LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLUSH DAILY

Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ

written by Eain Chu June 21, 2019
Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ

Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာတွေဆိုရင် အားလုံးရဲ့အတွေးထဲမှာ Fast Food တွေ၊ ချိုတဲ့အစားအစာတွေ၊ အရက်သေစာတွေလို့ပဲ စဉ်းစားမိကြမှာပါ။ ဒါပေမဲ့ တခြားသော အစားအစာတွေရှိပါသေးတယ်။ အခု ပြောပြမယ့်အစားအစာတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေဖြစ်ပေမယ့် workout မလုပ်ခင် စားဖြစ်ရင် အန္တာရယ်ဖြစ်စေနိုင်တဲ့အစားအစာတွေဖြစ်နိုင်တဲ့အပြင် workout လုပ်နေတဲ့အချိန်မှာ ပိုပြီးတော့ အားယုတ်စေနိုင်ပါတယ်။

ဘာကြောင့် ဒီလိုမျိုး မစားသင့်တဲ့ pre-workout အစားအစာတွေက အရေးကြီးတာလဲဆိုတော့ လေ့ကျင့်ခန်းလုပ်ရတဲ့အချိန် ကိုယ်ထဲမှာရှိတဲ့သွေးလည်ပတ်မှုက အရမ်းများပြီး လှုပ်ရှားနေတဲ့ကြွက်သားတွေထဲကို စီးဆင်းနေတာကြောင့် ဝမ်းဗိုက်ထဲကို သွေးစီးဆင်းမှုလျော့နည်းစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အစာချေဖျက်မှုစနစ်ကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်က အလုပ်နှစ်ခုကို တပြိုင်နက်တည်း အလုပ်မလုပ်နိုင်တာကြောင့် workout လုပ်တဲ့နေရာမှာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာမဟုတ်နိုင်ပါဘူး။

အခုပြောပြသွားမယ့်အစားအစာတွေက မစားသင့်တဲ့အစားအစာတွေဖြစ်ပေမယ့် ဒီအစားအစာတွေကို workout မလုပ်ခင် နှစ်နာရီ ဒါမှမဟုတ် သုံးနာရီ ကြိုစားထားရင်တော့ အဆင်ပြေမှာပါ။ ကြားထဲမှာ အချိန်ခြားသွားတော့ အစာအိမ်က အစာချေဖျက်ဖို့ အချိန်ရသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

၁။ အစိမ်းရောင်ရှိတဲ့အရွက်တွေက ဘယ်အစားအစာနဲ့မဆို လိုက်ဖက်ညီတဲ့အစားအစာဆိုပေမယ့် ဒီ အစိမ်းရောင်အရွက်မှာပါဝင်တဲ့ Fibre(အမျှင်ဓာတ်)က အစာချေဖျက်ဖို့ အချိန်ကြာမြင့်စွာယူနိုင်တာသာမက လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ မအီမသာ ခံစားရစေနိုင်ပါတယ်။

၂။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စတဲ့ ဒီအရွက်တွေက ကိုယ်ရဲ့တစ်နေ့တာ စားသောက်မှုပုံစံမှာ အရေးကြီးတယ်ဆိုပေမယ့် workout မလုပ်ခင်တော့ သတိထားပြီး မစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအရွက်တွေထဲမှာ ပါဝင်တဲ့ Sulphur(ဆာဖာလ်)ဓာတ်က ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ gas ကို ထုတ်လွှင့်ပေးတာမို့လို့ပါ။ ဒါ့အပြင် Raffinose Carbohydrate ပါဝင်တာကြောင့်လည်း ဝမ်းဗိုက်ဖောရောင်နိုင်သလို ဝမ်းတွင်းရှိ gas ထုတ်လွှင့်မှုကိုလည်း နှစ်ဆတိုးစေနိုင်ပါတယ်။

၃။ ကုလားပဲ၊ ပဲတောင့်ရှည် စတဲ့ ပဲနှင့်ဆက်စပ်တဲ့အစားအစာတွေမှာ Fibre(အမျှင်ဓာတ်) ပါဝင်ရုံသာမက Raffinose လို့ခေါ်တဲ့ Carbohydrate(ကာဗိုဟဒရိုက်ဓာတ်) ပါဝင်မှုကြောင့် လေ့ကျင့်ခန်း ပြုလုပ်တဲ့ မအီမသာဖြစ်နိုင်တဲ့အပြင် ခန္ဓာကိုယ် ဖောပြီး ရောင်ရမ်းစေနိုင်ပါတယ်။

၎။ နောက်အသီးတစ်မျိုးကတော့ ထောပတ်သီးပါ။ ထောပတ်သီးမှာ ပါဝင်တဲ့ Fibre(အမျှင်ဓာတ်)ကြောင့် အစာဖျေဖျက်မှု နှောင့်နှေးစေနိုင်သလို အစာအိမ်အောင့်စေနိုင်ပါတယ်။

brown pastry on brown wicker basket၅။ ပုံမှန်အားဖြင့် Fibre(အမျှင်ဓာတ်) ပါဝင်တဲ့ ဂျုံကြမ်းပေါင်မုန့်၊ ပါစတာ၊ oatmeal အစရှိတာတွေက ဗိုက်ပြည့်စေနိုင်သလို အစာချေဖျက်မှုကို ဖြေးဖြေးနဲ့မှန်မှန်လည်ပတ်စေနိုင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ သို့သော်လည်း အစာချေဖျက်မှုနှုန်းကြာရှည်နိုင်တဲ့အတွက် workout မလုပ်ခင်တော့ မစားသင့်ပါဘူး – အစာမကြေတာတွေဖြစ်နိုင်သလို ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် workout မလုပ်ခင် ဒီအစားအစာတွေကို ရှောင်ရှားပေးဖို့ သတိချပ်စေလိုပါတယ်။

၆။ Workout မလုပ်ခင် အစေ့အဆံတွေ စားထားရင်တော့ အစာမကြေဖြစ်မှာ အသေအချာမို့လို့ ဖြစ်နိုင်ရင် မစားတာ အကောင်းဆုံးပါ။ ဘာကြောင့်လည်းဆိုတော့ အစေ့အဆံမှာ ပါဝင်တဲ့ fat(အဆီဓာတ်)က အစာချေဖျက်မှုနှုန်း နှေးကွေးစေနိုင်တာကြောင့်ပါ။

၇။ Workout မလုပ်ခင် နောက်ထပ် မစားသင့်တဲ့အစားအစာကတော့ စပ်တဲ့အစားအစာတွေပါ။ ဘာကြောင့် မစားသင့်လည်း ဆိုတဲ့အကြောင်းအရင်း (၂)ခု ရှိပါတယ်။ ပထမအကြောင်းအရာကတော့ အစာမကြေနိုင်တာကြောင့် အစာအိမ်နာနိုင်ပြီး workout လုပ်ရမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ် workout လုပ်ဖို့ စိုက်ထုတ်ရတဲ့ အားအင်တွေကို ယုတ်စေနိုင်ပြီး ကိုက်ခဲမှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ စပ်တဲ့အစားအစာတွေကို workout မလုပ်ခင် ၂၄ နာရီအတွင်း မစားတာ အကောင်းဆုံးပါပဲနော်။

clear labeled bottles in cooler box ၈။ နို့ နှင့် နို့ထွက်ပစ္စည်းတွေကလည်း workout မလုပ်ခင် မစားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ နို့ နှင့် နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ Fat(အဆီဓာတ်)မှာ လူကို နုံးစေသလို အစာအိမ်ထဲမှာရှိတဲ့ အက်စစ်ဓာတ်ကိုလည်း တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်လေထနိုင်သလို အစာကြေဖို့ မလွယ်ကူတာဖြစ်တာကြောင့်လည်း အစာအိမ်အောင့်တာတို့ အစာအိမ်ရောင်တာတို့ ဖြစ်ပွားစေနိုင်ပါတယ်။

၉။ Gas ပါတဲ့အချိုရည်တွေကိုလည်း workout မလုပ်ခင် မသောက်သင့်ပါဘူး။ Gas ပါတဲ့အချိုရည်တွေမှာ သကြားဓာတ် ပါဝင်မှုများတာကြောင့် လေပွနိုင်တဲ့အပြင် ဝမ်းဗိုက်ဖောရောင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီ Gas ပါတဲ့ အချိုရည်တွေက workout မလုပ်ခင်တင် မဟုတ်ဘဲ အမြဲရှောင်ရှားသင့်တဲ့ အစားအစာဖြစ်တာကြောင့် လုံးဝရှောင်ကြည့်သင့်ပါတယ်။

အခုဖော်ပြပေးသွားတဲ့အစားအစာတွေကတော့ workout မလုပ်ခင် မစားသင့်တဲ့အစားအစာတွေဖြစ်လို့ ကိုယ်က workout မလုပ်ခင် ဒီအစားအစာတွေ စားမိနေရင် မြန်မြန်လေး ကိုယ်ရဲ့စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ကြရအောင် LUSHers တို့ရေ။

Editor: Eain Chu

LUSH DAILYLUSH get fitLUSH June 2019LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Eain Chu

previous post
Best Fashion Looks of MTV Movie & TV Awards 2019
next post
အသဲကွဲတဲ့အခါ Solo Travelling လုပ်သင့်လား

Recommended

Physiological & Psychological Revolutions

April 12, 2019

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

Bacalar – Maldives of Mexico

March 11, 2019

In the Mood for Love 20 years memory

June 8, 2020

New Normal Business Casual for Rainy Season

June 15, 2020

5 ways to amaze your guest by your...

June 9, 2020

Gucci ရဲ့အထိမ်းအမှတ်တွေ၊ print တွေ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တွေနဲ့ ပြုလုပ်ထားတဲ့ Gucci...

June 4, 2018

Stars to your heart

August 1, 2020

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို...

August 23, 2019

သမာရိုးကျ schedule ကနေကွဲထွက်ပြီး အာရှမှာ ပြုလုပ်သွားမယ့် LV spring/ summer...

July 15, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem