LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Inner JourneyLIFE

စိတ်ကျန်းမာရေးအတွက် နေ့စဉ်စောင့်ရှောက်မှုများ

written by Lush Editor May 27, 2020
စိတ်ကျန်းမာရေးအတွက် နေ့စဉ်စောင့်ရှောက်မှုများ

Covid-19 ကူးစက်ရောဂါကြောင့် ကမ္ဘာနဲ့ အဝှမ်းမှာ လူငယ်တို့ရဲ့ စိတ်ကျန်းမာရေး၊ မိသားစုတွေရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အပံ့တွေရရှိဖို့ အရေးပေါ်ရန်ပုံငွေသုံးစွဲဖို့ ရေရှည်အကျိုးဆက်တွေရရှိအောင် အစီအစဉ်တွေလုပ်ဖို့ သတင်းတွေမှာ ဖတ်နေရပါတယ်။ ဒီအခါမှာ ကပ်ရောဂါတည်ငြိမ်မှုအနေအထားတစ်ခုကို မရောက်ခင်မှာပဲ လူတွေရဲ့ စိတ်တွေကို ကုသဖို့ လိုလာတာတွေ နိုင်ငံတော်တော်များများမှာ တွေ့လာရပါတယ်။ အဓိက လူငယ်တွေ စိတ်ကျန်းမာရေး ပိုထိခိုက်တာတွေ့ရတယ်လို့ နိုင်ငံတကာစစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။ လူငယ် 8ယောက်မှာ 1 ယောက်ဟာ ကပ်ရောဂါထက် အကျပ်အတည်းကာလဖိအားကြောင့် စိတ်ထိခိုက်ရနေရတယ်လို့ ဆိုပါတယ်။

လူငယ်တွေရဲ့ စိတ်က ထက်မြက် တက်ကြွနေတဲ့အချိန်မှာ ဒီလို Stay Home ကာလ သတ်မှတ်ရလောက်တဲ့ ကပ်ရောဂါက အလျင်စီးနေတဲ့ ချောင်းကို ဆည်တည်ပြီး ကာလိုက်သလို ဖြစ်စေခဲ့ပါတယ်။ ချက်ချင်း တက်ကြွနေတဲ့ စိတ်တွေဟာ တစ်နေရာထဲမှာ စုပြုံလာတာကို ဂရုမပြုမိဖြစ်သွားတဲ့အခါ စိတ်တွေဟာ ရေဘောင်ဘင်ခတ်သလို မတည်မငြိမ်တွေ ဖြစ်လာရတော့တာပါပဲ။

ဒီလိုအချိန်မှာ လက်ရှိကာလကို စိတ်ဟာတည်ထားပြီး နေသင့်ပါတယ်။ အချိန်က ကိုယ့်တည်ရှိမှုကို ကန့်သတ်လာတဲ့အချိန် မိမိမိသားစုကို ပိုဂရုစိုက်မယ်၊ မိသားစု အတူရှိနေရချိန် ပျော်ပျော်ရွှင်နေခြင်းနဲ့လည်း မိမိရဲ့ လူးလွန့်နေတဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုရောက်လာတဲ့အခါ မိမိအလုပ်အပေါ် စိတ်ရောက်ရှိလာမှာသေချာပါတယ်။ ဒါဆို မိမိအလုပ်နဲ့ ပတ်သက်သူတွေနဲ့ ဆက်သွယ်မယ်။ အလုပ်နဲ့ပတ်သက်တဲ့လေ့လာစရာတွေကို ထပ်မံလေ့လာနေမယ်။ ဒီအချိန်ကုန်ဆုံးသွားရရင် ဘယ်လိုခရီးတွေသွားမယ်ဆိုပြီး မိမိဘဝအတွက်ပြင်ဆင်နေခြင်းကလည်း စိတ်သက်သာရာ ရစေလာမှာပါ။

အိမ်မှာ သက်ကြီးဖိုးဖိုးဖွားဖွားတွေရှိနေမယ်ဆိုရင်တော့ သက်ကြီးစကား သက်ငယ်ကြား ဆိုတဲ့ စကားပုံလို အဖိုးအဖွားတွေရဲ့ အတိတ်ကအကြောင်းတွေကို ပြန်ပြောင်းပြောဆိုကြမယ်ဆိုရင် အဖိုးအဖွားတွေကို စောင့်ရှောက်ပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။ အိမ်မှာ ကျောင်းနေအရွယ် ကလေးတွေရှိနေတဲ့သူတွေဟာလည်း ဒီလိုအချိန်မှာ စိတ်ဖိအားကို အနည်းနဲ့အများ ပိုခံစားရစေမှာပါ။ နည်းပညာခေတ်မို့ မိမိကလေးနဲ့ လိုက်ဖက်တဲ့ ပညာရပ်တွေကို လေ့လာသင်ယူဖို့ မခက်တာကြောင့် ကလေးနဲ့ သက်ဆိုင်တဲ့ဘာသာရပ်၊ ကလေးဝါသနာပါတဲ့ ဘာသာရပ်အသစ်တွေတောင် ထပ်မံလေ့လာလို့ ရတဲ့အချိန်ပဲလို့ သတ်မှတ်ပြီး ဒီအချိန်ကို ပညာသစ်ရှာဖွေချိန်လို့ သတ်မှတ်လိုက်ရင်တော့ မိမိစိတ်၊ မိမိမိသားစုစိတ်ကိုပါ စောင့်ရှောက်ပြီးသားဖြစ်သွားမှာပါ။

ဒီလို ထူးခြားတဲ့အချိန်မှာ မိသားစုတွေနဲ့ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ပေးဖို့ အကောင်းဆုံးအချိန်ပဲလို့ သတ်မှတ်ပြီး တစ်မိသာစုလုံး ကျန်းမာရေးနဲ့ညီအောင် စားသောက်ကြမယ်၊ အိမ်တွင်းမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရင်း ဖြတ်သန်းသွားကြရမှာပါ။
လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ အိမ်တွင်းလေ့ကျင့်ခန်း exercise mat လေ့ကျင့်ခန်းဖျာ တစ်ခုရှိတာနဲ့ အိမ်တွင်းမှာ ယောဂလေ့ကျင့်ခန်းတွေနဲ့ အခြားလေ့ကျင့်ခန်းတွေကိုပါ လုပ်လို့အဆင်ပြေနိင်ပါပြီ။

Foam roller တစ်ခု။ သူကလည်း သိပ်ဈေးမကြီးတဲ့ ကိရိယာတစ်ခုဖြစ်ပေမဲ့ ကြွက်သားလေ့ကျင့်ခန်းတွေကို အိမ်မှာနေရင်း လေ့ကျင့်လို့ ရနေမှာပါ။ ခြေထောက်ကြွက်သားတွေအတွက် ဒူးကနေ ခြေကျင်းဝက်အထိ စက္ကန့် 20 ဒါမှမဟုတ် စက္ကန့် 30လောက် လှိမ့်ပေးခြင်းအားဖြင့် ကြွက်သားလေ့ကျင့်ခန်းကို အိမ်ထဲမှာ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။

Jump rope တစ်ခုရှိနေရင်လည်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အိမ်မှာတင်လေ့ကျင့်လို့ ရပြီဖြစ်ပါတယ်။ စက္ကန့် ၆၀ လောက်ခုန်လိုက် စက္ကန့် ၆၀ လောက်အနားယူလိုက် လုပ်ဖို့တော့ လိုပါမယ်။ နောက် မိမိနေအိမ်မှာပဲ လေ့ကျင့်လို့ရမယ့် လေ့ကျင့်ခန်းတွေကို YouTube မှာ လည်း အလွယ်တကူရှာလို့ရနေတာမို့ အိမ်တွင်းလေ့ကျင့်ခန်းတွေလုပ်ခြင်းကလည်း စိတ်ရော ကိုယ်ရောကျန်းမာအောင် စောင့်ရှောက်ခြင်းပါပဲ။

