LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILYTRAVEL

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

written by Maeve March 20, 2020
COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

CoronaVirus ကြောင့် ခရီးသွားလာဖို့အခက်အခဲတွေရှိလာသလို လူတွေကလည်း ခရီးသွားဖို့ကိုကြောက်လာကြပါတယ်။ လေကြောင်းခရီးတွေအနေနဲ့လည်း ခရီးစဉ်တွေဖျက်သိမ်းရတာတွေ၊ ခရီးစဉ်တွေလျော့ချရတာမျိုးတွေလုပ်နေကြပြီး အဲ့အတွက် ခရီးသွားလာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်း စီးပွားရေးကျနေကြပါတယ်။ ဒါကြောင့် ပိုက်ဆံချမ်းသာတဲ့သူတွေကတော့ အရေးပေါ်အလုပ်ကိစ္စအတွက် ခရီးသွားဖို့ရှိလာတဲ့အခါ private jet တွေကို သုံးလာကြပါတယ်။ BBC ရဲ့သတင်းအရဆို စင်္ကာပူအြခေစိုက် private jet စင်းလုံးငှားကုမ္ပဏီဖြစ်တဲ့ MyJet Asia က ပြီးခဲ့တဲ့လအတွင်းမှာ ၈၀ – ၉၀ ရာခိုင်နှုန်းလောက်ထိ စီးပွားရေးတိုးတက်မှုတွေရှိလာပြီး customer တော်တော်များများက ဘေဂျင်း၊ ရှန်ဟိုင်း နဲ့ ဟောင်ကောင်တွေကို အသွားများတယ်လို့ သိရပါတယ်။ ဟောင်ကောင်က Jetsolution လည်း စီးပွားရေးကောင်းနေပြီး အဓိကအားဖြင့် ဟောင်ကောင်ကနေ တိုင်ပေ၊ ကမ္ဘောဒီးယား၊ စင်္ကာပူ နဲ့ မလေးရှားတို့ကို အသွားများကြတယ်လို့ သိရပါတယ်။

တကမ္ဘာလုံးက private jet ကုမ္ပဏီတွေအကုန် စီးပွားရေးကောင်းနေကြပေမဲ့ တူညီတဲ့ပြဿနာတွေလည်း ရင်ဆိုင်နေကြရပါသေးတယ်။ အဲ့ဒါကတော့ Coronavirus ကူးစက်ခံထားရတဲ့နိုင်ငံတွေကို ပျံသန်းဖို့အတွက် လေယာဉ်နဲ့ လေယာဉ်ဝန်ထမ်းတွေကို ရှာရခက်တဲ့ပြဿနာပါ။ ကူးစက်ခံရတဲ့နိုင်ငံတွေကိုသွားခဲ့တဲ့ လေယာဉ်ဝန်ထမ်းတွေအနေနဲ့လည်း ရောဂါပိုးသတ်ဖို့အတွက် ၂ ပတ်လုံး အလုပ်မလုပ်ဘဲနေရမှာဖြစ်သလို သီးသန့်နေထိုင်ရမှာလည်းဖြစ်ပါတယ်။

Private jet တွေက အရမ်းချမ်းသာတဲ့သူတွေ၊ celebrities တွေမှ စီးနိုင်တယ်ဆိုတဲ့ အတွေးတွေရှိကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ private jet ကုမ္ပဏီတွေက ဈေးနှုန်းသက်သက်သာသာနဲ့ ငှားရမ်းနိုင်အောင် စီစဉ်ထားကြပါတယ်။ လေယာဉ်စင်းလုံးဝယ်စရာမလိုဘဲ နာရီအလိုက်ငှားလို့ရပါတယ်။ Paramount Business Jet ရဲ့ဈေးနှုန်းတွေကို ဥပမာအနေနဲ့ပြောပြရမယ်ဆို လူ ၂ ယောက်ကနေ ၄ ယောက်ထိစီးနိုင်တဲ့ လေယာဉ်အသေးစားကို တစ်နာရီ $2,400 ဝန်းကျင်၊ လူ ၈ ယောက် ကနေ ၁၀ ယောက်ထိစီးနိုင်တဲ့ လေယာဉ်အလတ်စားကို တစ်နာရီ $6,000 ဝန်းကျင်အနေနဲ့ ငှားရမ်းလို့ရနေပါပြီ။

Private jet တွေနဲ့ ခရီးသွားတာက CoronaVirus ကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားလို့ရတဲ့ ခရီးသွားနည်းတစ်ခုလည်း ဖြစ်လာပါတယ်။ ဒီအချိန်မှာ Private jet တွေနဲ့ခရီးသွားတာက ဇိမ်ခံဖို့အတွက်မဟုတ်တော့ဘဲ လိုအပ်လို့သုံးရတာမျိုးဖြစ်နေပါပြီ။ တတ်နိုင်တဲ့သူတွေကလည်း ရောဂါပိုးကူးစက်နိုင်တဲ့ အများသုံးလေယာဉ်တွေကိုမစီးတော့ဘဲ private jet ကိုပဲ စိတ်ချမ်းချမ်းသာသာနဲ့ စီးဖို့ ရွေးချယ်ကြပါတယ်။ private jet တွေရဲ့လေဆိပ်တွေက ပုံမှန်အားဖြင့်ဆို ခပ်သေးသေးပဲမို့လို့ လူတွေနဲ့ထိတွေ့ဆက်ဆံရတာမျိုး သိပ်မရှိတာကြောင့် ရောဂါကူးစက်ခံရနိုင်ချေနည်းလို့ private jet တွေကို ရွေးချယ်ကြတာလည်းပါပါတယ်။ Vanderbilt တက္ကသိုလ်ရဲ့ ကူးစက်ရောဂါဌာနခွဲက professor ဖြစ်တဲ့ ဒေါက်တာ William Schanffner ကတော့ လက်ကိုမကြာခဏဆေးတာက ရောဂါကိုကာကွယ်ဖို့အကောင်းဆုံးနည်းဖြစ်ပြီးတော့ နှုတ်ခမ်းတွေ၊ ပါးစပ်တွေကနေတဆင့် ရောဂါဝင်ရောက်နိုင်လို့ နှုတ်ခမ်းတို့၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်တာမျိုးရှောင်ကြဖို့ CNN နဲ့ အင်တာဗျူးတုန်းက ပြောခဲ့ပါတယ်။

COVID19LifeStyleLUSH DAILYLUSH Magazine MyanmarLUSH March 2020LUSH TravelPrivate Jet
0
Facebook Twitter Google + Pinterest
Maeve

previous post
CoronaVirus ကြောင့် ပွဲပြုလုပ်ရက် ရွှေ့ဆိုင်းသွားမယ့် Met Gala 2020
next post
BE BOLD! DARE MORE

Recommended

ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

December 15, 2023

Be a Fashionable Traveler

May 3, 2019

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

July 11, 2019

ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုနေထိုင်ကြမလဲ။

March 8, 2019

ကမ်းဆင့်မေတ္တာဖျန်းပေးပါ

July 20, 2023

နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

April 19, 2023

Into the Flix

May 31, 2020

လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson

August 4, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem