LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

လာမယ့် Halloween အတွက် Nail Art Ideas ၁၅ မျိုး

written by Maeve September 21, 2023
လာမယ့် Halloween အတွက် Nail Art Ideas ၁၅ မျိုး

October လရောက်တော့မှာဆိုတော့ ဒီမှာ ကိုယ့် culture မဟုတ်ပေမဲ့ Halloween အတွက် ရင်ခုန်ရတာတော့ အမှန်ပဲနော်။ နောက်လဆို Halloween Season ရောက်ပြီဆိုတော့ Halloween အငွေ့အသက်လေးတွေကိုပြန်အသက်သွင်းဖို့ အချိန်ရောက်ပြီ။ ဆိုတော့ Halloween မှာ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပြီး Party ကျင်းပဖို့ပဲဖြစ်ဖြစ်၊ Low-key လေးပဲ Halloween ကိုဖြတ်သန်းဖို့စိတ်ကူးထားရင်ပဲဖြစ်ဖြစ် လိုက်လုပ်လို့ရမယ့် Halloween Nail Art Ideas တွေကို ဒီတခေါက် article လေးမှာ မျှဝေပေးသွားချင်ပါတယ်။

Halloween Season လောက် ကိုယ့်ရဲ့ creative တွေကို ချပြလို့ရတာ ဘာမှမရှိပါဘူး။ အရမ်းမိုက်ပြီး တမူထူးခြားတဲ့ Costume တွေကိုပဲ ချပြမလား? ကိုယ့်ရဲ့ creative ဖြစ်တဲ့ Makeup Look တွေကိုပဲချပြဦးမလား? အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ ချပြလို့ရတဲ့ season တခုဖြစ်တာမို့ ဒါမျိုးလုပ်ရတာကြိုက်တဲ့သူတွေဆို Halloween က အရမ်းကိုပျော်စရာကောင်းတဲ့ရာသီတခုပါပဲ။

ဘယ်လို creative side ကိုပဲထုတ်ပြထုတ်ပြ ချန်ထားလို့မရတာက လက်သည်းအလှပုံဖော်တာပါပဲ။ Costumes အမိုက်စားတွေ၊ Makeup Look အမိုက်စားတွေကို ချပြတဲ့အချိန် လက်သည်းအလှကိုလည်း လုံးဝမေ့ထားလို့မရဘူးနော်။ မဟုတ်ရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်နဲ့ တခုခုလိုနေသလိုဖြစ်နေမှာပေါ့။

ဆိုတော့ Halloween ကိုဘယ်လိုနည်းနဲ့ပဲဖြတ်သန်းသန်း မရှိမဖြစ်လုပ်ဖို့လိုတဲ့ Halloween Nail Art Ideas တွေကို အောက်မှာဆက်ပြီး ကြည့်လိုက်ကြတာပေါ့။

1. All-white Halloween nails

Subtle ဖြစ်ပြီး Halloween အငွေ့အသက်လေးပါတယ်ဆိုရုံလေးပဲမို့ ရုံးသွား၊ အပြင်သွား ဘယ်ပဲဖြစ်ဖြစ် နေရာတိုင်းနဲ့လိုက်ဖက်နေတာမို့ Minimalist ဖြစ်ဖြစ်လေးကြိုက်တယ်ဆိုသူတွေအတွက် ကွက်တိပဲ။

2. Classic Jack

Halloween လို့ပြောလိုက်ရင် စိတ်ထဲတန်းရောက်လာတာ ရွှေဖရုံသီးနဲ့ Jack Skellington ပေါ့။ Classic ဖြစ်ပြီး လှလည်းလှတဲ့ လိမ္မော်ရောင်လက်သည်းနီပေါ်မှာ Jack ကိုပုံဖော်တဲ့ Nail Art က လွယ်လည်းလွယ်သလို Halloween Vibe လည်းအပြည့်ရတယ်။

3. Lacy Halloween

သိမ်မွေ့ပြီး နူးညံ့တဲ့ Nail Art မျိုးကြိုက်တဲ့သူတွေဆို အခုလို Spider Web ကို Lace လိုမျိုးမျှင်မျှင်လေးနဲ့ ပုံဖော်ထားတာမျိုးလေးက တော်တော်မိုက်ပါတယ်။

4. Blood trickle

Edgy ဖြစ်တာမျိုးလေးကြိုက်တယ်ဆိုရင် အခုလို သွေးတွေစီးကျနေတဲ့ ဒီဇိုင်းလေးက Halloween theme နဲ့လည်းကိုက်သလို ခပ်မိုက်မိုက်လေးလည်း ဖြစ်တယ်။

5. Monochrome Halloween

အရောင်တွေအများကြီးသုံးရတာမကြိုက်ဘူး၊ Simple ဖြစ်ဖြစ်နဲ့ theme လည်းကိုက်ရမယ့်ဒီဇိုင်းမျိုးရှာနေရင်တော့ ဒီလို အဖြူအမည်းပဲသုံးပြီး ပုံဖော်တာမျိုးလေးတွေ လုပ်ကြည့်ပါ။

6. Black & Gold Chrome

Luxury ဆန်ပြီး subtle ဖြစ်တဲ့ ဒီဇိုင်းမျိုးပုံဖော်ချင်တယ်ဆို အခုလို ရွှေရောင် chrome ကိုမှ အနက်နဲ့တွဲပြီး ပုံဖော်ရင် တော်တော်မိုက်မှာပါ။

7. Deep red blood drip

Bold ဖြစ်တဲ့ Nail Art မျိုးကြိုက်တယ်ဆို အခုလို အနီရင့်လက်သည်းနီကိုမှ သွေးစက်ကျနေတာမျိုးလေးတွေလုပ်ကြည့်စေချင်တယ်။ အခုပုံထဲက ဒီဇိုင်းမျိုးဆို theme လည်းမပျောက်သလို ရှင်းရှင်းလေးနဲ့ တော်တော်လှတာ။

8. Colour-pop ghost nails

Halloween theme အပြည့်ပါသလို ကြည့်လိုက်တာနဲ့ အမြင်လည်းမရိုင်းပဲ ချစ်စရာကောင်းတဲ့ Nail Art မျိုးရှာနေရင် ဒီလို ဒီဇိုင်းလေးက must-try လေးပါပဲ။

9. Itsy Bitsy Spider

လက်ချောင်းလေးတွေထဲက ပင့်ကူလေးတွေထွက်လာတဲ့ပုံစံမျိုးလေးက Halloween vibe လည်းအပြည့်ရသလို ရှင်းရှင်းလေးနဲ့ တော်တော်လည်းလှတာနော်။ ဒီ ဒီဇိုင်းမျိုးကို Nail sticker လေးကပ်ပြီး try လို့ရတော့ လွယ်လည်းလွယ်တယ်။

10. Negative Space

ကြောင်ချစ်တဲ့သူလေးတွေဆို အခုလိုဒီဇိုင်းလေး ပုံဖော်လို့ရတယ်။ ချစ်စရာကောင်းပြီး သေသေသပ်သပ်နဲ့လှနေရော။

11. Beetlejuice

Halloween လို့ပြောရင် Beetlejuice ကိုလည်းချန်ခဲ့လို့ဘယ်ရမလဲ။ Edgy ဖြစ်တာမျိုးကြိုက်ရင် ဒီ ဒီဇိုင်းလေးကို လုပ်ကြည့်ကြပါဦး။

12. Cute ghosties

ချစ်စရာကောင်းပြီး ရှင်းရှင်းလေးနဲ့လှတဲ့ဒီဇိုင်းမျိုးရှာနေရင် ဒီလို Ghost ပိစိလေးတွေဆွဲကြည့်နော်။

13. Pink spiderweb

ဒီနှစ် Halloween မှာ ခေတ်စားဦးမယ့် Barbie Era ကို လိုက်လုပ်ဖို့စိတ်ကူးထားတယ်၊ Halloween theme လည်းပါချင်တယ်ဆို ဒီလို nail art လေးကတော့ must-try ပါ။

14. Assorted Halloween nails

October လအစကတည်းက Halloween mode on ချင်ပါတယ်ဆို ဘယ် occassion နဲ့မဆိုလိုက်ဖက်တဲ့ ဒီလို Nail Art လေး လုပ်ကြည့်နော်။

15. Devil tip nails

Halloween မှာ ကိုယ့်ရဲ့ Dark side ကို သွယ်ဝိုက်ပြီး subtle ဖြစ်ဖြစ် ချပြချင်ရင် ဒီ Nail Art ကတော့ ကွက်တိပဲ။

 

Halloween 2023Halloween NailsLUSH beautyNail Designs
1
Facebook Twitter Google + Pinterest
Maeve

previous post
တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ
next post
Sheer Fabric Trend ဖြစ်လာတော့မှာလား?!

Recommended

TIMELESS BELLES

September 23, 2019

PRETTY PLAYBOOK

January 18, 2019

LUSH PICK August 2019| Beauty Curate

August 10, 2019

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

Party/Holiday Makeup Looks 2018

December 15, 2018

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

ပထမဆုံး Mascara နဲ့ Pencil Eyeliner ထွက်ရှိလာတဲ့ Fenty Beauty

January 16, 2020

GROOMING TIPS & TRICKS

June 13, 2018

Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection

September 16, 2020

Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

March 26, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem