LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Body & SoulLIFE

“အမဓါတ်” စွမ်းအင်ဆိုတာ

written by Orchid June 9, 2023
“အမဓါတ်” စွမ်းအင်ဆိုတာ

“အမဓါတ်” စွမ်းအင်ဆိုတာ 

“အမဓါတ်”ဆိုတာ ဘယ်လိုစွမ်းအင်မျိုးလဲဆိုရင် ဖန်တီးတတ်တာ၊ ပျိုးထောင်တတ်တာ ၊ကမ္ဘာကြီးကို နှစ်လိုချစ်ခင်ဖွယ်ကောင်းတဲ့ ကမ္ဘာမျိုးဖြစ်အောင် ဖန်တီးနိုင်တဲ့ စွမ်းအင်မျိုး ဖြစ်တယ်။ 

ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် “အမဓါတ်” စွမ်းအင် ရှိ၊မရှိ အကဲခတ်နိုင်ဖို့ အောက်က အချက်လေးတွေကို ဖတ်ပြီး ဆန်းစစ်ကြည့်လို့ ရပါတယ်။ 

၁။ ကိုယ့်ကိုယ်ကိုယ် မိန်းမဆန်မှာ စိုးရိမ်နေတာ၊ ရှက်နေတာ၊ ကြောက်နေတာ။ မိန်းမဆန်တာကို အထင်အမြင်သေးတာ။ 

၂။ ယောက်ျားဆန်ရတာက ပိုပြီး စွမ်းဆောင်နိုင်မှုရှိတယ်လို့ ယုံကြည်နေတာ။

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတာ။ အထူးတလည် ဂရုမစိုက်ချင်တာ။

၄။ အမြဲတမ်း အလုပ်တွေ တရစပ်လုပ်နေရမှ တိုးတက်နေတယ်လို့ထင်တယ်။  အလုပ်တွေ ပြီးမြောက်တယ်လို့ ခံစားနေရမှ နေလို့အဆင်ပြေတယ်။ 

၅။ အတွင်းထဲက အလိုလိုသိစိတ်ထက် ဦးနှောက်သုံးပြီးတွက်ချက်ပြီးမှ ရလာတာကို ပိုအလေးထားတယ်။

၆။ ဘဝကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ချယ်လှယ်တယ်။ ကြိုးကိုင်တယ်။ ဖန်တီးတယ်။ 

၇။ အလှပြင်ရတာကို အပေါ်ယံလို့ သဘောထားတယ်။ အနှစ်သာရမရှိဘူးလို့ မြင်တယ်။

၈။ အလုပ်တွေကနေ ခဏအချိန်ပေးပြီးနားရမှာကိုဝန်လေးနေတယ်။ 

၉။ ကိုယ့်ရဲ့ ခန္ဓာ ဘာပြောနေလဲဆိုတာ နားမထောင်ဘူး။ စိတ်ဝင်စားမှု မရှိဘူး။ 

၁၀။ ကိုယ့်ကိုယ်ကိုယ် လက်တွေ့သက်သေပြဖို့ အမြဲလိုအပ်တယ်လို့ ထင်နေတယ်။

၁၁။ မိန်းမဘဝကို မုန်းတဲ့စိတ်ရှိတယ်။ မိန်းမတယောက်ဖြစ်နေလို့ နိုင်ကျင့်အစော်ကားခံရတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးတယ်။ 

၁၂။ သူတပါးဆီမှာ အကူအညီတောင်းရတာ၊ သူတပါးကို မှီခိုရတာကို မကြိုက်ဘူး။

Embrace the Goddess

 

၁၃။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တယ်။ 

၁၄။ ပေးတဲ့လက်ပဲ ဖြစ်ချင်တယ်။ 

၁၅။ ချစ်ခြင်းမေတ္တာကို ဖေါ်ပြဖို့ အရမ်းခက်ခဲနေတတ်တယ်။ 

ဒီ ၁၅ ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်ညီနေပြီဆိုရင်တော့ “အဖိုဓါတ်” လွန်ကဲနေပြီး “အမဓါတ်” စွမ်းအင် ရရှိဖို့ လိုအပ်နေပါပြီ။ 

ဒါဆိုရင် ဒီစွမ်းအင်ရနိုင်ဖို့ အခုပြောပြမယ့် အချက် (၅) ချက် နဲ့ လေ့ကျင့်ရမယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဝေဖန်ပိုင်းခြားခြင်း

တကယ်တော့ “အမဓါတ်” စွမ်းအင်ဆိုတာ အချိန်တိုင်းမှာ လမ်းညွှန်ပေးနေတဲ့ ကိုယ်တွင်းထဲက အသံကို ဂရုတစိုက် နားထောင်ပေးတတ်ခြင်းပဲဖြစ်တယ်။ 

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဝေဖန်နိုင်ခြင်းဟာလည်း စိတ်နဲ့ကိုယ်ကို အနားပေးပြီး ပြန်လည်ဆက်သွယ်နိုင်ခြင်းပါပဲ။ 

၂။ အနုပညာဆန်ခြင်း၊ ဖန်တီးတတ်ခြင်း

“အမဓါတ်စွမ်းအင်ဆိုတာ အရာရာကို အနုပညာအမြင်နဲ့ ရှုမြင်နိုင်ခြင်း ဖြစ်တယ်။ တခုခုကို ကိုယ်တိုင် ဖန်တီးဖို့ အချိန်ပေးပြီး ကြိုးစားခြင်းဟာ “အမဓါတ်” ကို တိုးလာအောင် ပြုလုပ်ပေးခြင်းပဲ ဖြစ်တယ်။ 

၃။ အနားယူတတ်ခြင်း 

“အဖိုဓါတ်” စွမ်းအင်ကျတော့ အရာရာကို ရှေ့ပြေးဖြစ်ချင်တယ်။ မာန်ရှိပြီးတက်ကြွနေမယ်။ 

“အမဓါတ်”နဲ့ ချိတ်ဆက်မိချင်တယ်ဆိုရင်တော့ အေးအေးဆေးဆေးနေတတ်ဖို့လိုအပ်တယ်။ အခုလက်ရှိအချိန်မှာပဲ နေထိုင်တတ်သူဖြစ်အောင် အသိ၊ သတိလေး မြဲနေအောင် လေ့ကျင့်သင်ယူရမယ်။ တရားထိုင်တာတို့ ယောဂဆော့တာတို့က အရမ်းကို အကျိုးကျေးဇူး များလွန်းလှပါတယ်။ 

No photo description available.

၄။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို သိရှိနားလည်ခြင်း

“အမဓါတ်”ဟာ ကိုယ့်ရဲ့ ခံစားချက်တွေပေါ်မှာ အလုပ်လုပ်တယ်။ စိတ်ခံစားချက်တွေကို သေသေချာချာနားလည်ပြီး ကိုယ့်ရဲ့ ဘဝအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာကို လှမ်းမြင်နိုင်တတ်ဖို့ အလွန်ပဲ အရေးကြီးတယ်။ 

ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုင်ပိုင်နိုင်နိုင် သိရှိသူဟာ 

မကောင်းတဲ့ အတွေးတွေရဲ့ ဝဲဂယက်မှာ မပိတ်မိတော့ဘူး။ 

၅။ သဘာဝတရားကြီးနဲ့ နီးနီးစပ်စပ် ထိတွေ့နေထိုင်ခြင်း 

သဘာဝတရားဆိုတာလည်း “မ” စွမ်းအင်ပဲ ဖြစ်တယ်။ ဒီအရာထဲမှာ ဖန်တီးတာ၊ အားအင်ရှိတာ၊ ပြုစုပျိုးထောင်တာတွေ အားလုံးပါဝင်တယ်။ ကိုယ်တိုင် သစ်ပင်တွေ အများကြီးရှိတဲ့ နေရာမှာ အချိန်လေးယူပြီး အေးအေးဆေးဆေး သဘာဝတရားကြီးနဲ့ ထိတွေ့နေထိုင်ကြည့်ပါ။ အားအင်အသစ်တွေ ပြန်ရတာ၊ အတွေးအခေါ်တွေ ကောင်းလာတာ၊ ကိုယ်တွင်းထဲက အသံကို ကြားလာတာ အစရှိတာတွေကို ခံစားရလိမ့်မယ်။ 

အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ လူတိုင်းလူတိုင်းအတွက် အမဓါတ်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ စွမ်းအင်တမျိုးပါ။ အခု အမဓါတ်နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ဖတ်ရှူခဲ့ပြီးပြီဆိုတော့ ဒါနဲ့ပက်သက်တဲ့ဗဟုသုတတွေက စာဖတ်သူရဲ့ ဘဝတစိတ်တပိုင်းကို အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လှပတဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါစေ။ 

Body and SoulLifeStyleLUSH
1
Facebook Twitter Google + Pinterest
Orchid

previous post
Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ
next post
Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

Recommended

STRENGTHEN YOUR CORE WITH BOXING

June 13, 2018

A Fake Is Still A Fake

July 13, 2018

စိတ်ကျန်းမာရေးအတွက် နေ့စဉ်စောင့်ရှောက်မှုများ

May 27, 2020

Fashion Plus Speed

July 16, 2018

Table Manner

October 12, 2017

Body Of An Angel

July 13, 2018

စိတ်အပန်းပြေစေခြင်း အနုပညာ

June 4, 2020

Supercar Blondie

January 10, 2020

Chef Xavier Fauvel

April 10, 2020

Interview with Sunrise 18

November 2, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem