LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

written by Maeve July 26, 2019
ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

သူ့နှာခေါင်းလေးက ဆင်းပြီးလှလိုက်တာ… Filler ထိုးပြီးမှ နှုတ်ခမ်းလေးကဖူးနေတာပဲ…မျက်ရစ်လေး ပိုပေါ်သွားတယ်နော်…ဆိုပြီး ဒီနောက်ပိုင်း မိန်းကလေးတွေဆုံတိုင်း တီးတိုးတစ်မျိုး၊ ဝိုင်းဖွဲ့ပြီးတော့တစ်ဖုံ အမြဲပြောကြတယ်နော်။

ဘာလို့ Plastic Surgery ကို မြန်မာမိန်းကလေးတော်တော်များများက ဒီလောက်စိတ်ဝင်စားလာတာလဲ ပြန်ကြည့်ရင် သူတို့အားကျတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေ၊ ခေတ်ရေစီးကြောင်းတွေကြောင့်လည်း အများကြီး ဆိုင်တယ်ပြောရမှာပါ။

Plastic Surgery က အသက်ငယ်ပိုင်းတွေထဲမှာတင် နာမည်ကြီးနေတာမဟုတ်ပါဘူး။ အသက်လတ်ပိုင်း အမျိုးသမီးတွေကြားမှာလည်း Botox ထိုးတာ  Facelift လုပ်တာတွေက အခုနောက်ပိုင်းမှာ သာမန် အလှအပရေးရာကိစ္စလေးတွေလိုဖြစ်နေပါပြီ။

ဟိုးအရင်ဆယ်စုနှစ်တွေတုန်းကတော့ အလှအပနဲ့ပတ်သက်ရင် Cosmetic တွေပဲ Trend ဖြစ်ခဲ့တယ် ဆိုပေမယ့် အခုချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ဒေါ်လာသောင်းနဲ့ချီကုန်ကျတဲ့ Plastic Surgery က အလှအပရေးရာ Trend တစ်ခုလို ဖြစ်လို့နေပါပြီ။ 

အခုလောလောဆယ် အာရှမှာ Plastic Surgery အများဆုံးလုပ်ကြတဲ့နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး နိုင်ငံတကာသတင်းမီဒီယာတချို့ရဲ့တွေ့ရှိချက်အရဆိုရင် လူ (၅) ဦးမှာ (၁) ဦးက Plastic Surgery လုပ်ဖူးတယ်လို့ သိရပါတယ်။

ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးလာတာနဲ့အမျှ အခုဆိုမြန်မာနိုင်ငံမှာလည်း Rhinoplasty လိုမျိုး နှာခေါင်းခွဲစိတ်တာ ပြီးတော့ မျက်ရစ်ဖော်တာ ၊ Botox ထိုးတာတွေက တဖြည်းဖြည်းနဲ့ ခေတ်စားလာတာ တွေ့လာရပါတယ်။

ကမ္ဘာကျော်တွေနဲ့ Plastic Surgery

Plastic Surgery နဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကသတိထားမိတဲ့ ပထမဆုံးအနုပညာရှင်ကတော့ King of Pop လို့သိကြတဲ့ Michael Jackson ပါ။ Plastic Surgery ပေါင်းများစွာနဲ့ မူရင်းမျက်နှာကို အလုံးစုံပြောင်းလဲပစ်ခဲ့တဲ့ Michael Jackson နဲ့နာမည်ကျော် Hollywood star တွေရဲ့ ခန္ဓာကိုယ် Plastic Surgery တွေက ကမ္ဘာနဲ့တစ်ဝှမ်းက အလှအပရေးရာစိတ်ဝင်စားသူတွေရဲ့အာရုံစူးစိုက်မှုတွေ ရရှိခဲ့ကြပါတယ်။

နာမည်ကျော် Celebrities တွေထဲက Plastic Surgery ပြုလုပ်ရင်းနာမည်ကြီးလာတဲ့ အနုပညာရှင်တွေထဲမှာ Beyoncé ၊ Nicki Minaj ၊ Rihanna ၊ Megan Fox နဲ့ Renee Zellweger တို့လည်း အပါအဝင်ပါ။ 

တကယ်တမ်းပြောရရင် Plastic Surgery က လူတွေကိုစွဲလမ်းစိတ်ဖြစ်စေလားလို့ တောင် ထင်ရပါတယ်။ တစ်ခါပြုပြင်ပြီးသူတိုင်းက နောက်ထပ်ပြင်ဆင်ခွဲစိတ်ဖို့ကို နောက်မတွန့်သလို တခြားသူတွေကို အတွေ့အကြုံတွေမျှဖို့လည်း ဝန်မလေးတတ်ကြပါဘူး။

ကမ္ဘာကျော် Hollywood Star တွေကြားမှာ အများဆုံးခွဲစိတ်ပြုပြင်ကြတဲ့ Surgical ပိုင်းတွေကတော့ Botox ၊ မျက်ရစ် ၊ Rhinoplasty ၊ နှုတ်ခမ်း ၊ ရင်သားနဲ့ တင်ပါးတို့က ပိုများပါတယ်။ အခုဆို မျက်နှာခွဲစိတ်ပြုပြင် ချင်တဲ့သူတွေက သူတို့လိုချင်တဲ့အစိတ်အပိုင်းပုံစံတွေကို Celebrities တွေပြုပြင်ထားတဲ့အတိုင်း လိုက်လံ ပြုပြင်သူတွေ အတော်လေးများလာတာလည်း တွေ့ရပါတယ်။

Instagram Face

ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ခေတ်စားလာတဲ့နောက်ထပ် Trend တစ်ခုလည်းရှိပါတယ်။ အဲ့ဒါက Social Media သုံးတဲ့သူတွေကြားမှာ နာမည်ကြီးနေတဲ့ မျက်လုံးဝိုင်းဝိုင်း ၊ နှုတ်ခမ်းဖူးဖူးလေးနဲ့ Filter လေးတွေက အခုခေတ်မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ Ideal type လေးတွေ ဖြစ်လာတယ်နော်။ ဒါကြောင့်မို့ Camera Filter တွေထဲကလို အသားဖြူဖြူချောချောလေးဖြစ်အောင်ဆိုပြီး အာရှမှာဆို အသားဖြူဆေးနဲ့ Collagen သောက်သုံးတဲ့သူတွေများလာသလို မျက်နှာခွဲစိတ်ပြုပြင်သူတွေကလည်း တဖြည်းဖြည်းတိုးလာတာ တွေ့ရပါတယ်။

လူမှုကွန်ရက်နဲ့ Mobile App တွေထဲမှာတော့ အသားဖြူဖွေးချောမွေ့ပြီး မျက်နှာသွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်းပုံစံပြောင်းပေးတဲ့ Filter လေးတွေနဲ့စိတ်ကြိုက်ပြောင်းရိုက်လို့ရပေမယ့်  တကယ့် လက်တွေ့ပြင်ပမှာဆိုရင်တော့ Plastic Surgery အတွက် ငွေကုန်ကြေးကျများစွာအကုန်ခံပြီးမှပဲ ပြောင်းလဲနိုင်တာပါ။

မိန်းကလေးတွေကြားမှာ Instagram Face တွေက ဘယ်လောက်ခေတ်စားတယ်၊ မစားတယ်ဆိုတာ နောက်ပိုင်းထွက်လာတဲ့ Cosmetic နဲ့ Makeup trend တွေကြည့်တာနဲ့သိပ်သိသာပါတယ်။ ဒီနောက်ပိုင်း Beauty Blogger တွေရဲ့ Instagram makeup look တွေဆိုလည်း Instagram မှာအတော်လေးကို ရေပန်းစားနေမှန်း သိပြီးသားဖြစ်မှာပါ။

အလှအပ Trend တွေနဲ့ မိန်းကလေးတွေရဲ့အကြိုက်တွေကလည်း အချိန်နဲ့အမျှပြောင်းနေတာဆိုတော့ Plastic Surgery Trend မဟုတ်ဘဲ တခြားဘယ်လို Trend အသစ်တွေလာမလဲစောင့်ကြည့်နေရတာလည်း ရင်ခုန်ဖို့ကောင်းပါတယ်။ 

Real-like Barbie Trend

Celebrities တွေမှပဲ Plastic Surgery ကို အရူးအမူးစွဲလမ်းကြတာမဟုတ်ပါဘူး။ အလှအပကိုရူးသွပ်တဲ့ သာမန်မိန်းကလေးတွေလည်း မျက်နှာခွဲစိတ်ပြုပြင်တာနဲ့ပတ်သက်ပြီး အခုနောက်ပိုင်း ပိုစိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။

အခု Webcam Model တချို့ဆို သူတို့သဘောကျတဲ့ ကာတွန်းဇာတ်ကောင်တွေအတိုင်း ရင်သားနဲ့ မျက်နှာအစိတ်အပိုင်းတော်တော်များများကို Plastic Surgery လုပ်ပစ်လိုက်တာတောင်ရှိလာပါတယ်။ ဟိုတလောကမှ လူမှုကွန်ရက်မှာ Barbie ရုပ်လေးဆိုပြီးနာမည်ကြီးနေတဲ့ ရုရှားက Tatiana ဆိုရင် Barbie အရုပ်အတိုင်း အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်ခဲ့တဲ့သူပါ။ သူဆိုရင် ခွဲစိတ်မှုအားလုံးအတွက်ကို ပေါင် ၁ သိန်းကျော် ကုန်ကျပြီး တကယ်ကိုစိတ်ကူးနဲ့လက်တွေ့အကောင်အထည်ဖော်အောင် ဖန်တီးခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Trend တွေက အချိန်နဲ့အမျှပြောင်းလဲနေတာဆိုတော့ တစ်နှစ်နဲ့တစ်နှစ်မတူတာတွေရှိတယ်။ အခုနောက်ပိုင်းဆိုရင် ခွဲစိတ်ပြုပြင်လိုက်တာထက် Non-surgical cosmetic လို Filler နဲ့ Laser ထိုးတာတွေက ပို Trend ဖြစ်လာပြီဆိုတော့ နောက်ထပ်ဘယ် Trend တွေထပ်ပြောင်းလာမလဲ…တစ်ကျော့ပြန် Trend တွေက ဘာတွေပြောင်းလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Editor: Lim

LUSH Beauty & SoulLUSH DAILYLUSH JULY 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
LUSH Pick July 2019 | Beauty Curate
next post
Marvel Phase 4: The Eternals မှာ သရုပ်ဆောင်မယ့် တောင်ကိုးရီးယားမင်းသား Ma Dong Seok

Recommended

The most Eye-Catching Red Carpet Looks from MTV...

November 12, 2018

တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

August 28, 2020

The Iconic Evening Fashion Show – Runway of...

October 28, 2019

Fendi ရဲ့ Peekaboo Campaign မှာပါဝင်ခဲ့ကြတဲ့ Jessica နဲ့ Krystal

July 23, 2018

ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

June 25, 2020

The Iconic Evening Fashion Show – Designer Htu...

October 25, 2019

High Heels – Fashion Vocabulary

August 22, 2019

သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

October 12, 2020

Bridal Gowns of Oscar de la Renta

November 9, 2020

Jazzing Up the Town

July 28, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem