LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
SOCIAL ETIQUETTE

Socializing Tips and Tricks

written by Lush Editor January 3, 2019
Socializing Tips and Tricks

ဘာမှမသိရင်မသိနဲ့၊ အလိုက်တော့သိ ဆိုတဲ့ ကျွန်မရဲ့ အရင်ဘော့စ် ပြောဖူးတဲ့စကားကို အမြဲအမှတ်ရမိပါတယ်။ ဒီစကားက လူမှုဆက်ဆံရေးဘ၀မှာ တော်တော်အသုံးတည့်ပါလားဆိုတာကိုလည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုရတာ များလာတာနဲ့အမျှ ပိုသိလာပါတယ်။ လူတွေရဲ့ အကြိုက်၊ အလိုက်ကို သိတဲ့သူက သာမာန်လူတစ်ယောက်နဲ့ယှဉ်ရင် အောင်မြင်မှုပိုရတာလည်း တွေ့လာရတယ်။ ဒီလိုအလိုက်သိပြီး လူမှုဆက်ဆံရေးမှာအောင်မြင်ဖို့ ဘာတွေတော့လုပ်ရမယ်၊ ဘာတွေကိုတော့ ရှောင်ရမလဲဆိုတာ ပြောပြချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်ကဦးဆောင်ပြီး စကားဝိုင်းကို အစပျိုးလိုက်ပါ။ လူတော်တော်များများက သူတို့ကို တခြားသူတွေ စကားလာပြောမှာကို စောင့်နေတတ်ကြပါတယ်။ ဒီတော့ စကားဝိုင်းကို အစပျိုးပြီး အေးစက်စက်အခြေအနေကို ဖြိုခွဲပေးလိုက်သူက တိုက်ပွဲတစ်ဝက် အနိုင်ရလိုက်သူလိုပါပဲ။ ဒီလို စကားပြောဖို့ အစပျိုးတာကို သက်သောင့်သက်သာဖြစ်လာတာနဲ့အမျှ စိတ်ဝင်စားစရာကောင်းတဲ့လူတွေအများကြီးနဲ့ ပိုတွေ့ဆုံနိုင်လာပြီး အဓိပ္ပာယ်ရှိတဲ့ ခင်မင်ရင်းနှီးမှုတွေကို ပိုတည်ဆောက်လာနိုင်မှာပါ။ အစပိုင်းမှာ အငြင်းခံရမှာ၊ စကားပြန်အပြောမခံရတာများဖြစ်မလားဆိုပြီး စိုးရိမ်မိတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ အဆိုးဆုံးဖြစ်နိုင်တာဆိုလို့ ဟုတ်ကဲ့၊ မဟုတ်ဘူးဆိုတဲ့ စကားလမ်းကြောင်း ဆက်လို့မရတဲ့ အဖြေမျိုးပြန်ရနိုင်ပေမယ့် ဒီလိုဖြေရင်တောင် ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေကြမှာပါ။

ဒုတိယတစ်ခုက ပြုံးဖို့ပါ။ ကိုယ့်ပုံစံက မပျော်ရွှင်တဲ့ပုံပေါက်နေရင် စကားပြောရတာကောင်းပြီး ခင်ချင်စရာကောင်းတဲ့ပုံစံပေါက်ဖို့ တော်တော်ခက်ပါတယ်။ အပြုံးလေးတစ်ခု မျက်နှာပေါ်မှာရှိနေတဲ့အခါ ကိုယ်က ပွင့်လင်းပြီး ခင်မင်ရင်းနှီးစရာကောင်းတဲ့ပုံမျိုး ဖြစ်နေမှာပေါ့။ စကားဝိုင်းကို အစပျိုးတဲ့အခါမှာ အပြုံးလေးနဲ့တွဲလိုက်ရင် ရင်းနှီးခင်မင်မှုကိုပါ စတည်ဆောက်နိုင်ပါပြီ။

နောက်တစ်ခုက ကိုယ့်ကိုသတိထားမိအောင် နေဖို့ပါ။ ဒါက ပြုံးတာ၊ ခေါင်းညိတ်ပြတာမျိုးလိုပဲ လွယ်ကူရိုးရှင်းပါတယ်။ သူစိမ်းတစ်ယောက်နဲ့ မျက်လုံးချင်းဆုံတဲ့အခါ သတိထားလိုက်ပြီး အပြုံးချင်း ဖလှယ်မိတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် မိတ်ဆက်ဖို့ လွယ်သွားပါပြီ။ ပြီးရင်တော့ စကားပြောဖို့ စတင်နိုင်ပြီပေါ့။

အရေးအကြီးဆုံးအချက်ကတော့ နားထောင်ပေးဖို့ပါ။ လူတွေက သူတို့အကြောင်း ပြောပြရတာကို သဘောကျကြပါတယ်။ အဆိုးဆုံးက တစ်စုံတစ်ယောက်က သူပြောချင်တာပြောနိုင်ဖို့ သင်ပြောနေတာတွေပြီးအောင် စောင့်နေရတာပါ။ လူတွေရဲ့ ထူးခြားတဲ့စိတ်ဝင်စားစရာအကြောင်းအရာ တွေကို အာရုံစိုက်ပါ။ လူတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကြောင့် စကားဝိုင်းမှာ တက်တက်ကြွကြွပါဝင်လိုက်ပါ။ နောက်ပြီး အပြန်အလှန်စကားပြောဆိုတာမျိုး လုပ်ပေးပါ။

လူတွေဆီက ကောင်းမွန်တဲ့အဖြေစကားရဖို့ဆို မေးခွန်းကောင်းကောင်းမေးတတ်ဖို့ လိုပါတယ်။ ဘာအလုပ်လုပ်ပါသလဲတို့၊ ရာသီဥတုကောင်းတယ်နော်တို့လို စကားမျိုးတွေကို ရှောင်ပါ။ အဲဒီအစား သင်စိတ်ဝင်စားတဲ့အကြောင်းအရာကို ပြောပါ။ လူတွေက သူတို့သိတဲ့အကြောင်းအရာကို ရှင်းပြရတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် သူတို့ပြောနေတဲ့အကြောင်းအရာကို နားမလည်ဘူးဆိုရင် မေးလိုက်ပါ။ သင်သိသလိုပုံစံနဲ့ ဟန်ဆောင်မနေပါနဲ့။  သင်သိအောင် သူတို့က ပြောပြရတဲ့အတွက် ပိုပြီးတော့တောင် ၀မ်းသာနေမှာပါ။

စကားပြောတဲ့နေရာမှာ မျက်လုံးချင်းစုံပြီး စကားပြောဖို့လည်း လိုပါတယ်။

တစ်ယောက်ယောက်နဲ့စကားပြောနေချိန်မှာ အခန်းတစ်ခုလုံးကို မျက်လုံးကစားမနေပါနဲ့။ ဒီလိုလုပ်တာက စကားပြောနေတဲ့အပေါ် စိတ်ဝင်စားမှုမရှိဘူးဆိုတာကို ပြနေတာမျိုးဖြစ်ပါတယ်။ သူပြောနေတဲ့အကြောင်းအရာအပေါ်မှာ တကယ်လမ်းစိတ်ဝင်စားမှုမရှိဘူးဆိုရင် ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားကြည့်ပါ။ Body Language တွေကိုလည်း သတိထားပါ။ ပွင့်လင်းပြီး တက်ကြွတဲ့သူအဖြစ် ပုံဖော်နိုင်အောင် ကြိုးစားပါ။

နောက်တစ်ကြိမ်ထပ်ဆုံချင်သေးတာကိုလည်း ဖော်ပြပြီး ခင်မင်မှုကို ရေရှည်တည်ဆောက်နိုင်အောင် ဆက်ကြိုးစားပါ။

နောက်ထပ်အရေးကြီးတဲ့အချက်က ကိုယ်တိုင်က ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နေတဲ့သူမျိုး ဖြစ်ဖို့ပါ။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူဆို လူတွေက ပိုနှစ်သက်ကြပါတယ်။ ပိုခင်မင်ချင်တယ်။ ဒါကြောင့် ကိုယ်က ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နေရင် လူတွေက ကိုယ့်ကို သတိထားမိလာပြီး ခင်မင်လာကြမှာပါ။

အ၀တ်အစားပိုင်းမှာဆိုရင်တော့ ကိုယ်သွားမယ့်နေရာနဲ့ ကိုယ့်အ၀တ်အစား၊ အပြင်အဆင်က လိုက်ဖက်နေဖို့လိုပါတယ်။ ဒီနေရာမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်နိုင်ရင် လူအများကြားမှာ ကိုယ်က ပိုထင်ရှားပြီး Attention ပိုရမှာပါ။ Fashion Trend မိတဲ့လူတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်သူတွေလို့ လူအများကသတ်မှတ်ကြမယ်။ ဒါဆိုရင် လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး မိတ်ဖွဲ့ရတာ ပိုလွယ်ကူမှာပါ။

http://www.lifehack.org/articles/communication/how-not-to-suck-at-socializing-dos-donts.html

words by anna

LUSH Magazine MyanmarLUSH social etiquette
1
Facebook Twitter Google + Pinterest
Lush Editor

previous post
MODERN MUSE
next post
Winterize Your Skin

Recommended

Getting Workloads Done Faster

April 21, 2019

“Hey, you’ve become Fat!”

May 7, 2019

The Silent Killers

July 5, 2019

Relationship Etiquette

February 15, 2019

Mobile and Etiquette

April 2, 2019

How to be efficient at workplace

March 21, 2019

How to organize your day at your workplace

April 3, 2019

Dark Side of Social Media

December 26, 2018

Etiquette rules to follow when you’re dining at...

May 22, 2019

အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

August 6, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem