LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLUSH DAILY

ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုနေထိုင်ကြမလဲ။

written by Maeve March 8, 2019
ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုနေထိုင်ကြမလဲ။

လူတွေဟာ နေ့စဉ်ဘဝမှာ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ကို မေ့နေတတ်ကြပါတယ်။ စာဖတ်သူကိုယ်တိုင်ရော ကိုယ့်ကိုယ်ကို ကျန်းမာရေးနဲ့ညီအောင် နေထိုင်ဖို့ မေ့နေပြီလား။ ဒါဆိုရင်တော့ ဒီစာလေးဖတ်ပြီး ကျန်းမာရေးနဲ့ညီအောင် နေထိုင်ဖို့ ကြိုးစားကြည့်ရအောင်လား။ အခုပြောပြပေးသွားမယ့်အချက်တွေက သိပြီးသားဖြစ်ပေမယ့် လုပ်ဖို့မေ့နေတတ်တဲ့အချက်လေးတွေဆိုတော့ အရင်ကမေ့နေပေမယ့် အခုတော့ ကိုယ့်ကိုယ်ကို remind လုပ်ပြီး ကြိုးစားကြည့်ရအောင်။

၁. အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးဝဝအိပ်တာက ခန္ဓာကိုယ်အတွက် အရမ်းကိုလိုအပ်တဲ့အချက်တစ်ခုပါ။ အိပ်ရေးဝဝအိပ်ထားရင် လန်းလန်းဆန်းဆန်းဖြစ်ပြီး dark circle တွေဖြစ်တာမျိုးလည်းမရှိတဲ့အတွက် အမြဲအိပ်ရေးဝဝအိပ်ခြင်းက ကျန်းမာစေဖို့ လုပ်ကိုလုပ်သင့်တဲ့အရာတစ်ခုပါ။

၂. ဆေးလိပ်သောက်တာဖြတ်ပါ။

ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ သိသိလျက်နဲ့ကို သောက်နေကြတဲ့သူတွေကများပါတယ်။ ဆေးလိပ်သောက်တာက အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုဖြစ်စေပြီး နှလုံး နဲ့ အဆုတ်အတွက်လည်း မကောင်းတဲ့အပြင် ဆေးလိပ်အနံ့ခံရတဲ့သူအတွက်လည်း မကောင်းတဲ့အတွက် ဆေးလိပ်သောက်တာကို ဖြတ်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၃. ရေဓာတ်ထိန်းသိမ်းပါ။

ရေများများသောက်ပေးဖို့ကိုလည်း လုံးဝမေ့ထားလို့မရပါဘူး။ လူတစ်ယောက်ဟာတစ်နေ့ကို ရေ နှစ်လီတာ တော့အနည်းဆုံးသောက်ပေးသင့်ပါတယ်။ အကယ်လို့ သင်က လှုပ်လှုပ်ရှားရှားနေတဲ့သူ (ဒါမှမဟုတ်) ပူတဲ့ဒေသမှာနေတဲ့သူဆို အဲ့ထက်ပိုပြီး သောက်ပေးသင့်ပါတယ်။ အခုဆို နွေရာသီလည်းရောက်လာပြီမို့လို့ ဘယ်သွားသွားရေဘူးလေးတစ်ဘူး ဆောင်ထားပြီး ဒီနွေရာသီကို ရေဓာတ်ပြည့်ပြည့်ဝဝနဲ့ဖြတ်သန်းကြရအောင်။ သင်က ရေသောက်နည်းတဲ့သူဆိုရင်တော့ အခုကစပြီး Reminder လေးထားပြီး သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၎. စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့ချကြည့်ပါ။

လူတိုင်းက သူ့ဟာနဲ့သူတော့ စိတ်ဖိစီးမှုတွေရှိကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေက အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကိုဖြစ်စေတဲ့အတွက် စိတ်ဖိစီးမှုတွေလျော့အောင်တော့ ကြိုးစားပြီးနေသင့်ပါတယ်။ အားကစားတစ်ခုခုလုပ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ လျောက်လည်တာပဲဖြစ်ဖြစ်လုပ်ကြည့်ပြီး စိတ်ဖိစီးမှုကို လျော့ချကြည့်ပါ။

၅. ပြင်းထန်တဲ့နေရောင်ဒဏ်ကို ကာကွယ်ပါ။

နေရောင်ထဲထွက်တဲ့အခါတိုင်း ခရမ်းလွန်ရောင်ခြည် UV rays တွေနဲ့ထိတွေ့ရစမြဲပါ။ UV rays တွေက အရေပြားကို အိုမင်းရင့်ရော်စေတဲ့အပြင် အရေပြားကင်ဆာထိ ဖြစ်စေနိုင်လို့ UV rays တွေကို ကာကွယ်ဖို့အတွက် SPF အနည်းဆုံး 30 လောက်ပါတဲ့ Sunscreen တွေကို သုံးသင့်ပါတယ်။ အခုနွေရာသီလည်းရောက်လာပြီဆိုတော့ အပြင်ထွက်လေ့ရှိတယ်ဆို Sunscreen ကို နှစ်နာရီခြား တစ်ခါလောက်တော့လိမ်းပေးသင့်ပါတယ်။ မနက် ၁၀ နာရီ ကနေ ညနေ ၂ နာရီလောက်ထိက UV rays အမြင့်ဆုံးဖြစ်တဲ့အတွက် အဲ့အချိန်ဝန်းကျင်မှာတော့ ဖြစ်နိုင်ရင် အပြင်ထွက်တာရှောင်ရင်တော့ အကောင်းဆုံးပါ။

၆. အားကစားတစ်ခုခုလုပ်ပါ။

ကျန်းမာရေးအကြောင်းပြောရင်တော့ အားကစားလုပ်ဖို့ကိုတော့ လုံးဝမေ့လို့မရပါဘူး။ အားကစားလုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့အားကစားတစ်ခုခုလုပ်လည်းရပါတယ်။ လမ်းလျှောက်တာတို့၊ ပြေးတာတို့၊ စက်ဘီးစီးတာတို့စတဲ့ အလွယ်တကူလုပ်လို့ရတဲ့အားကစားနည်းတွေကိုလုပ်ပြီး ကျန်းမာရေးကို ဂရုစိုက်လို့ရပါတယ်။

၇. Junk Food တွေကို တတ်နိုင်သမျှရှောင်ပါ။

Junk Food တွေက အလွယ်တကူစားလို့ရလို့ အမြဲခဏခဏစားဖြစ်ကြပါတယ်။ Junk Food တွေက စားလို့ကောင်းသလောက် chemicals တွေ၊ သကြားတွေ၊ အဆီတွေပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်မညီညွတ်လို့ အခုကစပြီး Junk Food တွေကို သိပ်မစားမိအောင် ဆင်ခြင်ကြည့်ကြရအောင်လား။

ဒီအချက်လေးတွေကို အကုန်လုံးတပြိုင်တည်းမဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ ကျင့်သွားကြည့်ကြတာပေါ့။ လူတွေက ကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်ဖို့အတွက် ၂ လခွဲကျော်လောက်အချိန်ယူတာမို့ ကောင်းတဲ့အကျင့်လေးတွေကို အချိန်တစ်ခုပေးပြီး လေ့ကျင့်ကြည့်ကြမယ်နော်။

Images credit to Pixabay

LUSH DAILYLUSH get fitLUSH Magazine MyanmarLUSH March 2019
1
Facebook Twitter Google + Pinterest
Maeve

previous post
FLO
next post
TIMELESS TWIST

Recommended

Halsey collaborated with Marshmello and dropped a single...

May 30, 2020

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

October 19, 2020

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

အားလုံးကိုပျော်ရွှင်စေခဲ့တဲ့ Moschino Resort 2019 Collection

June 14, 2018

All the details of Dior’s Cruise 2019 collection

May 31, 2018

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

Disney နဲ့ ပူးပေါင်းပြီး Frozen 2 Collection ထုတ်လုပ်လိုက်တဲ့ ColourPop

November 8, 2019

2019 British Fashion Awards’ Fashion

December 4, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem