New Balance Japan က “Waist to Toe” လို့နာမည်ပေးထားတဲ့ New Balance ဖိနပ်တွေနဲ့လိုက်ဖက်မယ့်ဘောင်းဘီတွေထုတ်လုပ်ထားတဲ့ collection တစ်ခုရှိပါတယ်။ အဲ့ collection ကို အားဖြည့်တဲ့အနေနဲ့ “Incomplete” လို့ အမည်ရတဲ့ top collection တစ်ခုလည်းထုတ်ထားပါသေးတယ်။ အခု New Balance Japan ကထပ်ထုတ်လိုက်တဲ့ collection ကတော့ ဂျပန် အငွေ့အသက်တွေထည့်သွင်းထားတဲ့ “Modern Classic” ဆိုတဲ့ collection ပါ။
ဒီ collection မှာ Happi coat တို့၊ jinbei suit တို့လို ဂျပန်ရိုးရာ အင်္ကျီတွေကို ရိုးရာမူလည်းမပျက်၊ ခေတ်ဆန်တဲ့အငွေ့အသက်လည်း ပါတဲ့ ဒီဇိုင်းမျိုးတွေ ထုတ်လုပ်ထားပါတယ်။ အင်္ကျီတွေနဲ့ လိုက်ဖက်မယ့် jinbei short နဲ့ ဒီဇိုင်းလေးမျိုးရနိုင်တဲ့ cropped pants တွေလည်း ပါပါသေးတယ်။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်သားမျိုးကိုသုံးထားပြီးတော့ အရောင်ကိုလည်း “Japan blue” လို့ ခေါ်ကြတဲ့ Aizome indigo အရောင်ကို သုံးထားပါတယ်။ သုံးထားတဲ့ပိတ်စရဲ့ texture က wrinkle အကြေသားဖြစ်လို့ ဝတ်တဲ့အခါမှာ တွန့်ကြေတာမျိုးမဖြစ်စေဘူးလို့လည်း အာမခံထားပါတယ်။ နောက်ပြီး shopper bag, bucket hat နဲ့ NB ခြေအိတ်တွေလည်းပါပါသေးတယ်။ ဂျပန်ရဲ့ fashion တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီ collection က လိုချင်စရာတွေဖြစ်နေမှာပါ။ ဒီ collection ကိုတော့ New balance japan website မှာ ဝယ်လို့ရနေပါပြီ။ ဆိုတော့ “Modern Classic” collection မှာ ဘာတွေပါလဲဆိုတာကိုလည်း ပုံတွေမှာကြည့်လိုက်ရအောင်။
Ref: Newbalance, Hypebeast