Hello… Lush Magazine ရဲ့ စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ….
အခုဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Europe brand တစ်ခုဖြစ်တဲ့ Viktor & Rolf ရဲ့ Bridal Fall 2020 Collection လေးပဲ ဖြစ်ပါတယ်…
အဲ့ဒါဆို အိမ်ထဲမှာပဲ Stay at Home နေရင်းနဲ့ Online ပေါ်က Wedding Dress လေးတွေကို ကြည့်လိုက်ကြရအောင်…
အခုပထမဆုံးပြောပြပေးမဲ့ Dress လေးကတော့ Look No. 5 ဖြစ်ပါတယ်… ကြည့်လိုက်တာနဲ့ A-line dress လေးမှန်း တန်းပြီးသိနိုင်ပါတယ်… Illusion neckline လေးကိုမှ Cap Sleeve လေးနဲ့ဆိုတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ကို လှနေတာပဲပေါ့… Floral lace လေးနဲ့ အပေါ်ပိုင်းမှာ အလှဆင်ပေးထားပြီး ခါးနားမှာ သိမ်ပေးထားတဲ့အတွက် Triangle body shape ပိုင်ရှင်လေးတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေမှာပါပဲ…
ဒုတိယမြောက်ပြောပြမဲ့ Look No. 3 လေးကတော့ Inverted Triangle လေးတွေ အတွက်ပဲဖြစ်ပါတယ်… Sweetheart neckline လေးကိုမှ Sheath Dress ပုံစံလေး ဖန်တီးပေးထားတာဆိုတော့ Athletic figure ပိုင်ရှင်တွေအတွက် Strong look လေးတွေကို ပြဖို့ အသင့်တော်ဆုံးပဲပေါ့… နောက်မှပါတဲ့ ဖဲပြားလေးနဲ့ Draping လေးကလဲ Feminine vibe လေး ပျောက်မသွားအောင် ပံ့ပိုးပေးထားသေးတယ်နော်…
အခုထပ်ပြောပြမဲ့ Look No. 15 လေးကတော့ Material မတူအောင်သုံးပြီး ဖန်တီးထားတဲ့ Trumpet Dress လေးပဲ ဖြစ်ပါတယ်… အပေါ်ပိုင်းကိုတော့ Texture လေးတွေပါတဲ့ ပိတ်စကို Layer အပိုတစ်ခုအနေနဲ့ သုံးထားပြီး အောက်ပိုင်းကတော့ Dress ရဲ့ Layer ဖြစ်နေတဲ့အတွက် Rectangle Body Shape ပိုင်ရှင်လေးတွေအတွက်တော့ အသင့်လျော်ဆုံးပါပဲ…
အခုနောက်ဆုံးပြောပြမဲ့ Dress လေးကတော့ Look No.14 ဖြစ်ပါတယ်… ဒီ Dress လေးကတော့ Sweetheart neckline လေးကို Column dress ပုံစံဖန်တီးထားတာပဲဖြစ်ပါတယ်… ဒူးအထက်နားမှာ ပန်းပွင့်လေးတွေနဲ့ အလွှာလိုက် အထပ်ထပ်ဖြစ်နေအောင် တန်ဆာဆင်ထားတာကြောင့် Collection တစ်ခုလုံးမှာ အလှဆုံးပါပဲ… Bodycon dress ပုံစံဖြစ်နေတာမို့ Hourglass body shape ပိုင်ရှင်လေး တွေတော့ သဘောကျကြမယ်ထင်ပါတယ်…
ကဲ… အခုပေါ်ပြပေးခဲ့တဲ့ Viktor & Rolf ရဲ့ Bridal 2020 Collection လေးကိုတော့ သဘောကျမယ်ထင်ပါတယ်… Collection ထဲမှာ တခြားဘယ်လိုလှပတဲ့ Dress လေးတွေ ပါသေးတယ် ဆိုတာကို သိချင်သေးရင်တော့ ဒီ link လေးထဲကို ဝင်ကြည့်လို့ရပါတယ်နော်…
https://www.vogue.com/fashion-shows/bridal-fall-2020/viktor-rolf#gallery-collection
နောက်ထပ် Wedding နဲ့ပတ်သက်တဲ့ ဘယ်လို Article လေးတွေ ဖော်ပြပေးသွားမယ်ဆိုတာလဲ စောင့်မျှော်ဖတ်ရှုပေးကြပါဦး…