Pattern တွေပါဝင်ထားတဲ့ ပိုးသား Blouse အင်္ကျ ီကို တွဲဖက်ဝတ်ဆင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အဲ့ခေတ် အဲ့အခါတုန်းက ပုလဲနားကပ်ကို လက်ဝတ်ရတနာပစ္စည်းအနေနဲ့ ရွေးချယ်ဝတ်ဆင်ဆင်ခဲ့သူတစ်ဦးဖြစ်တဲ့အပြင်ကို အခုခေတ်မှာ သိပ်မတွေ့ရတော့တဲ့ သူ့ရဲ့ပြောစမတ်ပြုရတဲ့ဖက်ရှင်တစ်ခုက နာရီဝတ်ဆင်တဲ့နေရာမှာ တစ်လုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခု ဝတ်ဆင်တာပဲဖြစ်ပါတယ်။

ေနာက္ထပ္ Fashion Icon တစ္ဦးကေတာ့ ဂီတေလာကမွာ POP ဘုရင္မလို႔ တင္စားေခၚေဝၚၾကတဲ့ အဆိုေတာ္ Madonna ပါ။ Madonna ရဲ႕ဖက္ရွင္ေတြက လူငယ္ေတြၾကားမွာ ေတာ္ေတာ္ေလးကို ေရပန္းစားခဲ့ၿပီး အခုထိလည္း ဖက္ရွင္နဲ႔ပတ္သက္ၿပီး Fashion Queen ျဖစ္ေနဆဲပါပဲ။ သူမအၿမဲတမ္း ဝတ္ဆင္ေလ့ရိွတဲ့ Leather Jacket ရယ္၊ အလႊာအထပ္ထပ္ပါဝင္တဲ့ အက်ၤ ီအတြဲအစပ္က ဒီဘက္ေခတ္မွာ ျပန္လည္ဝတ္ဆင္ေနၾကတာကိုလည္း ေတြ႕ျမင္ရမွာပါ။ ဒါ့အျပင္ Skirts ကို ဝတ္ဆင္တဲ့ေနရာမွာလည္း ေအာက္က အသားကပ္ Leggings ကို ထပ္ၿပီး တြဲစပ္ဝတ္ဆင္တတ္ပါေသးတယ္။ Fashion Accessories အေနနဲ႕လည္း Velvet Bows (ဖဲျပားဒီဇုိင္း)ကို ဝတ္ဆင္ေလ့ရိွၿပီး Beads ေတြ ပါဝင္တဲ့ ဆြဲၾကိဳးကိုလည္း ဝတ္ဆင္တတ္ၿပီး သူမရဲ႕ Volume ထူတဲ့ ဆံပင္ဒီဇုိင္းအတြက္ Head Band ကိုလည္း တပ္ဆင္ခဲ့သူတစ္ဦးပါ။

နောက်ထပ် Fashion Icon တစ်ဦးကတော့ ဂီတလောကမှာ POP ဘုရင်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော် Madonna ပါ။ Madonna ရဲ့ဖက်ရှင်တွေက လူငယ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားခဲ့ပြီး အခုထိလည်း ဖက်ရှင်နဲ့ပတ်သက်ပြီး Fashion Queen ဖြစ်နေဆဲပါပဲ။ သူမအမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ Leather Jacket ရယ်၊ အလွှာအထပ်ထပ်ပါဝင်တဲ့ အင်္ကျ ီအတွဲအစပ်က ဒီဘက်ခေတ်မှာ ပြန်လည်ဝတ်ဆင်နေကြတာကိုလည်း တွေ့မြင်ရမှာပါ။ ဒါ့အပြင် Skirts ကို ဝတ်ဆင်တဲ့နေရာမှာလည်း အောက်က အသားကပ် Leggings ကို ထပ်ပြီး တွဲစပ်ဝတ်ဆင်တတ်ပါသေးတယ်။ Fashion Accessories အနေနဲ့လည်း Velvet Bows (ဖဲပြားဒီဇိုင်း)ကို ဝတ်ဆင်လေ့ရှိပြီး Beads တွေ ပါဝင်တဲ့ ဆွဲကြိုးကိုလည်း ဝတ်ဆင်တတ်ပြီး သူမရဲ့ Volume ထူတဲ့ ဆံပင်ဒီဇိုင်းအတွက် Head Band ကိုလည်း တပ်ဆင်ခဲ့သူတစ်ဦးပါ။

၁၉၈၀ ခုႏွစ္ ဂီတေလာကရဲ႕ POP ဘုရင္မကို ေျပာၿပီးသြားၿပီဆိုေတာ့ POP ဘုရင္ကိုလည္း ဘယ္ခ်န္ထားလို႔ရမလဲ။ Michael Jackson ရဲ႕ဖက္ရွင္ေတြ Performance ေတြ၊ ဖက္ရွင္ေတြနဲ႔ အကေတြက အခုထိကို အသက္ဝင္ေနဆဲျဖစ္ေနတုန္းပါ။ ၁၉၈၀ ခုနစ္ဝန္းက်င္မွာ မိန္းကေလးေတြနဲ႔ ေယာက်ာ္းေတြၾကားမွာနာမည္ႀကီး ဖက္ရွင္ပံုစံေတြက သိပ္ၿပီးအကြာႀကီးေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ Power Jacket ကေတာ့ Michael Jackson ရဲ႕ပြဲတုိင္းမွာ ဝတ္ဆင္ေလ့ရိွတယ္ဆိုတာ အားလံုးပဲသိၿပီးၾကၿပီထင္ပါတယ္။ ေနာက္ၿပီး Military Style ပံုစံမ်ိဳ ျဖစ္တဲ့ Fashion Accessories ေတြကိုလည္း Michael Jackson က တြဲဖက္ဝတ္ဆင္တတ္ပါတယ္။

၁၉၈၀ ခုနှစ် ဂီတလောကရဲ့ POP ဘုရင်မကို ပြောပြီးသွားပြီဆိုတော့ POP ဘုရင်ကိုလည်း ဘယ်ချန်ထားလို့ရမလဲ။ Michael Jackson ရဲ့ဖက်ရှင်တွေ Performance တွေ၊ ဖက်ရှင်တွေနဲ့ အကတွေက အခုထိကို အသက်ဝင်နေဆဲဖြစ်နေတုန်းပါ။ ၁၉၈၀ ခုနစ်ဝန်းကျင်မှာ မိန်းကလေးတွေနဲ့ ယောကျာ်းတွေကြားမှာနာမည်ကြီး ဖက်ရှင်ပုံစံတွေက သိပ်ပြီးအကွာကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ Power Jacket ကတော့ Michael Jackson ရဲ့ပွဲတိုင်းမှာ ဝတ်ဆင်လေ့ရှိတယ်ဆိုတာ အားလုံးပဲသိပြီးကြပြီထင်ပါတယ်။ နောက်ပြီး Military Style ပုံစံမျို ဖြစ်တဲ့ Fashion Accessories တွေကိုလည်း Michael Jackson က တွဲဖက်ဝတ်ဆင်တတ်ပါတယ်။

အခုေျပာျပေပးသြားတဲ့ ဖက္ရွင္ေတြကေတာ့ ၁၉၈၀ ခုနစ္က Fashion Icon ေတြရဲ႕ ဖက္ရွင္အတြဲအစပ္ေတြပဲ ျဖစ္ပါတယ္။ သူတို႔ဝတ္ဆင္တဲ့အတြဲအစပ္ေတြအေၾကာင္း ေျပာျပီးျပီဆိုေတာ့ နာမည္ႀကီးခဲ့တဲ့ Fashion Style ေတြဘက္လွည့္ၾကည့္ၾကမယ္ေနာ္။

အခုပြောပြပေးသွားတဲ့ ဖက်ရှင်တွေကတော့ ၁၉၈၀ ခုနစ်က Fashion Icon တွေရဲ့ ဖက်ရှင်အတွဲအစပ်တွေပဲ ဖြစ်ပါတယ်။ သူတို့ဝတ်ဆင်တဲ့အတွဲအစပ်တွေအကြောင်း ပြောပြီးပြီဆိုတော့ နာမည်ကြီးခဲ့တဲ့ Fashion Style တွေဘက်လှည့်ကြည့်ကြမယ်နော်။

၁၉၈၀ ခုနစ္မွာ အေတြ႕ရအမ်ားဆံုးဖက္ရွင္ကေတာ့ Jeans ပါပဲ။ ဘယ္ေနရာကို ၾကည့္လိုက္ၾကည့္လိုက္ Jeans အက်ပ္ဒီဇုိင္းကို High Waist ခါးအျမင့္ဝတ္ဆင္ၾကမွာေတြ႕ရမွာပါ။ Fashion Accessories အေနနဲ႔ ေနကာမ်က္မွန္အႀကီးႀကီးတပ္ဆင္ေလ့ရိွၾကသလို Head Bands နဲ႔ Bows ဖဲျပား အလွေလးေတြလည္း တပ္ဆင္ေလ့ရိွၾကပါတယ္။

၁၉၈၀ ခုနစ်မှာ အတွေ့ရအများဆုံးဖက်ရှင်ကတော့ Jeans ပါပဲ။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် Jeans အကျပ်ဒီဇိုင်းကို High Waist ခါးအမြင့်ဝတ်ဆင်ကြမှာတွေ့ရမှာပါ။ Fashion Accessories အနေနဲ့ နေကာမျက်မှန်အကြီးကြီးတပ်ဆင်လေ့ရှိကြသလို Head Bands နဲ့ Bows ဖဲပြား အလှလေးတွေလည်း တပ်ဆင်လေ့ရှိကြပါတယ်။

အေရာင္အားျဖင့္ Neon Colors ေတြကို ပိုမိုေရြးခ်ယ္ၿပီး ဝတ္ဆင္ၾကတာကို ေတြ႕ႏုိင္မွာပဲျဖစ္ပါတယ္။ ဘာေၾကာင့္ Neon Color ကို ေရြးခ်ယ္ၾကလည္းဆိုေတာ့ လူအမ်ားၾကားမွာ ထင္ရွားေနတာျဖစ္တာေၾကာင့္ ပါသလို လူငယ္ဆန္တာေၾကာင့္လည္း ေရြးခ်ယ္ဝတ္ဆင္ၾကပါတယ္။

အရောင်အားဖြင့် Neon Colors တွေကို ပိုမိုရွေးချယ်ပြီး ဝတ်ဆင်ကြတာကို တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဘာကြောင့် Neon Color ကို ရွေးချယ်ကြလည်းဆိုတော့ လူအများကြားမှာ ထင်ရှားနေတာဖြစ်တာကြောင့် ပါသလို လူငယ်ဆန်တာကြောင့်လည်း ရွေးချယ်ဝတ်ဆင်ကြပါတယ်။

အက်ၤ ီဒီဇိုင္းအေနနဲ႔လည္း Power Suit လုိ႔ သတ္မွတ္ထားတဲ့အတြဲအစပ္ျဖစ္တဲ့ ဒူးနားထိ စကပ္ကို Waist Jacket ႏွင့္ Plain Blouse ကို ဝတ္ဆင္ေလ့ရိွပါတယ္။ ေနာက္လူငယ္ဆန္ဆန္အတြဲအစပ္ကေတာ့ Ruffles ဒီဇုိင္းပါ။ Blouse ဒီဇိုင္းဆန္ဆန္ dress ကို ဝတ္ဆင္ၾကတာျဖစ္ၿပီး ပုခံုးနဲ႔လက္ေမာင္းေနရာမွာ ေဖာင္းေဖာင္းေလး ဝတ္ဆင္ၾကသလို လွပလွတဲ့ လည္တိုင္မွာ Ruffles ခ်ည္ထားတဲ့ဒီဇုိင္းကို ေရြးခ်ယ္ ဝတ္ဆင္ၾကတာကို အမ်ားစုမွာ ေတြ႕ျမင္ႏုိင္ပါတယ္။

အင်္ကျ ီဒီဇိုင်းအနေနဲ့လည်း Power Suit လို့ သတ်မှတ်ထားတဲ့အတွဲအစပ်ဖြစ်တဲ့ ဒူးနားထိ စကပ်ကို Waist Jacket နှင့် Plain Blouse ကို ဝတ်ဆင်လေ့ရှိပါတယ်။ နောက်လူငယ်ဆန်ဆန်အတွဲအစပ်ကတော့ Ruffles ဒီဇိုင်းပါ။ Blouse ဒီဇိုင်းဆန်ဆန် dress ကို ဝတ်ဆင်ကြတာဖြစ်ပြီး ပုခုံးနဲ့လက်မောင်းနေရာမှာ ဖောင်းဖောင်းလေး ဝတ်ဆင်ကြသလို လှပလှတဲ့ လည်တိုင်မှာ Ruffles ချည်ထားတဲ့ဒီဇိုင်းကို ရွေးချယ် ဝတ်ဆင်ကြတာကို အများစုမှာ တွေ့မြင်နိုင်ပါတယ်။

၁၉၈၀ ခုႏွစ္က ေယာက္်ားေလးေတြရဲ႕ ဝတ္စားဆင္ယင္မႈမွာလည္း မိန္းကေလးေတြနဲ႔ သိပ္ၿပီး ကြဲျပားျခားနားမႈမရိွခဲ့ပါဘူး။ T-shirt ဝတ္ဆင္မႈမ်ားၿပီး သူတို႔ရဲ႕ T-shirt ကို Jeans ေဘာင္းဘီထဲ ထည့္ဝတ္ေလ့ရိွၾကပါတယ္။

၁၉၈၀ ခုနှစ်က ယောက်ျားလေးတွေရဲ့ ဝတ်စားဆင်ယင်မှုမှာလည်း မိန်းကလေးတွေနဲ့ သိပ်ပြီး ကွဲပြားခြားနားမှုမရှိခဲ့ပါဘူး။ T-shirt ဝတ်ဆင်မှုများပြီး သူတို့ရဲ့ T-shirt ကို Jeans ဘောင်းဘီထဲ ထည့်ဝတ်လေ့ရှိကြပါတယ်။

၁၉၈၀ ခုႏွစ္မွာ နာမည္ႀကီးတဲ့ ဒီဇုိင္နာေတြကို ေျပာျပရမယ္ဆိုရင္ေတာ့ Giorgio Armani နဲ႕ Calvin Klein လို႔ပဲ ေျပာရမွာပါ။ သူတို႔ေတြရဲ႕ ဒီဇုိင္းေတြက အခုခ်ိန္ထိ လူႀကီး၊ လူငယ္မေရြး ေရြးခ်ယ္ဝတ္ဆင္ၾကတဲ့ Brand ေတြထဲမွာလည္း ပါဝင္ေနဆဲပါ။ Fashion Trend အေနနဲ႔ ေခတ္စားတဲ့ပံုစံေတြကေတာ့ အားကစားဘက္ကို ဦးစားေပးထားတဲ့ Trend ကိုလည္း ေတြ႕ရိွႏိုင္သလို Punk Style ေတြကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

၁၉၈၀ ခုနှစ်မှာ နာမည်ကြီးတဲ့ ဒီဇိုင်နာတွေကို ပြောပြရမယ်ဆိုရင်တော့ Giorgio Armani နဲ့ Calvin Klein လို့ပဲ ပြောရမှာပါ။ သူတို့တွေရဲ့ ဒီဇိုင်းတွေက အခုချိန်ထိ လူကြီး၊ လူငယ်မရွေး ရွေးချယ်ဝတ်ဆင်ကြတဲ့ Brand တွေထဲမှာလည်း ပါဝင်နေဆဲပါ။ Fashion Trend အနေနဲ့ ခေတ်စားတဲ့ပုံစံတွေကတော့ အားကစားဘက်ကို ဦးစားပေးထားတဲ့ Trend ကိုလည်း တွေ့ရှိနိုင်သလို Punk Style တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီေန႔ဒီအခ်ိန္မွာလည္း ဒီ ၁၉၈၀ ခုႏွစ္က ဒီဇိုင္းေတြကို အခုေခတ္ပံုစံနဲ႕ တီထြင္ဆန္းသစ္ၿပီး ဝတ္ဆင္လိုက္မယ္ဆိုရင္ေတာ့ လူအားလံုးရဲ႕အလယ္မွာ ထင္ေပၚေနမွာ အမွန္ပါပဲ။

ဒီနေ့ဒီအချိန်မှာလည်း ဒီ ၁၉၈၀ ခုနှစ်က ဒီဇိုင်းတွေကို အခုခေတ်ပုံစံနဲ့ တီထွင်ဆန်းသစ်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ လူအားလုံးရဲ့အလယ်မှာ ထင်ပေါ်နေမှာ အမှန်ပါပဲ။

Editor: Eain Chu

LUSH August 2019LUSH DAILYlush fashionLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို ပြန်လည် အသံသွင်းတော့မယ့် Taylor Swift
next post
အမေဇုံကို ကယ်တင်ပါ။

Recommended

Live With LUSH Dec Cover Star | Phway...

December 12, 2017

LUSH PICK EP.2

September 6, 2019

Halsey collaborated with Marshmello and dropped a single...

May 30, 2020

Viktor & Rolf Bridal Fall 2020

November 30, 2020

Disney ခ်စ္သူေတြအၾကိဳက္ေတြ႔ေစမယ့္ Snow White Makeup Brush Collection

November 12, 2018

Outlander actors to star in new travel show

June 18, 2020

အားလံုးေၾကြေစရမယ့္ Chanel ရဲ႕ေနာက္ဆံုးထြက္ Sandal 

June 25, 2018

Three Destinations for Travel in April

April 10, 2019

နောက်လဆန်းမှာ ထွက်ရှိလာတော့မယ့် Selena Gomez ရဲ့ Rare beauty

August 24, 2020

A sneak peek of Michael Cinco’s “The Impalpable...

May 31, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem