Tudor ရဲ့ Brand Ambassador တစ်ဦးဖြစ်သူ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ Private တွေ့ဆုံခဲ့ကြတဲ့ “An Evening with David Beckham” Event ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်၊ ကြာသပတေးနေ့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံကနေပြီး တစ်ဦးတည်းကိုယ်စားလှယ်ရထားတဲ့ Official Tudor Watch Distributor: Swiss Time Square က တာဝန်ရှိသူတွေနဲ့အတူတူ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်တို့ကလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲမှာ နာရီစုဆောင်းသူတွေ၊ သတင်းသမားတွေနဲ့ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်ရထားတဲ့ Official Tudor Watch Distributor: Swiss Time Square နဲ့အတူ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်တို့က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်တက်ရောက်ခွင့်ရခဲ့တဲ့အတွက် အထူးပင် ဝမ်းသာဂုဏ်ယူမိပါတယ်။
LUSH Magazine Myanmar အနေနဲ့လည်း အခုလို ခမ်းနားတဲ့ပွဲအခမ်းအနားမှာ မြန်မာကိုယ်စားပြု အဖွဲ့သားတွေရဲ့ Official Media Partner အနေဖြင့် ပါဝင်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။ အခုလို ထူးခြားခမ်းနားတဲ့ “An Evening with David Beckham” event ကအမှတ်တရပုံရိပ်တွေကိုလည်း စာဖတ်သူများအတွက် မျှဝေပေးလိုက်ပါတယ်။
နောက်ထပ်လည်း အခုလိုထူးခြားခမ်းနားတဲ့ event တွေ၊ အစီအစဉ်တွေနဲ့အတူ ပရိသတ်တွေရှေ့ကို ထပ်မံရောက်ရှိလာဦးမှာဖြစ်လို့ အမြဲအပြတ်စောင့်ကြည့်အားပေးကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။