Air Pods နဲ့ ချိတ်ပြီး သုံးလို့ရနိုင်မယ့် Louis Vuitton ရဲ့ ear cuff အကြောင်း သတင်းတွေထွက်လာပါတယ်။ Air Pods ချည်းသပ်သပ်သုံးရတာ ညည်းငွေ့လာတဲ့သူတွေဆိုရင်တော့ ဒီ ear cuff နဲ့ ဂေါ်လို့ရပါပြီ။ ရွှေရောင်ကိုသုံးထားပြီးတော့ LV ရဲ့ monogram တွေနဲ့ အလှဆင်ထားတဲ့ ဒီ earphone earrings က မြင်လိုက်တာနဲ့ premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရစေမှာပါ။
နောက်ပြီး အရှည်မတူတဲ့ chain ကြိုးလေးတွေနဲ့လည်း အလှဆင်ထားပါသေးတယ်။ LV အနေနဲ့ ဒီ earphone earrings ကို ဈေးကွက်မှာဖြန့်မလားမဖြန့်ဘူးလားဆိုတာ မကြေညာသေးပါဘူး။ Supreme Leaks News နဲ့ DLOUISV တို့ရဲ့ Instagram မှာတော့ LV ရဲ့ earphone earrings က $350 USD မြန်မာငွေ ၅ သိန်းဝန်းကျင်လောက် ရှိမယ်လို့ တင်ထားပါတယ်။