အဟာရဓါတ်စာ ရွေးချယ်စားသောက်မယ်။ အိမ်မှာနေရတာကြာလာတဲ့အခါ ဝိတ်တက်ပြီး အလှပျက်မှာစိုးသူတွေ များလာပါတယ်။ မိမိအိမ်မှာ ဝိတ်တက်မှာ စိုးရိမ်နေသူတွေရှိနေမယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ဝိတ်တက်မှာ စိုးရိမ်နေမယ်ဆိုရင်တော့ အစားအသောက်ကို ဂရုတစိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ Stay Home ကာလ အိမ်မှာနေတဲ့အခါ သရေစာတွေ ပိုစားတတ်လာတဲ့အကျင့်ဖြစ်လာတတ်ပါတယ်။ ဒါကို အထူးဂရုစိုက်ပေးရပါမယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာ (အထူးသဖြင့် ဝိတ်တက်စေမယ့် သရေစာ) ကို စားသုံးဖို့ ဘယ်တော့မှ မရွေးချယ်မိပါစေနဲ့။ အိမ်ကလူတွေကိုလည်း မစားစေခြင်းက အိမ်ထဲမှာ ဝိတ်တက်စေမယ့် သရေစာသိမ်းဆည်းထားတတ်ခြင်း အလေ့အထကို ကွယ်ပျောက်စေပါတယ်။ ကိုယ်ကိုယ်တိုင်ကမစားပေမယ့် အိမ်ကမိသားစုတစ်ယောက်ယောက်က စားတတ်မယ်ဆိုရင် အိမ်မှာ အဲဒီလို သရေစာတွေက ရှိနေမယ်။ ညအချိန် မတော် ဆာလာတဲ့အခါ သိမ်းဆည်းထားတာရှိနေခဲ့ရင် စားမိသွားမှာပါပဲ။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့(ဝိတ်တက်စေမယ့် ) သရေစာကို အိမ်မှာသိမ်းဆည်းမထားမိဖို့ကိုတော့ အရင်ဆုံး ဂရုစိုက်ပေးပါ။

ကိုယ်အလေးချိန်လျော့ကျစေနိုင်မယ့် ပရိုတင်းဓာတ်မြင့်မားတဲ့ နံနက်စာကို ရွေးချယ်စားပေးပါ။ ပရိုတင်းက မရှိမဖြစ်လိုအပ်တဲ့ အဟာရတစ်ခုဖြစ်ရုံမက ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်တာမို့ နံနက်စာကို ပရိုတင်းကြွယ်ဝတဲ့ အစားအစာကို ဂရုစိုက်ပြီး စားပေးဖို့ လိုပါတယ်။
အစားအစာစီစဉ်ခြင်းကလည်း မိမိနဲ့ မိမိမိသားစုအတွက် အဟာရအမျိုးမျိုးကို ပြည့်စုံအောင်စားသောက်မိစေတဲ့ အချက်တစ်ခုဖြစ်တာမို့ အဟာရဓါတ်အမျိုးမျိုးပါဝင်တဲ့ အစားအစာများကို စားသုံးဖို့ စီစဉ်ပါ။

အသီးများများစားပေးပါ။ ဖျော်ရည်သောက်တာကြိုက်တတ်ရင် လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်များကို သောက်သုံးပေးပါ။ အချိုရည်ဘူးများကို ဝယ်ယူသောက်သုံးတာ သိမ်းဆည်းထားတာမျိုး မလုပ်မိအောင် နေပါ။

နေ့စဉ် အခွံမာသီး တစ်မျိုးမျိုးကို စားပေးပါ။ ရေများများသောက်ပေးပါ။ ဒီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စီစဉ်နေခြင်းကလည်း စိတ်ကျန်းမာရေးတစ်ခုပါပဲ။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်နဲ့ အလုပ်ခွင်ကို ပြန်ဝင်နိုင်ဖို့ စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။

References;
https://www.bbc.com/news/education-52721132
https://www.cnbc.com (Sara Lindberg)
https://doctor.ndtv.com

Body & SoulLifeStyleLUSH DAILYLUSH Magazine MyanmarLUSH May 2020Mental Health
1
Facebook Twitter Google + Pinterest
Lush Editor

previous post
နှစ်ပေါင်း 100 ကျော် အမွေနှစ်ဟောင်း ဆိုဖဲအဆောက်အအုံ (သို့) လောကနတ်အဆောက်အအုံ
next post
Triumph Unveils James Bond-Inspired Limited Edition Motorcycle

Recommended

အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

August 31, 2023

The Emotions Brought Creations

October 7, 2019

“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

March 6, 2019

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Workouts for bride to be

December 4, 2018

How to be efficient at workplace

March 21, 2019

5 travel destinations that are re-opening

June 3, 2020

Top 5 Asia countries to visit with your...

May 22, 2018

Beauties of Mergui Archipelago

April 20, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem