LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

ရန်ကုန်ရဲ့သင်္ကြန်ပွဲတော်မှာ ဘာရင်ခုန်စရာတွေ ရှိနိုင်မလဲ။

written by SuYiHtet April 10, 2019
ရန်ကုန်ရဲ့သင်္ကြန်ပွဲတော်မှာ ဘာရင်ခုန်စရာတွေ ရှိနိုင်မလဲ။

အခုဆိုရင် သင်္ကြန်ကျဖို့ ရက်နည်းနည်းပဲလိုတော့တာဆိုတော့ အကုန်လုံးရဲ့ စိတ်ထဲမှာ သင်္ကြန်ပိုးလေးတွေ ၀င်နေလောက်ပါပြီနော်။ သင်္ကြန်ဆိုတာကတော့ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်သလို လူငယ်တွေ ပျော်ရွှင်စွာ ရေကစားနိုင်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်ကျဖို့ အချိန်သိပ်မလိုတော့ပေမယ့် ခုထိ သင်က ဒီနှစ် သင်္ကြန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် ရန်ကုန်မှာ ဘာတွေလုပ်လို့ရမလဲဆိုတာ ရှာဖွေဖို့လိုလာပါပြီ။ ရန်ကုန်သင်္ကြန်ဆိုတာ ဟိုးအရင်တည်းက စဉ်ဆက်မပြတ် စည်ကားလာခဲ့တာဆိုတော့ ပျော်စရာအချိန်တွေကို လက်လွှတ်ခံလို့ လုံးဝမဖြစ်ဘူးလေ။ ရန်ကုန်သင်္ကြန်မှာ ပျော်ပျော်ပါးပါးနဲ့ ဘာတွေလုပ်လို့ရမလဲဆိုရင် …

 

၁- Inya Splash Walk 2019 အင်းယားလမ်းလျှောက်သင်္ကြန်ပွဲတော်
အင်းယား လမ်းလျှောက်သင်္ကြန်ပွဲတော်ကတော့ ပြည်လမ်းနဲ့ အင်းယားလမ်းထောင့်ကနေ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းထော့င်ထိ သင်္ကြန်အကြိုနေ့ မနက် ၉နာရီကနေ အတက်နေ့ ည ၈ နာရီအထိ ၀င်ကြေး အခမဲ့ ကျင်းပသွားမယ့် ပွဲတော်ဖြစ်ပါတယ်။ လမ်းလျှောက် သင်္ကြန်ပွဲတော်ဖြစ်တဲ့အတွက် လမ်းလျှောက်လိုက် ရေဆော့လိုက်နဲ့ ကဲလို့ရမယ့်အပြင် လျှောက်လမ်းတွေမှာ ဓာတ်ပုံရိုက်စရာနေရာနဲ့ ဗိုက်ဆာရင် စားဖို့ ဈေးဆိုင်ခန်းတွေလည်း ရှိနေပြီးတော့ Inya Splash Walk 2019 ရဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ အင်းယားကန်ဘောင် Colorful Festival ကိုလည်း ကျင်းပပေးသွားဦးမှာပါ။ ဒါ့အပြင် လမ်းလျှောက်သင်္ကြန်ရဲ့ ဇုန်ကြီး ၉ ဇုန်ကို ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ ရခိုင်၊ရှမ်းဆိုပြီး တိုင်းရင်းသားဇုန် ၈ ဇုန်နဲ့အတူ ရန်ကုန်တိုင်း ဒေသကြီး ဖျော်ဖြေရေး မဏ္ဍပ်ရှိတဲ့ ဇုန် အပါအ၀င် ဇုန်ကြီး ၉ ဇုန်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံလှလှလေးတွေရိုက်၊ရေကစားရင်း ဗိုက်ဆာရင် မုန့်ဈေးတန်းမှာ မုန့်ဝင်စား ..ကဲ ဘယ်လောက်ဟန်ကျလဲ။  သြော် ပြီးတော့ နာမည်ကျော် အဆိုတော်တို့ရဲ့ ဖြေဖျော်ရေး အစီအစဉ်တွေ ရှိတဲ့အပြင် သင်္ကြန်မင်းသမီးလေးလို့ နာမည်ကျော်တဲ့ အကယ်ဒမီ အေးမြတ်သူကလည်း လေးရက်လုံးလုံး တိုင်းရင်းသားရိုးရာ မဏ္ဍပ်တွေမှာ ရေကစားရင်း ရှိနေမှာပါတဲ့။

၂- ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်
ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကေ မြို့တော်ခန်းမရှေ့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်ပြီးတော့ ဒီနှစ်မှာလည်း ယခင်နှစ်တွေလို စည်စည်ကားကားနဲ့ ကျင်းပသွားဦးမှာဖြစ်ပါတယ်။ မဟာ ဗန္ဓုလပန်းခြံနဲ့ မျက်နှာချင်းဆိုင် ၊မြို့တော်ခန်းမရှေ့မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ရဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်မှာဆိုရင် ဖွင့်ပွဲနေ့မှာ ယိမ်းကအကအလှတွေ၊ နာမည်ကျော်တို့ရဲ့ ဖြေဖျော်တင်ဆက်မှုတွေနဲ့အတူ မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ အနှစ်သာရကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ယိမ်းအကအလှတွေနဲ့ မြန်မာ့သင်္ကြန် အငွေ့အသက်တွေရှိတဲ့ မဏ္ဍပ်မို့ မဖြစ်မနေ သွားလည်ကြည့်သင့်ပါတယ်။

၃- Thingyan Music Festival – TMF 2019
TMF ကတော့ နှစ်တိုင်း နှစ်တိုင်း ဘယ်သူနဲ့မှ မတူတဲ့ တင်ဆက်မှုတွေနဲ့ လူငယ်တွေကြား နေရာတစ်ခုရထားတဲ့
မဏ္ဍပ်တစ်ခုဖြစ်ပါတယ်။ ကျင်းပလာခဲ့တာ ခြောက်နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်တဲ့ TMF ရဲ့ ဒီနှစ် Theme က “Aqua Garden” ဖြစ်ပြီးတော့ Party Zone (Wet Zone)၊ Madness Zone (Wet Zone) ၊Cool Zone (Dry Zone )နဲ့ Comfort Zone (Dry Zone) ဆိုပြီး Zone ကြီး လေးခုခွဲထားတာ တွေ့ရမှာပါ။ အဓိက Headliner DJ အနေနဲ့  Steve Aoki ကပါဝင်မှာဖြစ်ပြီးတော့ လက်ရှိကမ္ဘာ့အဆင့် ၁၁ ရရှိထားတဲ့ Steve Aoki ဟာ ၂၀၁၇ တုန်းက မြန်မာနိုင်ငံကို လာရောက်ဖြေဖျော်ခဲ့ဖူးပါတယ်။ ဒါ့အပြင် နာမည်ကျော် World’s Favourite DJ တွေဖြစ်တဲ့ Crisis Era၊ Darren Styles ၊Gammers၊ Said The Sky ၊Tony Junior နဲ့ Zatox တို့ ပါဝင်မှာဖြစ်ပြီးတော့ Local DJ တွေလည်း ပါဝင်အားဖြည့်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ Headliner အမိုက်စားတွေနဲ့ Local DJ အယောက် ၃၀ ကျော် ပါဝင်အားဖြည့်ထားတဲ့ TMF ရဲ့ “Aqua Garden” ကတော့ တကယ်ကို ရင်ခုန်ချင်စရာအပြည့်ပါပဲ။

၎- Underwater Kingdoms – BlackJack 2019
BlackJack လို့ဆိုလိုက်တာနဲ့ လူငယ်တွေ မျက်စိကျစရာ အမိုက်စား မဏ္ဍပ်တစ်ခုကို အလိုလိုပြေးမြင်မိကြမှာပါ။ ၂၀၀၈ ခုနှစ် အင်းယားလမ်းက စခဲ့တဲ့ BlackJack ဟာဆိုရင် အခုချိန်မှာ ၁၂ နှစ်တာ Experience ရှိတဲ့ Festival တစ်ခုအဖြစ် ပြောင်းလဲလာတာကို မြင်ရမှာဖြစ်ပြီး သင်္ကြန်မဏ္ဍပ်လောကမှာ နာမည်ကြီးတဲ့ မဏ္ဍပ်တစ်ခုအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။ ဒီနှစ်မှာ  Black Jack ဟာ ပြည်လမ်း အင်းယားကန်ဘောင်အရှေ့၊ မျက်နှာပွင့် အကျယ်ပေ ၂၀၀ စုစုပေါင်း ခြံအကျယ် ၂ ဧကကျော် ကျယ်ဝန်းတဲ့ ခြံအမှတ် ၂ (Lotteria ဘေး) မှာ   “Fisherman Kingdom” ရေကစား မဏ္ဍပ်နဲ့အတူ “Underwater Kingdoms Music Festival” ကိုပါ တွဲဖက် ကျင်းပသွားမှာ ဖြစ်ပြီးတော့ “ Fisherman Kingdom” က တကယ့်ကို အရင်ချိန်တွေဆီက မဏ္ဍပ်ထိုင်ရတဲ့ ဖီလင်မျိုးကို ပေးစွမ်းနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။Black Jack Water Festival ရဲ့ Underwater Kingdoms မှာဆိုရင် Kingdom Zone ကို ၇ ခု ခွဲထားမှာ ဖြစ်သလို Kingdom ၇ခုကို ဦးဆောင်မယ့် International Artist က ၇ယောက်ပါဝင်မှာ ဖြစ်ပြီး Local Acts က Kingdom ၁ ခုကို ငါးယောက်နှုန်းနဲ့ စုစုပေါင်း ၃၅ ယောက် ပါဝင်တင်ဆက်ပေးမယ်လို့ သိရပါတယ်။ Local Acts တွေထဲမှာ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ Bunny Phyoe နဲ့ G Fatt တို့လည်း ပါဝင်မှာပါတဲ့။  Underwater Kingdoms ရဲ့ Ticket လေးတွေ ၀ယ်မယ်ဆိုရင်တော့ ဈေးနှုန်းတွေကို ပုံမှာ တစ်ဆင့်ကြည့်လို့ရပါတယ်နော်။

သြော်.. ပြီးတော့ ဧပြီလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီမတိုင်ခင်ထိ LUSH Magazine ရဲ့ Facebook Page Message Box ကနေ #BJXLUSH2019 ဆိုတဲ့ Code နဲ့  Underwater Kingdoms Ticket လေးတွေဝယ်ယူမယ်ဆိုရင် 15% Discount ကို ရရှိဦးမှာပါတဲ့။ ဒါပေမယ့် ဒီနေရာမှာ အခြားသော Promotion တွေ အကျုံးမ၀င်ပါဘူး။ #BJXLUSH2019 ဆိုတဲ့ Code နဲ့ LUSH ကတဆင့် ၀ယ်ယူမှ 15% Discount ရမှာပါနော်။

၅- Barrack Water Festival 2019
ကျင်းပလာခဲ့တာ ငါးနှစ်ပြည့်ပြီဖြစ်တဲ့ Barrack Water Festival ကို ဒီနှစ်မှာ ပြည်လမ်းမပေါ်က  ၂ ဧက ကျော်ရှိတဲ့ ခြံဝန်းကျယ်မှာ  ကျင်းပမှာဖြစ်ပြီးတော့  Anniversary Bonus အနေနဲ့ Hip Hop Vibe ကိုပါ ထပ်မံ ခံစားနိုင်အောင် တင်ဆက်တော့မှာပါ။ ဒီအတွက် Splash Zone အပြင် Barrack Playground မှာ Hip Hop Artist တွေ အတွက်  Youk $hi နဲ့ ပူးပေါင်းပြီး သီးသန့် Stage ပြင်ဆင်ပြီး ဖျော်ဖြေတင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
Barrack Water Festival 2019 မှာတော့ GA VIP VVIP ရယ်လို့ ဇုန် ၃ ဇုန်ခွဲထားတဲ့အပြင် Wet Zone Dry Zone ဆိုပြီး ခွဲထားပါတယ်။ ဒါ့အပြင် Bar တွေ၊ Food Count တွေအတွက် သီးသန့်နေရာပေးထားပြီးတော့  EDM နဲ့ Hip Hop Vibe နှစ်မျိုးစလုံးကို တစ်နေရာတည်းမှာ ခံစားရမှာပါ။ International Lineup တွေအနေနဲ့ Salvatore Ganacci ၊ Noise Controllers ၊DJ SURA ၊ DA Candy ၊  Wave Motion နဲ့ DJ JOLY တို့ ပါဝင်မှာဖြစ်သလို Local DJ တွေလည်း များစွာပါဝင်မှာပါ။ ဒါ့အပြင် Hip Hop Artist တွေဖြစ်တဲ့  J-Me ၊G-Tone ၊Cyclone ၊Lil’Z ၊Lanbar၊ Bigg-Zee ၊A LYNN YAUNG ၊N@G ၊ Khant Maw Bo နဲ့ Nyi Thu တို့ကလည်း Barrack Hip Hop Stage မှာ ပါဝင်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။  ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဧပြီလ ၁၂ ရက်နေ့မှာလည်း VIP နဲ့ All Day အတွက် Pre Party ရှိဦးမှာပါ။ Ticket ဈေးနှုန်းတွေက GA (all days)- ၅၅၀၀၀၊ GA (First 2 Days)- ၄၀၀၀၀၊ GA (Last 2 Days) – ၄၅၀၀၀ ဖြစ်ပြီးတော့ VIP ကတော့ All Days ကို ၉၀၀၀၀၊ VIP (First 2 Days) – ၆၀၀၀၀ ၊ VIP (Last 2 Days) – ၆၅၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

ဒီလောက်ဆို သင်္ကြန်တွင်းကာလမှာ ဘယ်တွေသွားပြီး ဘယ်လိုကဲမလဲဆိုတာ Idea လေးတွေ ရသွားလောက်ပါပြီနော်။

Editor:Su Yi Htet

 

LUSH April 2019LUSH DAILY
0
Facebook Twitter Google + Pinterest
SuYiHtet

previous post
40% Off Online Sale from L’Oréal Paris
next post
Timberland Member Special Promotion

Recommended

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

New Normal Business Casual for Rainy Season

June 15, 2020

Bike Shorts (Cycling Shorts): Fashion Vocabulary

December 12, 2019

Tips and Tricks to Make Your Room Look...

June 4, 2020

Milan Fashion Week FW20 က celebrities တွေရဲ့ fashion...

February 26, 2020

Replica တွေသုံးစွဲမှုများရဲ့ နောက်ဆက်တွဲ Logo အမှားများ

June 18, 2019

American Music Awards 2019 Fashion

November 25, 2019

How not to be a shallow person

April 4, 2019

British Billionaire James Dyson ရဲ့ Super Penthouse

July 18, 2019

နှစ်ပေါင်း 100 ကျော် အမွေနှစ်ဟောင်း ဆိုဖဲအဆောက်အအုံ (သို့) လောကနတ်အဆောက်အအုံ

May 27, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem