LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0

Get Married In A ONE PIECE Wedding Dress!

written by Aung Lynn Thit January 11, 2021
Get married in a One Piece wedding dress!

LUSH မဂ္ဂဇင်းရဲ့စာဖတ်ပရိတ်သတ်တို့မင်္ဂလာပါ….

ဒီအပတ်မှာတော့ Otaku Ladies လေးတွေရဲ့အကြိုက် ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကာတွန်းဆရာ  Eiichiro Oda ဖန်တီးတဲ့ ONE PIECE ကာတွန်းလေးထဲက အမျိုးသမီးသရုပ်ဆောင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို Inspire ယူပြီးဖန်တီးထားတဲ့ Anime-inspiration Wedding Dress လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီဝတ်စုံဒီဇိုင်းလေးတေွကတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီးမင်္ဂလာဆောင်စီမံကိန်းရေးဆွဲရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ PLACOLE နဲ့ ONE PIECE TV Series တို့ Collaboration ပြုလုပ်ထားတဲ့ Collectionလေးဘဲဖြစ်ပါတယ်။ Anime-inspiration တွေဖြစ်ပေမယ့် Cosplays တွေမဟုတ်ပါဘူး။သတိုးသမီးဝတ်လေးများနှစ်သက်တဲ့ Wedding Gown တွေဘဲဖြစ်ပါတယ်။

ဒီCollectionလေးကိုဆယ့်နှစ်လရာသီWedding Gown Projectအနေနဲ့တမူထူးစွာ၂၀၂၀ဩဂုတ်လကစပြီးတစ်လတစ်စုံနှုန်းဖော်ထုတ်မိတ်ဆက်ခဲ့ပါတယ်။Collection Vol No.5 “Shirahoshi” ကိုဒီဇင်ဘာလမှာပရိတ်သတ်နဲ့ မိတ်ဆက်ခဲ့တာတွေ့ရပါတယ်။ဝတ်စုံတစ်စုံခြင်းစီကိုတော့ONE PIECEထဲကဇာတ်ဆောင်တွေရဲ့Fashion Style , Colourနဲ့ကိုယ်ပိုင်ဟန်အမူအရာတွေပေါ်ကINSPIREယူပြီးဖန်တီးထားတာပါ။

♥  The “Nami” Inspired Wedding Dress  ♥

ပထမဆုံးမိတ်ဆက်ခဲ့တဲ့ဝတ်စုံလေးကတော့ ONE PIECE ရဲ့ဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ “Straw Hat navigator Nami” ရဲ့အကြိုက်ဆုံးအသီးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ Mikan လို့ခေါ်တဲ့ (Mandarin Orange) ကို Inspire ယူပြီးဖန်တီးထားတဲ့ Wedding Gown လေးဘဲဖြစ်ပါတယ်။ အဝါရောင်နဲ့လိမ္မော်ရောင်ဇာပါးကို Layer အထပ်ထပ်နဲ့အတူ လိမေ္မာ်ပန်းဖြစ်တဲ့ Mikan Flower တွေနဲ့ဒီဇိုင်းဖန်တီးထားတဲ့ Off-the-shoulder ‘A-line’ Dress ပုံစံ Wedding Gown လေးဘဲဖြစ်ပါတယ်။ ပန်းစည်းလေးကိုလဲ Mikan Flower နဲ့ပြုလုပ်ထားတာဖြစ်ပြီး ဝတ်စုံနဲ့အတူ Accessory အနေနဲ့ဝမ်းဆက်ဖန်တီးပေးထားတာပါ။ နုပျိုတဲ့အသွင်နဲ့အတူ စင်ကြယ်တဲ့ Summer Feel ကိုရစေတာကြောင့် နွေဦးရာသီမှာမင်္ဂလာဆောင်မယ့် ONE PIECE’S FANS သတိုးသမီးလေးတွေအတွက်တော့ အထူးသင့်တော်လှပါတယ်။

♥  The “Vivi” Inspired Wedding Dress  ♥

အပြာရောင်နဲ့မီးခိုးရောင်ရောစပ်ထားတဲ့ “shoulderless design  ‘slender line’ Wedding Gown လေးကတော့ “Alabasta Kingdom’s Princess Vivi” ကို Inspire ယူပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီဝတ်စုံလေးကတော့ မင်းသမီးလေးတစ်ယောက်ရဲ့အလှကိုဖော်ညွှန်းနိုင်ပြီး Princess Vivi ရဲ့ဇာတ်ကောင်စရိုက်အတိုင်း အလွန်ပဲကျက်သားရေရှိလှပါတယ်။

♥  The “Perona” Inspired Wedding Dress  ♥ 

အမဲရောင်၊ခရမ်းရောင်နဲ့ပန်းရောင်တို့ကို ရောစပ်ပြီးဇာပါးကိုဒေါင်လိုက်ရိုးရှင်းစွာဒီဇိုင်းထွင်ထားတဲ့ဒီဝတ်စုံလေးကတော့”Ghost Princess” PeronaကိုInspireယူပြီးဖန်တီးထားတာပါ။ကမ္ဘာပေါ်မှာအပျော်ဆုံးမင်းသမီးလေးPeronaရဲ့ဇာတ်ကောင်စရိုက်ဖြစ်တဲ့အချိန်မရွေးကခုန်တတ်တဲ့ ချစ်စဖွယ်စရိုက်လေးကိုပေါ်လွင်စေတဲ့One Shoulder Wedding Gownလေးဖြစ်ပါတယ်။

♥  The “Robin” Inspired Wedding Dress ♥ 

Archaeologists “Nico Robin” ကို Inspire ယူပြီး ဖန်တီးထားတဲ့ဝတ်စုံလေးကတော့ ရှေးဟောင်းသုတေသနပညာရှင်ဆိုတဲ့ဂုဏ်ပုဒ်အတိုင်း ဂန္တဝင်မြောက်တဲ့ Classic အသွင်ကိုဆောင်နေတာတွေ့ရပါတယ်။ နက်ပြာရောင်ကို ပန်းထိုးထားတဲ့ဇာအနက်ရောင်နဲ့တွဲဖက်ထားတာဟာတည်ငြိမ်ပြီးကျက်သားရေရှိလှပါတယ်။ Otaku Ladies လေးတွေ ကြိုက်နှစ်သက်မယ့်ဝတ်စုံလေးလို့ထင်မိပါတယ်။

♥  The “Shirahoshi” Inspired Wedding Dress ♥

Mermaid Princess “Shirahoshi” ကို Inspire ယူပြီး ဖန်တီးထားတဲ့ဝတ်စုံလေးကတော့ Pastel Colour ရောင်စုံနဲ့ဇိုင်းထွင်ထားပါတယ်။ Off- shoulder Wedding Gown လေးဖြစ်ပြီး ပန်းရောင်၊အဝါရောင်၊အပြာရောင်၊အစိမ်းရောင်စတဲ့အရောင်နုဇာပါးတွေကိုသုံးထားတဲ့သက်တံ့ရောင်သတိုးသမီးဝတ်စုံလေးဘဲဖြစ်ပါတယ်။ မျက်နှာဖုံး ဇာပဝါပါးလေးကိုတော့ ပုလဲရောင်ကိုအသုံးပြုထားပြီး Regal Style အသွင်ဆောင်တဲ့ Wedding Gown လေးဘဲဖြစ်ပါတယ်။

ဒီPersonal Styleတွေကွဲပြားတဲ့Anime-inspiration Wedding Dress လေးတွေကိုONE PIECEချစ်သူတို့နှစ်သက်ကြမယ်လို့ထင်ပါတယ်။

Get married in a One Piece wedding dress!

ဆယ့်နှစ်လရာသီ Wedding Gown Project လေးထဲက Vol No.1မှ No.4 အထိဝတ်စုံလေးတွေကိုတော့ ၂၀၂၁ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့ကစပြီး https://pla-cole.wedding/onepiece-dress မှာယူနိုင်ပါပြီလို့ မိတ်ဆက်ပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။

 

LUSH X Thi’s Fashion Alliances Collaboration

Reference :

https://pla-cole.wedding/onepiece-dress

 

 

Edu biostat sampsize. cialis The ideal bmi for fertility should use reliable contraception for days.

1
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
Matching Your Skin Undertone With The Colors Of 2021
next post
Timeless Iconic Bag @ Dior Lady Art

Recommended

Remembering Chandler a.k.a. One of the greatest TV...

November 10, 2023

Victoria’s Secret ရဲ့မော်ဒယ်လ်ဖြစ်လာတဲ့ Barbara Palvin

March 18, 2019

Traveling the jewel

May 3, 2019

Live With LUSH Dec Cover Star | Phway...

December 12, 2017

Official “FRIENDS” cookbook to be released later this...

May 31, 2020

Meal Kits: Healthy ingredients right at your door

June 9, 2020

2019 Summer Special Sales Promotion by Wai Yan...

April 1, 2019

LUSH INSTYLE | NOVEMBER 2018

November 15, 2018

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

Rosie Huntington-Whiteley Style Look-book

February 5, 2021

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem