LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESS

Physiological & Psychological Revolutions

written by Eain Chu April 12, 2019
Physiological & Psychological Revolutions

ဒီလရဲ့ Get Fit ကဏ္ဍမှာတော့ သင်္ကြန်ပိတ်ရက်အတွင်း အိမ်မှာဖြတ်သန်းကြမယ့်သူတွေအတွက် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။ မြန်မာသက္ကရာဇ် တစ်နှစ်ပတ်လုံး လှုပ်ရှားရုန်းကန်နေရတာ စိတ်ကော လူကော ပင်ပန်းနေကြရောပေါ့။ အပြင်လည်း မထွက်ချင် အိမ်မှာပဲ အပန်းဖြေချင်သူတွေ အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

For this month in Get Fit section, I would like to share good tips for those who are spending their Thingyan holidays at home. I believe that you all are exhausted during this whole year, struggling hard for your life and family. So, these are some tips that you can follow during these Thingyan holidays.

၁။ အိပ်ရေးဝဝအိပ်ပါ။

တစ်နှစ်တာပတ်လုံး အလုပ်တွေနဲ့ လုံးပန်းနေရတော့ နားချိန်ဆိုတာ ကိုယ့်အတွက် ရှားတယ်မဟုတ်လား။ အလုပ်တွေများလို့ အိပ်ရေးမဝတဲ့ရက်တွေလည်း များခဲ့မှာပါ။ ဒီ ပိတ်ရက် အတွင်းမှာ အလုပ်တွေ အကုန် မေ့ထားပြီး အိပ်ရေးဝဝအိပ်စေချင်ပါတယ်။ ဒါမှလည်း စိတ်ကြည်လင်လန်းဆန်းပြီး ကိုယ်ခံအားလည်း ပြည့်ဝမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အိပ်ရေးဝဝမအိပ်ရတဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီးသားဖြစ်လို့ မဖြစ်မနေ တစ်နေ့ကို ၈ နာရီပြည့်အောင် အိပ်ဖို့ မမေ့ပါနဲ့။

1. Get more sleep

Since you are running busy throughout the year, you might not have leisure time as well as not enough time to sleep well. And so, get more sleep forgetting all your works behind during these holidays. So then, you will get a better immune system and clearer mind for your healthy life. As you have experienced the lack of sleep, don’t forget to sleep for 8 hours somehow.

၂။ ရေများများသောက်ပါ။

ရုံးမှာ အလုပ်လုပ်ရင်း ရေသောက်ဖို့ကော အမြဲတမ်း သတိထားမိကြရဲ့လား။ ရာသီဥတုပူလာတာနဲ့အမျှ ရေဓာတ်ဖြည့်တင်းပေးဖို့တော့ လိုအပ်မယ်နော်။ ဒါကြောင့် အိမ်မှာနေရင်း ရေများများပိုသောက်ပေးပါ။ ရေများများသောက်ရင် အသားအရည်တွေပိုလှလာမယ်၊ အသားလည်း ပတ်မှာ မကြောက်ရတော့ဘူးပေါ့။ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အများကြီးဖြစ်လို့ ပိတ်ရက်မှာ ရေများများသောက်ရင်း ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပြီး အသားအရေ စိုစိုလေး ဖြစ်အောင် ထိန်းသိမ်း ဖို့ အကြံပေးပါရစေ။

2. Drink plenty of water

Do you ever remind yourself to drink water everyday while you are at work? As summer is getting hotter, stay hydrated. We would like to advise you to drink much water as there are so many advantages like helping your body metabolize fat and hydration keeps you skin glowing.

၃။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ပိတ်ရက်ဘဲ Gym ပိတ်တယ်ဆိုပြီး အပျင်းထူနေလို့ မဖြစ်ပါဘူး။ နေ့စဉ် လေ့ကျင့်ခန်းလေးတော့ မဖြစ်မနေ လုပ်ပါလို့ အကြံပေးပါရစေ။ ပိတ်ရက် အနားယူရင်း တစွတ်စွတ်စားမဲ့သူတွေ အတွက် လေ့ကျင့်ခန်းလေးနဲ့ ပြန် cover စလုပ်လို့ရတာပေါ့။ နောက်ပြီးတော့ Yoga ဆော့ဖို့လည်း ပြောချင်ပါတယ်။ Yoga က ကျန်းမာရေးသွေးလည်ပတ်မှုကောင်းစေနိုင်သလို တစ်နှစ်လုံးမှာ ရရှိခဲ့တဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်လို့ပါ။

3. Exercise

Don’t give excuse – giving reason that gym is closed during holidays. Workout can bring your loneliness bad mood into good mood making your day feeling great and energetic. I can assure you will eat more than you eat during the working days, so why not making more work out during these days. Yoga can also boost your concentration and help you keep your stress levels in check.

၎။ အသီးအနှံများများ ပိုစားပါ။

ရုံးမှာ ဗိုက်ဆာလို့ဆိုပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေ စားဖြစ်ကြတယ်မဟုတ်လား။ ဒါကြောင့် Vitamin C များများပါပြီး လတ်ဆတ်တဲ့ အသီးအနှံတွေကို ပိတ်ရက်မှာ များများစားပေးပါ။ အသီးအနှံများများ စားပေးရင် Antioxidant တွေ အများကြီးပါဝင်တဲ့အတွက် ခန္တာကိုယ်တွင်းရှိအဆိပ်တောက်တွေကိုလည်း ဖယ်ရှားပြီးသားဖြစ်စေပါလိမ့်မယ်။

4. Eat more fruits & vegetables

When you feel hungry at work, all you choose to eat are junk foods, right? This is the time to eat more fruits and vegetables that contain vitamin C and full of antioxidants. They will prevent you from many diseases and detox your body being caused many infections by junk food.

၅။ သင်္ကြန်ပိတ်ရက်ဆိုတော့ သင်္ကြန်မုန့်တွေ လုပ်စားရင်း အိမ်နီးချင်းများကို မျှဝေပါ။

တစ်နေ့တစ်နေ့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ် ဗျာများနေတဲ့ ကိုယ်ကိုယ်တိုင် အိမ်နီးချင်းတွေနဲ့ စကားတောင် မပြောဖြစ်ကြပါဘူး။ ဒီလို ပိတ်ရက်ရှည်မှာ ကိုယ်ချက်ထားတဲ့ အစားအစာလေးတွေကို သူတို့ဆီ ပို့ပေးရင်း ရင်းနှီးမှုတွေ တည်ဆောက်လို့ ကောင်းမဲ့ အချိန်ကောင်းပါ။ ဒါမှလည်း တစ်ယောက်တည်းဖြစ်နေသူအချင်းချင်း ပိတ်ရက်မှာ အဖော်ရသလို ကိုယ်မရှိတဲ့အချိန် အိမ်ကိုလည်း ဂရုစိုက်ပေးနိုင်တာပေါ့။

5. Cook for a neighbor

Since you are going home and work back-and-forth, there is no much time talking to your neighbors. This is the best time to create relationship with your neighbors you don’t very well ever know by bringing treats to them.

၆။ အခန်းသန့်ရှင်းရေး လုပ်ပါ။

ပိတ်ရက်မှာ ရှုပ်ယှက်ခတ်နေတဲ့ အခန်းတစ်ခုလုံးကိုရှင်းရမှာတော့ အသေအချာပဲ။ အဓိကကတော့ အဝတ်ဗီဒိုဖြစ်မယ်ထင်ပါတယ်။ ဆိုတော့ သန့်ရှင်းရေး လုပ်၊ လေ့ကျင့်ခန်းလည်း တစ်ခါတည်းလုပ်ဖြစ်သွားအောင် အင်တိုက်အားတိုက် သန့်ရှင်းရေးသာ လုပ်မယ်ဆိုရင် ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းမှာ အမှန်ပါပဲ။ နောက် တစ်ချက်အနေနဲ့ အဝတ်ဗီဒိုရှင်းရင်း ကိုယ်နဲ့မတော်တဲ့ အဝတ်အစားတွေ ထွက်လာရင် နှစ်ဆန်းတစ်ရက်နေ့မှာ အလှုပေးလို့လည်း ရသေးတယ်နော်။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကုသိုလ်လည်း ရ အခန်းလေးလည်း ရှင်းဖြစ်သွားတော့ စိတ်လည်းကြည်လင်သွားတာပေါ့။

6. “Room” cleaning

This is the perfect opportunity to clean your room before getting a new start for a New year. The messiest place of your room will be definitely your “Wardrobe”. By cleaning your wardrobe, you will be burning a lot of calories. Moreover, you can even donate your old clothes which are not fit with you anymore as a New Year donation. How graceful it is – to have both mentally and physically wellness for you.

၇။ စိတ်ကြိုက်စာအုပ်တွေရွေးဖတ်ပါ။

တစ်နှစ်တာပတ်လုံး အလုပ်တွေနဲ့ နပန်းလုံးနေရလို့ စာအုပ်ဖတ်ဖို့ အချိန်ပေးနိုင်မယ်ဆိုပေမယ့် အနည်းငယ်သာ အချိန်ပေးနိုင်ကြတယ်မှတ်လား။ တကယ်လို့ စိတ်အေးလက်အေးနဲ့ စာအုပ်ဖတ်ဖို့ ကြံရွယ်ထားတယ်ဆိုရင်တော့ ဒီလိုမျိုးပိတ်ရက်မှာ အချိန်ပေးပြီး ဖတ်သင့်ပါတယ်။ ဝတ္ထုစာအုပ်ပဲဖြစ်ဖြစ်၊ စိတ်ခွန်အားရရှိနိုင်မယ့်စာအုပ်ဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ဖတ်ရှုနိုင်ပါတယ်။

7. Choose books that you enjoy reading

Busy bees will not have enough time to read books during working days. If you are thinking of reading books with peace of mind, this is the good time for you to read your favorite books, which can be novel or motivational books of your choice.

၈။ ဇာတ်ကားကောင်းလေးတွေ ရွေးချယ်ကြည့်ပါ။

အလုပ်တွေများနေတဲ့ကြားထဲက ကိုယ့်စိတ်ပျော်ရွှင်မှုကို ပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကားလေးတွေကော ကြည့်ဖြစ်ကြရဲ့လား။ တကယ်လို့ မကြည့်ဖြစ်သေးဘူးဆိုရင်တော့ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားတွေကို  ကြို ချရေးထားပြီး ဒီ ပိတ်ရက်အတွင်း မှာ ကြည့်ရှုဖို့ အကြံပေးပါရစေ။ အဆွေးကားတွေချည်းဘဲတော့ မရွေးနဲ့ပေါ့နော်။ ပိတ်ရက်မှာ စိတ်ပျော်ရွှင်စေမဲ့ ဟာသကားလေးတွေကြည့်ဖို့ တိုက်တွန်းပါရစေ။

8. List down movies to watch

Have you watched movies during your working days as relaxation? If you haven’t, list down the movies that you want to watch ahead and watch them during holidays. A little reminder here is not to choose tragedy and drama, instead watch comedy to bring happiness in your life.

၉။ ပျော်စရာ အမှတ်တရတွေဖန်တီးပါ။

ကြုံတောင့်ကြုံခဲ ရရှိထားတဲ့ ပိတ်ရက်အတောအတွင်း စိတ်ညစ်စရာတွေ မတွေးဘဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။ တစ်နှစ်တာ အတွင်း မကောင်းတဲ့အရာတွေကို ဖယ်ရှားပြီး နောက်နှစ်သစ်မှာ ပျော်စရာ အမှတ်တရတွေကို ဖန်တီးဖို့ အချိန်ယူပါလို့ပြောပါရစေ။

9. Create happy memories

Don’t think about bad things, bad memories that you have passed through in the past and live happily during holidays. Then, only good memories will be with you at the beginning of the year and happy days are ahead for you.

၁၀။ တစ်နှစ်တာအတွင်း ကိုယ့်ကို ကူညီခဲ့တဲ့သူတွေအား ကျေးဇူးတင်ကြောင်းပြောပေးပါ။

အလုပ်များနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာကော လိုအပ်တဲ့အချိန်မှာပါ ကိုယ့်ကို ကူညီပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ဖို့ မေ့ကောင်းမေ့နေနိုင်ပါတယ်။ နှစ်ဟောင်း ကုန်ဆုံးချိန် နဲ့ နှစ်သစ်ကို ကြိုဆိုချိန် အတွင်း သူတို့တွေအားလုံးကို နှစ်သစ်ဆုမွန်ကောင်းတောင်းပေးရင်း တစ်နှစ်တာအတွင်း ကူညီခဲ့သောအရာများအတွက် ထပ်မံ ကျေးဇူးတင်ကြောင်း ရေးသားကာ သူတို့ဆီ အရောက်ပို့ပေးဖို့ကိုလည်း မမေ့ပါနဲ့အုန်းနော်။

10. Be thankful

Nothing improves your mental health more than realizing all things you have grateful for it and for the people who helped you out throughout this whole year. So, send them your message as a New Year Wish together with how they are grateful for you helping during your hardest time. The warm aroma of positivity around you will improve your mental, even physical health.

အားလုံးဘဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။ အပေါ်က အချက်လေးတွေမှာလည်း ဘယ်အချက်လေး ပိတ်ရက်မှာ လုပ်ဖြစ်ကြလဲဆိုတာကိုလည်း LUSHers လေးတွေ ပြန်လည်မျှဝေပေးကြပါဦးနော်။

Hence, happy New Year everyone and we hope you all well spend your holidays well with the tips above. We will be waiting for feedback of how LUSHers spend holidays too.

Editor: Eain Chu

LUSH April 2019LUSH get fitLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Eain Chu

previous post
Artist Moe Nyo’s Journey in Art
next post
BEST FRUITS TO EAT FOR WEIGHT LOSS

Recommended

On Horseback

May 6, 2019

Useful Sports Gadgets

June 28, 2019

ကမ္ဘာတဝှမ်း ဖွံ့ဖြိုးလာတဲ့ Wellness Tourism ယဉ်ကျေးမှု

June 24, 2020

ပြည်တွင်း ပြည်ပ Zumba Instructor တွေပူးပေါင်းကျင်းပတဲ့ “လှုရင်းနဲ့ ပျော်မယ့် ပျော်ရင်းနဲ့...

July 29, 2019

Life and Nutrition

April 10, 2020

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

August 26, 2023

Keep You on Track For Better Health All...

January 22, 2019

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုနေထိုင်ကြမလဲ။

March 8, 2019

ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

June 30, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem