LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYWHAT'S NEW ?

Louis Vuitton Spring-Summer 2021 Menswear collection by Virgil Abloh

written by Aung Lynn Thit October 17, 2020
Louis Vuitton Spring-Summer 2021 Menswear collection by Virgil Abloh

၂၀၂၅ ခုနှစ်မှာ အာရှတိုက်ဟာ Luxury Brand တွေရဲ့ အချက်အချာကျ၊ အရေးပါတဲ့ စျေးကွက်တစ်ခုဖြစ်လာနိုင်ပြီးတော့ တရုတ်နိုင်ငံတစ်ခုတည်းမှာတင် ရောင်းလိုအား ထက်ဝက်နီးပါး ရှိလာပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိဖောက်သည်တွေနဲ့တွေ့ဆုံဖို့ ဖက်ရှင်ဖန်တီးမှုတွေကို တောတောင်ပင်လယ်ဖြတ်ကျော်သယ်ဆောင်ခဲ့ကြပြီး ခရီးစဉ်တစ်လျှောက် မတူညီတဲ့နိုင်ငံတွေနဲ့ ကွဲပြားခြားနားတဲ့ ယဥ်ကျေးမှုတွေအကြား အပြန်အလှန်ဖလှယ်ခြင်းနဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပြီး သူ့ရဲ့ပဏာမခြေလှမ်းသစ်ဟာ (seasonless fashion) သို့ဦးတည်ပြီး ရာသီအလိုက်ဖက်ရှင်တွေလိုမျိုး ရိုးရာစဥ်းမျဥ်းတွေကို ကျော်ဖြတ်ဖို့ရည်ရွယ်ကြောင်း Virgil Abloh ကပြောပြထားပါတယ်။ Louis Vuitton Men’s Collection SS21 Fashion Show ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တို့မှာ August နဲ့ September တွေမှာ အောင်မြင်စွာပဲ ကျင်းပနိုင်ခဲ့ပါတယ်။

 

THE IDEA OF TRAVELLING SHOW FORMET

Designer Virgil Abloh ဟာ SS21 New collection menswear Shanghai Show ကို boyhood ideology theme နဲ့အတူ “The adventures of Zoooom with friends” ဆိုတဲ့ Digital Animation Short Film ကို စတင်ပြသပြီး Show ကို မိတ်ဆက်ခဲ့ပါတယ်။

 

Abloh ရဲ့ဖခင်ဖြစ်သူ ဂါနာလူမျိုးတွေရဲ့ (Ghanaian heritage) အနောက်အာဖရိကယဉ်ကျေးမှု၊ Subture၊ ပန်းပုပညာစတဲ့ အနုပညာတွေနဲ့ ရုပ်သေးဇာတ်ကောင်တွေကို ဖက်ရှင်တွေနဲ့တွဲစပ်ပြီး လေပူပေါင်းကြိုးဆွဲရုပ်တွေအနေနဲ့ ဆက်စပ်ဖန်တီးထားတာဖြစ်ပါတယ်။

ကလေးဘ၀နဲ့သက်ဆိုင်တဲ့ “Boyhood Ideology” ကာတွန်းအရုပ်တွေကို 3D ပုံစံပြုလုပ်ထားပြီး မော်ဒယ်လ်တွေရဲ့ဝတ်စုံတွေအပေါ်မှာ တပ်ဆင်ထားခဲ့ပါတယ်။ သူ့ရဲ့စိတ်ကူးကတော့ ဝတ်စုံပေါ်က အရုပ်ကလေးတွေဟာ ပြင်ပလောကကို စူးစမ်းနေတဲ့ ဖြူစင်တဲ့ကလေးတွေရဲ့ သရုပ်သဘာ၀ကိုဖော်ပြလိုခြင်းဖြစ်တယ်လို့ ပြောထားပါတယ်။

Abloh ဟာ ဒီစိတ်ကူးကို ကလေးအတွက် လက်ဆောင်အရုပ်ဝယ်တုန်းက အရိပ်ထဲမှာ အိတ်ကပ်ထဲက တိရစ္ဆာန်အရုပ်ထွက်လာတာကိုကြည့်ပြီး အဲဒီပုံရိပ်ကို ဖက်ရှင်အဖြစ်ပြောင်းလဲဖို့ စိတ်ကူးရလိုက်တယ်လို့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

 

Psychedelic Black & white checkboard pattern တွေကို အသုံးပြုထားတဲ့ အဓိကစိတ်ကူးလေးကတော့ Hypnovisualism လို့ခေါ်တဲ့ အိပ်မွေ့ချခြင်း ဆိုတဲ့အတွေးကနေ လာတာပါလို့ ဆိုပါတယ်။ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာဖြစ်လာအောင် လူသားတစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာ သနားကြင်နာတတ်မှုတရားတွေ ပိုပြီးရှိလာစေဖို့အတွက် အိပ်မွေ့ချပြီးသာ လှုံ့ဆော်နိုင်မယ်ဆိုရင်ဆိုတဲ့ စိတ်ကူးယဉ်အကြောင်းကို ဖက်ရှင်ဖန်တီးမှုသို့ အသွင်ပြောင်းပေးထားခြင်းပါ။

Two-tone color ကို အသုံးပြုထားတာကတော့ ဂျမေကာလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဘက်ဂရောင်းယဉ်ကျေးမှုအားဖြင့် ကွဲပြားခြားနားတဲ့ ဗြိတိန်လူမျိုးတွေရဲ့ ဝတ်စားဆင်ယင်မှုကို Inspired ယူထားတာပဲဖြစ်ပါတယ်။Checkboard pattern ကို surreal pattern လို့လည်း ခေါ်ကြသေးတာကို အမှတ်ရလိုက်တော့ “Hypnovisualism” နဲ့ “surrealism” ဆက်စပ်မှုရှိနေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

မတူညီတဲ့ဘောင်တွေနဲ့ပြုလုပ်ထားတဲ့နေကာမျက်မှန်တွေကိုတွေ့ရတဲ့အပြင်တခြားစိတ်ဝင်စားဖွယ်ရာ accesseries တွေကိုလဲတွေ့ရပါတယ်။

Abloh က (Upcycling Ideology) အတွက်လည်း နည်းမျိုးစုံနဲ့ဖန်တီးနိုင်ကြောင်းကို တင်ဆက်ခဲ့ပါတယ်။ SS21 Menswear Collection မှာ ဖက်ရှင် ၇၅ မျိုးပါဝင်ပြီးတော့ ၂၅ မျိုးကို ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။ ကျန်တာတွေကတော့ ဖန်တီးမှုအသစ်တွေပါ။ overstock ပစ္စည်းတွေကို ပြန်လည်အသုံးချခြင်းအားဖြင့်လည်း ပြန်လည်ပြီးအသုံးပြုနိုင်တဲ့အကြောင်း၊ အကြံဉာဏ်ဟောင်းတွေကို ပြန်လည်ပြီး အသုံးချခြင်းအားဖြင့်လည်း ပြန်လည်အသုံးပြုနိုင်ကြောင်း၊ အရင်ကကျန်ခဲ့ပြီးသက္ကရာဇ်တွေကို ပြန်လည်ပြီး မွန်းမံနိုင်တဲ့အကြောင်းနဲ့ ဖက်ရှင်ပြပွဲအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်အသုံးချနိုင်ကြောင်းကို ပြသသွားခဲ့ပါတယ်။

 

NIGO x Virgil Abloh LV² collection
ဂျပန်ဒီဇိုင်နာ NIGO နဲ့ ပူးပေါင်းဖန်တီးထားတဲ့ LV² collection ရဲ့ ဖက်ရှင် ၁၂ မျိုးကို TOKYO SS21 Menswear Show မှာပြသခဲ့ပါတယ်။ အဓိကဖက်ရှင်ကတော့ N-2B bomber jacket, a fur hoodhood & Backbacks နဲ့ cross-body bags တို့ပဲဖြစ်ပါတယ်။

 

ဆိုတော့ ဒီ Louis Vuitton Spring-Summer 2021 Menswear collection ကိုအဓိက ပုံဖော်ခဲ့တဲ့ Designer Virgil Abloh ရဲ့ Career အကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။

  • Abloh ဟာ Kanye West အတွက် Creative Director အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
  • သူ့ရဲ့ပထမဦးဆုံးတံဆိပ်ဖြစ်တဲ့ Pyrex Vision ကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
  • ၂၀၁၈ ခုနှစ်မှာ Louis Vuitton ရဲ့ Menswear Artistic Director အနေနဲ့တာဝန်ယူခဲ့ပါတယ်။
  • ပြီးတော့ သူဟာ မီလန်အခြေစိုက် Off-White ရဲ့ CEO နဲ့ Founder လည်းဖြစ်ပါတယ်။
lush fashionLUSH MagazineLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
ယ​နေ့​ခေတ်နဲ့ စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း
next post
Old But Gold

Recommended

Boost your skills with these online classes

May 30, 2020

British Billionaire James Dyson ရဲ႕ Super Penthouse

July 18, 2019

တကျော့ပြန် ရှင်သန်လာတော့မယ့် သိုးမွေးဖက်ရှင် (သို့) crochet fashion

August 28, 2020

Billboard Hot 100 Chart မှာ (၁၇) ပတ်ဆက်တိုက် နဲ့...

July 31, 2019

တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။

February 28, 2019

Super Bowl 2020 မှာ ဖျော်ဖြေခဲ့တဲ့ Shakira နဲ့ Jennifer...

February 7, 2020

ဆံပင်ကို ပန်းရောင်ဆိုးပြီး A Star is Born တစ်နှစ်ပြည့်ကို Celebrate...

October 24, 2019

DISNEY x KITH x CONVERSE

November 19, 2019

လက်လီရောင်းချမှုနှုန်းတိုးအောင် Moneyback program တစ်ခုကိုမိတ်ဆက်လိုက်တဲ့ AS Watson

August 4, 2020

Cocktail Dress – Fashion Vocabulary

September 19, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem