LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryDECO

POWER of RED

written by Lush Editor January 31, 2019
POWER of RED

အနီရောင်ဆိုတာ ယဉ်ကျေးမှုတိုင်းမှာ မတူညီတဲ့ အဓိပ္ပါယ်များနှင့် ဖော်ဆောင်တည်ဆောက်ထားကြတဲ့ အရောင်များ ဖြစ်ကြပါတယ်။ အနီရောင်က တချို့တွေအတွက် ရဲရင့်မှုကို ခေါ်ဆောင်ပေးတယ်။ တချို့အတွက်ကတော့ အနီရောင်က ဒေါသရဲ့ လောင်မြိုက်မှုကို ယူဆောင်ပေးတယ်။ တချို့တွေအတွက်ကတော့ အနီရောင်က ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုဖြစ်ပြီး၊ တချို့အတွက်ကတော့ မင်္ဂလာရှိခြင်းရဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။ တရုတ်လူမျိုးများရဲ့ ယူဆချက်ကတော့ မင်္ဂလာရှိခြင်းနှင့် ပြည့်စုံတဲ့ အရာတစ်ခုဖြစ်တာကြောင့် တရုတ်နှစ်သစ်ကူးနှင့် မင်္ဂလာအခမ်းအနားတွေမှာ တန်ဖိုးထား သုံးစွဲကြပါတယ်။

တရုတ်နှစ်သစ်ကူးနီးလာတဲ့အခါမှာ ဝေးကွာနေတဲ့ မိသားစုများ ပြန်လည် ဆုံစည်းကြသလို ကြီးသူငယ်သူဂါရ၀ပြုတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ထိုအချိန်မှာ မိမိအိမ်ကို လှပတင့်တယ်နေအောင် ပြင်ဆင်ပြီး နှစ်သစ်ကို ကြိုဆိုတတ်ကြတာ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။

အိမ်ကို အလှဆင်တဲ့အခါမှာ မင်္ဂလာရှိတဲ့ အရောင်ဖြစ်တဲ့ အနီရောင်ကို ရွေးချယ်သုံးတတ်ကြပါတယ်။ မင်္ဂလာရှိတဲ့ အနီရောင် မီးပုံးလေးတွေ ချိတ်ဆွဲတတ်ကြသလို ကံကောင်းခြင်းကို ဖော်ဆောင်ပေးတဲ့ စကားလုံးတွေ ပုံရိပ်တွေကို ရွေးချယ်ပြီး အိမ်အ၀င်အ၀ တံခါးတွေမှာ ကပ်ထားတတ်ကြပါတယ်။ ထိုစကားလုံးတွေ ပုံရိပ်တွေကို စက္ကူတွေကို ဖြတ်ညှပ်ထားတဲ့ အနုပညာတစ်ခုအနေနဲ့လည်း တန်ဖိုးထား အလှဆင်တတ်ကြတာကို တွေ့ရတတ်ပါတယ်။ တရုတ်လူမျိုးတွေက မင်္ဂလာရှိစေဖို့ စုံတွဲဖြစ်အောင် အရာဝတ္ထုတွေ အလှဆင်ပစ္စည်းတွေကို နှစ်ခုစီထားတတ်ကြပါတယ်။ နှစ်သစ်အတွင်း တစ်ပင်လုံး အပြည့် သီးနေတဲ့ လိမ္မော်သီးပင်တွေကိုလည်း အိမ်ရဲ့ ကျက်သရေအဖြစ် ရွေးချယ် စိုက်ပျိုးထားတတ်ကြပါတယ်။ လိမ္မော်သီးက မင်္ဂလာရှိတဲ့အသီးဖြစ်သလို ဆွေမျိုး မိဘ သူငယ်ချင်းမိတ်ဆွေ အိမ်တွေကို နှစ်သစ်အတွင်း သွားရောက်လည်ပတ်တဲ့အခါမှာလည်း မင်္ဂလာရှိစေဖို့ လိမ္မော်သီးနှစ်လုံးကို လက်ဆောင်အဖြစ် ယူဆောင်လာတတ်ကြတာကလည်း ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ တရုတ်လူမျိုးဦးရေက အများကြီးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့က တရုတ်တန်းလိုနေရာမျိုးမှာတော့ နှစ်သစ်ရောက်တိုင်း နှစ်သစ်ကူးပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပတတ်ကြပါတယ်။ တရုတ်တန်းမှာတော့ နှစ်သစ်မှာ အလှဆင်ဖို့ ရိုးရာအလှဆင်ပစ္စည်းတွေကို အများအပြား ရောင်းချတာကိုတွေ့ရတတ်ပေမယ့် လှပတဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးဖြစ်ဖို့ တချို့တွေကလည်း အလှဆင်ပစ္စည်းတွေကို ကိုယ်တိုင်ဖန်တီးတတ်ကြပါတယ်။

ဒီလိုဖန်တီးနိုင်ဖို့ ငွေကုန်ကြေးကျမများဘဲ လှပစွာဖန်တီးနိုင်ဖို့ တချို့အိုင်ဒီယာလေးများကို စုစည်းပြောပြချင်ပါတယ်။ အဓိကကတော့ အနီရောင်ဖြစ်ပေမယ့် အရောင်တွေ အကုန်လုံး အနီရောင်ဖြစ်နေတာထက်စာရင် လိုက်ဖက်တဲ့အရောင်လေးတွေပါ မျှသုံးလိုက်ရင် ခေတ်မီတဲ့ နှစ်သစ်အလှဆင်မှုကို တွေ့ရမှာဖြစ်ပါတယ်။ အနီရောင်နဲ့ အတူ များသောအားဖြင့် တွဲတတ်ကြတာကတော့ ရွှေရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်နဲ့ အစိမ်းရောင်များ ဖြစ်တတ်ကြပါတယ်။ အနီရောင်ကို မျှပေးတဲ့အနေဖြင့် အစိမ်းရောင်ကိုတော်တော်များ သုံးတတ်ကြတာကိုလည်း တွေ့ရတတ်ပါတယ်။ အစိမ်းရောင်ရဲ့ သဘောက ရှင်သန်စိမ်းလန်းခြင်းနှင့် သဘာဝကို ပေးဆပ်ခြင်းတို့ကြောင့် တရုတ်နှစ်သစ်ပွဲအချိန်ရောက်တိုင်း အပင်အသစ် ပန်းအိုးအသစ်တွေနဲ့ လဲလှယ်ကြပါတယ်။

နှစ်သစ်ကူးရောက်တဲ့အခါမှာ ယွန်းအနီရောင် သို့မဟုတ် ကြွေအနီရောင် အလှဆင်ပန်းအိုးများကို စားပွဲပေါ် ဗီရိုအပုပေါ်မှာ အလှဆင်တတ်သလို အနီရောင်ပန်းပင်အိုးများကိုလည်း အိမ်ရဲ့ အ၀င်မှာ ချထားလို့ရပါတယ်။ နောက်ထပ်လှပစွာ အလှဆင်နိုင်တာကတော့ စက္ကူများကို ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ Paper Art လို့ခေါ်တဲ့ စက္ကူအလှများကို ပန်းချီကားချပ်တွေကဲ့သို့ မှန်ဘောင်သွင်း ချိတ်ဆွဲထားခြင်းကလည်း နံရံတွေပေါ်မှာ ထူးခြားလှပစေနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ တခါတလေ အနက်ရောင်ကို အခြေခံထားတဲ့ ဘတ်ဂရောင်းပေါ်မှာ အနီရောင်ခပ်ရဲရဲကို ဆင်ယင်ထားခြင်းကတော့ အနောက်တိုင်းဆန်တဲ့ အငွေ့အသက်ကို ခံစားလို့ရပါတယ်။

အနီရောင်လွှမ်းတဲ့ ပိတ်စတွေ ပန်းပွင့်ဒီဇိုင်းတွေပါဝင်တဲ့ ချည်ထည် ပိုးထည်တွေကို ခေါင်းအုံးသေးသေးလေးတွေ ချုပ်ပြီး ထိုင်ခုံကျောမီများအဖြစ် အသုံးပြုလိုက်ပါက အနီရောင်မရှိတဲ့ အခန်းကို နှစ်သစ်ကူး မင်္ဂလာအနီရောင်အဖြစ် ယူဆောင်လာပေးနိုင်ပါသေးတယ်။  တခါတရံ အနီရောင်တွေလွှမ်းတဲ့အခါမှာ ရှေးရိုးအဆင်အယင်ဖြစ်နေပါက အနီရောင်နဲ့ လိုက်ဖက်မယ့် အ၀ါရောင်အပြာရောင် မော်လ်ဒန်ပန်းချီကားတွေကို တပ်ဆင်ခြင်းအားဖြင့်လည်း ခေတ်မီတဲ့ အသွင်အပြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

အိမ်ကို အလှမဆင်နိုင်တဲ့အခါမျိုးမှာတော့ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ စုံညီညစာ စားတဲ့အခါမှာတော့ ညစာစားပွဲကိုလည်း လှပစွာဖန်တီးလို့ရပါတယ်။ အနီရောင်ရှိတဲ့ ပန်းများကို ပန်းအိုးများ ကြွေခွက်များထဲတွင် အလှထိုးထားပြီး အ၀ါရောင် စားပွဲခင်းများလိုက်လျောညီထွေစွာ ခင်းကျင်းထားလို့ရပါတယ်။ အခုနောက်ပိုင်းမှာ ပိုပြီး ခေတ်စားလာတာကတော့ ခရစ်စမတ်ပွဲတော်ရောက်ရင် အိမ်တံခါးမှာ အလှဆင်ထားတဲ့ ပန်းများကဲ့သို့ ပျော့ပျောင်းတဲ့ နွယ်ပင်သစ်ပင်တို့ကို အနီရောင်ပန်းများ စာများနှင့် တွဲပြီး ချိတ်ဆွဲလာတဲ့ အလေ့အထ တစ်ခုဖြစ်ပါတယ်။ ထိုအိုင်ဒီယာလေးက ယခုခေတ်လူငယ်တွေကြားမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး မိမိအိမ်လေးကို ထိုကဲ့သို့ ခေတ်မီစွာ အလှဆင်နိုင်ဖို့ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

words by aung soe paing

LUSH decoLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Drew လို့အမည်ရတဲ့ Clothing Line အသစ်တစ်ခုကို မိတ်ဆက်လိုက်တဲ့ Justin Bieber
next post
Yoga Romance

Recommended

Interview with Ko Thu Rayn Kyaw Moe and...

February 11, 2019

MODERN MUSE

January 2, 2019

Find yourself in the social environment!

January 25, 2019

The Iconic Evening Fashion Show – Designer Htu...

October 25, 2019

“The Girl Who Wears Jasmine”: Thet San On...

July 31, 2026

SOFT BUT STRONG

February 13, 2019

Excelsior Enchanted

December 25, 2018

December Cover Story BTS & Interview with Aung...

December 22, 2018

LUSH April 2019 Issue Cover Story

April 12, 2019

LUSH INSTYLE | JANUARY 2019

January 15, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem