Lush Magazine ရဲ့စာဖတ်ပရိတ်သတ်တို့မင်္ဂလာပါ….
ဒီအပတ်မှာတော့အနုပညာလက်ရာမြောက်တဲ့ Classic Bag လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပြင်သစ်ဖက်ရှင် Luxury Brand တစ်ခုဖြစ်တဲ့ Christian Dior က Dior ချစ်သူများမျှော်လင့်နေတဲ့ Dior Lady Art Collection ကိုဒီနှစ်ဆိုရင် ပဉ္စမအကြိမ်မြောက် မိတ်ဆက်လိုက်ပြန်ပါပြီ။
Lady Dior Classic Bag ကို(၁၉၉၅)ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Lady Diana ရွေးချယ်ကိုင်ဆောင်ခဲ့တဲ့အိတ်လဲဖြစ်ပါတယ်။
၂၀၁၆ခုနှစ်ကစပြီး ဂန္တဝင်အမြောက်ဆုံး Lady Dior Classic Bag ကိုနှစ်စဉ်နှစ်တိုင်းကမ္ဘာတစ်ဝှမ်းမှနာမည်ကျော်အနုပညာရှင်(Artist) တွေနဲ့ပူးပေါင်းပြီးဆန်းသစ်တဲ့ဖန်တီးမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Judy Chicago,Chris Soal,Recycle Group,Joel Andrianomearisoa,Gisela Colon,Olga Titus,Mai-Thu Perret,Song Dong,Claire Tabourlet,Bharti Kher စတဲ့ တရုတ်၊အိန္ဒိယ၊မက်ဒက်စကား၊ရုရှား၊အမေရိကန်စတဲ့နိုင်ငံအသီးသီးက အနုပညာသည်တွေရဲ့လက်ရာတွေနဲ့ဖန်တီးမိတ်ဆက်ထားပါတယ်။
Dior Lady Art #5 Collection လေးရဲ့ဆွဲဆောင်မှုကတော့သူတို့ရဲ့ Inspirations တွေ၊ကိုယ်ပိုင်ဟန်တွေအပြင်နိုင်ငံတိုင်းရဲ့မတူညီကြတဲ့ယဉ်ကျေးမှုတွေကို Lady Dior Classic Bag ပေါ်မှာဖန်တီးထားတဲ့လက်ရာမြောက်အနုပညာတွေပါဘဲ။ Lady Dior Handbag ရဲ့ဒီဇိုင်းကိုအသွင်သစ်နဲ့ခံစားနိုင်အောင်ဖန်တီးထားပါတယ်။
ဒီအနုပညာလက်ရာတွေကို နိုဝင်ဘာလ(၁၂)ရက်နေ့မှ(၁၅)ရက်နေ့အထိတရုတ်နိုင်ငံရှန်ဟိုင်းမြို့ရဲ့ Art021 ပြပွဲမှာပြသသွားခဲ့တာဖြစ်ပြီးDiorချစ်သူတို့နှစ်သက်ကြမယ်လို့ထင်ပါတယ်။
ခေတ်ပြိုင်အနုပညာရှင်တွေရဲ့Recreation Styleဂန္တဝင်မြောက်Lady Dior Classic Bag လေးတွေကိုDiorချစ်သူတို့လေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်…
Dior Lady Art ဟာအဆင့်မြင့်လက်မှုပညာ၊အသေးစိတ်လှတဲ့ပန်းထိုးပညာ၊ Laser Cutting စတဲ့ခေတ်မီTechnique တွေရဲ့ပံ့ပိုးမှုနဲ့အတူ အနုပညာနဲ့ဖက်ရှင်ပညာကို နှီးနှောထားတာပါ။ Haute Couture ရဲ့ဝိဉာဉ်ကိုဖော်ပြတဲ့ အတိတ်၊ပစ္စုပန်နဲ့အနာဂါတ်တို့ကိုဆက်စပ်ထားသော Timeless Icon Lady Bag လို့ပြောရင်လဲမှားမယ်မထင်ပါဘူး။
Dior ချစ်သူများအတွက်တော့နှစ်သစ်ကူးလက်ဆောင်ပေးဖို့ ထည့်သွင်းစဉ်းစားနိုင်တဲ့ Luxury Iconic Bag Collection လေးတစ်ခုဘဲဖြစ်ပါတယ်။ Happy New Year !!!နှစ်သစ်မှာပျော်ရွှင်ပါစေ….
LUSH X Thi’s Fashion Alliances Collaboration
Reference : https://media.architecturaldigest.com/photos/5fd3a54d7de53de90addc5a3/16:9/w_2560%2Cc_limit/Dior-Bags.gif